Saturday, October 11, 2014

ယူနတီသတင်းထောက်လေးဦး ပြစ်ဒဏ်မှ လွှတ်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားမည်


ယူနတီဂျာနယ်မှ သ တင်းထောက်လေးဦးကို ပြစ်ဒဏ်မှ လွှတ်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လာ မည့် တနင်္လာနေ့ (အောက်တိုဘာ ၁၃ ရက်)
တွင် ပြင်ဆင်မှုလျှောက် ထားမည်ဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေဦးရောဘတ်စန်းအောင်က ပြောသည်။
‘‘သူတို့အတွက် တရားမျှတ မှုအပြည့်အ၀ရမယ်လို့ မျှော်လင့် လို့၊ ယုံကြည်လို့ အယူခံဝင်တာ’’ ဟု တရားလွှတ်တော်ရှေ့နေက ပြောသည်။
နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေဖြင့် တရားစွဲ ဆိုခံခဲ့ရသော ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ်ဦးတင့် ဆန်းနှင့် သတင်းထောက်လေးဦး ကို ပြစ်မှုကျူးလွန်ကြောင်း ထင် ရှားသည်ဟုဆိုကာ ပခုက္ကူခရိုင် တရားသူကြီးက ဇူလိုင်လအတွင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြစ်ဒဏ်ကို မကွေး တိုင်းဒေသကြီး တရားလွှတ်တော် တွင် အယူခံဝင်ခဲ့ရာ အောက်တို ဘာ ၂ ရက်၌ မူလပြစ်ဒဏ် ထောင် ၁၀ နှစ်မှ သုံးနှစ်လျှော့ပြီး ထောင် ခုနစ်နှစ် ပြင်ဆင်အမိန့်ချ ခဲ့ခြင်းဖြစ်သည်။
‘‘မကွေးတရားလွှတ်တော် မှာ တရားမျှတမှုအပြည့်အ၀ရ လေမလားဆိုပြီး အယူခံဝင်ခဲ့ တယ်။ ဒါပေမဲ့ ထောင်သုံးနှစ်ပဲ လျှော့ပေးတယ်။ အဲဒါကြောင့် နေပြည်တော်အထိ တက်မှာ’’ဟု တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်က ပြောသည်။
နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံသို့ ပြင်ဆင်မှုလျှောက်ထားရာတွင် သတင်း ထောက်လေးဦးအတွက်သီးသန့် လျှောက်ထားရမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေဦးရော ဘတ်စန်းအောင်က ပြောသည်။
ပေါက်မြို့ အမှတ် (၂၄) ကာ ကွယ်ရေးပစ္စည်းစက်ရုံကို ဓာတုလက်နက်စက်ရုံဟု ဖော်ပြခဲ့သ ဖြင့် ကို လူမော်နိုင်၊ ကိုစည်သူစိုး၊ ကိုပိုင်သက်ကျော်အပါအ၀င် သတင်း ထောက်လေးဦးနှင့် ဂျာနယ်စီအီး အို ဦးတင့်ဆန်းတို့ကို စက်ရုံမှ ဒု တိယဗိုလ်မှူးကြီး ကျော်ကျော်ဦး က တရားလိုပြု၍ ပခုက္ကူခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
By 7day

0 comments:

Post a Comment