Monday, October 13, 2014

လူကြိုက်များလာသော ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း


ငှက်ပျောသီးဖြင့် ၀ိတ်ချနည်းဟာ အခုဆိုရင် ကမ္ဘာမှာလူကြိုက်များလာသည့် ၀ိတ်ချနည်းတစ်နည်း ဖြစ်လာပါပြီ။ဒီနည်းကို စတင်တွေ့ရှိခဲ့သူကတော့ ဂျပန်နိုင်ငံမှ Hitoshi Watanabe ဆိုသူ ဖြစ်ပါတယ်။

ဒီဝိတ်ချနည်းကို ယခုဆိုလျှင် အရှေ့တိုင်း၊ အနောက်တိုင်းမှလူအများအပြားလက်တွေ့စမ်းသပ်ပြီး တကယ်ထိရောက်မှုရှိလာသည့်အတွက် ကိုရီးယားမင်းသမီးများဟာလည်း ဒီနည်းကိုအသုံးပြုနေကြပြီလို့ ကြားသိရပါတယ်။ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း

၁။ နံနက်စာကို ငှက်ပျောသီး (၂ ) လုံးသာ စားပြီး ရေ (၂) ခွက်သာက်ပါ။

၂။ နေ့လည်စာကို ပုံမှန်အတိုင်း ထမင်း၊ ဟင်းတို့ကို စားနိုင်ပါတယ်။ အဆီအဆိမ့်များတဲ့ အစာများကိုတော့ ရှောင်ပါ။

၃။ ညစာကိုတော့ ထမင်းဟင်းမစားပဲ သစ်သီးများနဲ့ ဟင်းသီးဟင်းရွတ်အချို့ကိုသာ စားပါ။ ည ၈ နာရီမတိုင်ခင် စားပါ။

ဒီဝိတ်ချနည်းဟာ ရိုးရှင်းလွယ်ကူပြီး ပင်ပင်ပန်းပန်းအားကစားလည်း မလုပ်ရပဲငှက်ပျောသီးမှာပါဝင်တဲ့ အင်ဇိုင်းဓါတ်တစ်မျိုးဟာ အဆီများကို စုပ်ယူပြီး အစာချေဖျက်မှုကိုလည်း ပိုမိုကောင်းစေကာ အာဟာရပြည့်ဝသည့်အတွက်ထမင်းဆာသည့် အဆာကိုလည်း ထိန်းပေးတယ်လို့ လေ့လာတွေ့ရှိထားကြပါတယ်။

ဆောင်းပါးရှင် = ဦးနေဆိုင် (ပူတာအို)
ကိုးကား ။ ။ Banana is the best menu for diet.Banana Diet Story.

Shape Entertainment Journal

0 comments:

Post a Comment