Thursday, May 1, 2014

ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မျှော်ကြည့်ခြင်


ရီးရဲလ်နဲ့ အက်သလက်တီကိုတို့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့က ဘင်ဖီကာအသင်း အိမ်ကွင်း ဒါလက်ဇ်(၀င်ဆံ့ ပရိသတ် ၆၅၆၄၇ဦး)မှာ မေ ၂၅ရက်

မြန်မာစံတော်ချိန် နံနက်(၁း၁၅)အချိန် ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါဟာ ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် All Spanish Final ဖြစ်ပြီး ပထမအကြိမ်ကတော့ ၁၉၉၉-၀၀ ရာသီတုန်းက ဗလင်စီယာနဲ့ ရီးရဲလ်တို့ ကစားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ မြို့တစ်မြို့တည်းက အသင်းနှစ်သင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ဆုံတာ ပထမဆုံး အကြိမ်ဖြစ်ပြီး မက်ဒရစ်မြို့က အသင်းနှစ်သင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပြန်တွေ့နေတာဖြစ်ပါတယ်။ ဥရောပဖလား(၉)ကြိမ် ဗိုလ်စွဲခဲ့ဖူးတဲ့ ရီးရဲလ်အတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲ(၁၃)ကြိမ် တက်ရောက်နိုင်တာဖြစ်ပြီး အက်သလက်တီကိုကတော့ နောက်ဆုံး (၅)နှစ်အတွင်း ဥရောပပြိုင်ပွဲ (ယူရိုပါလိဂ် ဗိုလ်လုပွဲ နှစ်ကြိမ်) ဗိုလ်လုပွဲ(၃)ကြိမ် တက်ရောက်နိုင်ခြင်းပါပဲ။ အက်သလက်တီကိုဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။
အက်သလက်တီကိုနဲ့ ရီးရဲလ်ဟာ ဒီရာသီမှာ (၄)ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကတော့ သူတို့နှစ်သင်းရဲ့ ပဉ္စမမြောက် တွေ့ဆုံမှုဖြစ်လာပါတယ်။ အက်သလက်တီကိုက လာလီဂါပွဲစဉ်မှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ရယူနိုင်ခဲ့ပေမယ့် စပိန်ဘုရင့်ဖလားပွဲစဉ်မှာတော့ ရီးရဲလ်က နှစ်ပွဲစလုံးအနိုင်ရခဲ့ပါတယ်။
@z (ရိုးရာလေး)

0 comments:

Post a Comment