Wednesday, October 22, 2014

မာလာလာ US Liberty Medal ဆု ချီးမြှင့်ခံရ

အသက်ငယ်ဆုံးငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တစ်ဦးဖြစ်ပြီး ကလေးသူငယ်အခွင့်ရေးအတွက် တက်ကြွစွာလှုပ်ရှားသူ မာလာလာရူးဆက်ဖ်ဇာရီသည် US Liberty Medal ဆုတံဆိပ်ကို လက်ခံရရှိခဲ့သည့်အတွက် ၎င်း၏မွေးရပ်မြေ ပါကစ္စတန်နိုင်ငံတွင် ပညာရေးလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ သုံးစွဲသွားမည်ဟု ကတိပြုခဲ့သည်။


(ဓာတ်ပုံ - အေအက်ဖ်ပီ)

မာလာလာအနေဖြင့် အခြေခံလူ့အခွင့်ရေးနှင့် လွတ်လပ်ရေးတို့ကို ခွင့်မပြုနိုင်သူများအား ရဲရဲရင့်ရင့် ပြောဆိုသူတစ်ဦးဖြစ်ပြီး အခက်ခဲများကို ရင်ဆိုင်ကြုံတွေရသည့်အချိန်တွင်လည်း သတ္တိရှိမှု၊ ကြံ့ကြံ့ခံနိုင်မှုတို့ကြောင့် ယခုကဲ့သို့ ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာစင်တာ (NCC) က ထုတ်ပြန်ခဲ့သည်။ကလေးငယ် ၅၇ သန်း ကျောင်းများတွင်ပညာသင်ကြားခွင့် ရခြင်းကို တွေ့မြင်လိုကြောင်း အသက် ၁၇ နှစ်အရွယ် မာလာလာက ပြောကြားခဲ့သည်။

"ကျွန်မအနေနဲ့ ဒီဆုကို ရရှိခဲ့တဲ့အတွက်ဂုဏ်ယူမိပါတယ်။ ကျွန်မအနေနဲ့ ကလေးသူငယ်အခွင့်အရေးနဲ့ သူတို့ရဲ့ ပညာရေးအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့အတွက် ဒီဆုက အားအင်သစ်တွေဖြစ်ပေါ်စေပါတယ်။ အခုရတဲ့ ဆုငွေတွေကို ပါကစ္စတန်မှာ ပညာရေးအတွက်
သုံးစွဲသွားမှာ"ဟု ၎င်းက ပြောကြားခဲ့သည်။

လက်နက်များအတွက် ငွေကြေးသုံးစွဲမအစား ကလေးသူငယ်များ၏အနာဂတ်အတွက် ငွေကြေးများကို ရင်းနှီးမြှပ်နှံကြရန် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများကိုမာလာလာက တောင်းဆိုခဲ့သည်


Mizzima

0 comments:

Post a Comment