Wednesday, October 22, 2014

အပေးအကမ်းရက်ရောသော အလုပ်ရှင်က အလုပ်သမားများအား အဖိုးတန်ပစ္စည်းများပေး


အိန္ဒိယအနောက်ပိုင်းရှိ အပေး အကမ်းရက်ရောသော အလုပ်ရှင် တစ်ဦးက သူ၏အလုပ်သမား ၁၂ဝဝ တို့အား ကားသစ်များ၊ အိမ်ခန်းများ အတွက် စပေါ်ငွေများနှင့် အမေရိ ကန်ဒေါ်လာ ထောင်ချီ၍တန်ဖိုးရှိ သော စိန်လက်ဝတ်ရတနာများကို သစ္စာစောင့်သိမှုဆုအဖြစ် ပေးသည် ဟုသိရသည်။ဆူရတ်မြို့ကြီးမှ စိန်ကုန်သည် ကြီးသည် အောက်တိုဘာ ၁၉ရက် ၌ ပြုလုပ်သည့် ဆုပေးပွဲအခမ်းအ နားတွင် အလုပ်သမားများအား လက်ဆောင်ပစ္စည်းဗုံးပေါလအော ပေးလိုက်သည်။

အဓိကဟိန္ဒူပွဲ တော်ဒီပါဝလီမတိုင်မီယင်းသို့ဆု လက်ဆောင်များပေးခြင်းဖြစ်သည်။

အလုပ်သမားများကိုသာမက အလုပ်သမားများ၏ ဇနီးမယားများ ကိုလည်း လက်ဆောင်ပေးသည်။ Savjibhai Dholakia ၏ ကုမ္ပဏီ အပေါ်သစ္စာစောင့်သိမှုအစီအစဉ် အရ တန်ဖိုးစုစုပေါင်း ရူပီးသန်း၅ဝဝ (အမေရိကန်ဒေါ်လာ ၁၅သန်း)ဖိုး ဆုလက်ဆောင်ပေးသည်။

အထက် ပါအလုပ်သမားများအား ဆုလက် ဆောင်ပေးခြင်းမှာ ထိုအစီအစဉ်၏ အစိတ်အပိုင်းဖြစ်သည်။

''လွန်ခဲ့တဲ့နှစ်တွေမှာ ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ် လုပ်ခဲ့ကြတဲ့ အလုပ်သမားတွေကို ကျွန်တော်တို့ဆုပေးတာ ဖြစ်ပါတယ်'' ဟု Dholakia က AFP သို့အောက်တို ဘာ ၂ဝရက်၌ ပြောပြသည်။

Dholakia သည်ဟရီခရိရှ်နာပို့ကုန် လုပ်ငန်း ဥက္ကဋ္ဌဖြစ်သည်။

''သူတို့ အလုပ်သမားတွေဟာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့ရဲ့ မိသားစုဘဝကို စတေးခဲ့ ကြတယ်။ ဒါကြောင့် သူတို့ဆုရထိုက် ကြတယ်''ဟု Dholakia ကဆူရတ် မှပြောကြားလိုက်သည်။

ဆူရတ်သည် စိန်အရောင်တင် လုပ်ငန်းနှင့် စိန်များကို ပြည်ပသို့ တင်ပို့ရောင်းချသည့် အချက်အချာ အရပ်ဖြစ်သည်။


Ref: AFP
‪‎Democracytoday‬

0 comments:

Post a Comment