Saturday, May 3, 2014

တောင်သာမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်


တောင်သာမြို့နယ် ခြုံကြီးကျေးရွာတွင် မေ ၂ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ က မိုးသက်လေပြင်းများတိုက်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်တစ်ဆောင် ပြိုလဲခဲ့ပြီး အိမ်ခေါင်မိုးများပျက်စီးခြင်း၊သစ်ပင်သစ်ကိုင်းများ
လဲကျခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ခြုံကြီးကျေးရွာ ကျောင်းသစ်ကျောင်းတိုက်၌ သက်တမ်း ၇၀ ခန့်ရှိ ခုနစ်ပင် ငါးပင် နှစ်ထပ် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းကျောင်းဆောင်တစ်ဆောင် ပြိုလဲခဲ့ကြောင်း သိရသည်။ တိုက်ခတ်ချိန်မှာ ၁၀ မိနစ်ခန့်သာကြာပြီး လူနေအိမ်များ အနည်းငယ်ပျက်စီးခြင်း၊ သစ်ပင်ပြိုလဲခြင်းများ ဖြစ်ပေါ် ခဲ့သော်လည်း လူနှင့်တိရစ္ဆာ န် သေဆုံးမှုမရှိကြောင်း သိရသည်။

MOI Webportal Myanmar

0 comments:

Post a Comment