Saturday, May 3, 2014

ရေချိုငါးပြတိုက်အား နိုင်ငံတကာငါးပြတိုက်အဖြစ် မြင်တွေ့ရတော့မည်


မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေချိုငါးပြတိုက်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်မည်ဖြစ်ပြီး ကမ္ဘာ့အဆင့်မီ ရေအောက်ငါးကမ္ဘာပြခန်းများပါ ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ကြောင်း
ပြန်လည်တည်ဆောက် မှုဆိုင်ရာ လုပ်ငန်းလုပ်ပိုင်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီမှ သိရသည်။

“ပြုပြင်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် အချိန်ကာလ တစ်နှစ်ခွဲနီးပါး ကြာမြင့်မှာဖြစ် ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဌာနဆိုင်ရာက တာဝန်ရှိသူတွေကို တင်ပြထားပြီး တည်ဆောက်ရေး စီမံကိန်းတွေ စတင်တော့မှာပါ။ နိုင်ငံတကာမှာရှိတဲ့ ငါးပြတိုက်တွေလို အဆင့်မြှင့်တင် ဆောင်ရွက်မှာဖြစ်ပြီး ရေချိုရေငန် ငါးသယံဇာတတွေအားလုံးကို တစ်နေရာတည်းမှာ တွေ့မြင်လေ့လာ နိုင်စေမယ့်အပြင် ပြည်သူတွေ ဗဟုသုတလည်းရရှိစေဖို့နဲ့ စိတ်အပန်းပြေ စေဖို့နေရာတစ်ခုအဖြစ် ပုံဖော်သွား မှာဖြစ်ပါတယ်”ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းကုမ္ပဏီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တင်ဒါခေါ်ယူခဲ့သည့် အဆိုပါ ရေချိုငါးပြတိုက်အား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းများ စတင်ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့ ကန်တော်ကြီးရှိ ရေချိုငါးပြတိုက်အား မေလမှစတင်ကာ လုပ်ငန်း ဆောင်ရွက်မှုများအတွက် ပြတိုက်ကိုပိတ်ထားရမည် ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

0 comments:

Post a Comment