ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် လူသတ်မှုဖြင့် ဖမ်းဆီးခံရထားသူ နှစ်ဦး၏ မြန်မာရှေ့နေများက ယင်းအမှုတွင် ဗြိတိန်ရဲများက ဒီအင်န်အေစစ်ဆေးပေးရန်
ထိုင်းအမျိုးသားလူ့အခွင့်အရေး ကော်မရှင်(NHRC) နှင့် မြန်မာသံရုံးသို့ တောင်းဆိုထားကြောင်း သိရသည်။
အောင်လင်းဇော်နှင့် ၀င်းဇော်ထွန်းတို့သည် အပြစ်ကျူးလွန်ကြောင်း ရဲများထံ ကနဦးဝန်ခံခဲ့မှုများကို ပြန်လည်ရုပ်သိမ်းထားကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် အပြစ်မရှိကြောင်း သက်သေပြနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ရှေ့နေများက ပြောကြားသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ သန့်ရှင်းမျှတစွာ စစ်ဆေးပေးရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်စဉ် သမ္မတဦးသိန်းစိန်က တောင်းဆိုခဲ့ သည်။
စက်တင်ဘာ ၁၅ ရက်က လိပ်ကျွန်း၌ အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာနှင့် ၂၃ နှစ်အရွယ် ၀စ်သာရစ်ခ်ျတို့ အသတ်ခံရမှုတွင် မြန်မာနှစ်ဦးသည် တရားခံအဖြစ် ဆွဲထည့်ခံရသူများဖြစ်ကြောင်း လူမှုမီဒီယာများတွင် ကန့်ကွက်သူအများအပြား ရှိခဲ့သည်။
ယင်းအမှုတွင် လုပ်ကြံဖမ်းဆီးမှုမရှိကြောင်း ရဲချုပ်ဆွန်ယော့ပွန်ပန်မောင်က ထပ်ခါတစ်လဲလဲ ခုခံပြော ကြားထားသည်။
Credit to mizzima
0 comments:
Post a Comment