Monday, May 11, 2015

ဂိုးရရှိရေးသာ ကြိုးစားပါက ဘာကာပညာပေးသွားလိမ့်မည်ဟု ဂွါဒီယိုလာပြော


ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲဒုတိယအကျော့ ဘာစီ လိုနာနှင့် တွေ့ဆုံချိန်တွင် မိမိတို့အသင်းက ဂိုးရရှိရေးသာ ကြိုးစား နေပါက ဘာစီလိုနာအသင်းက ပညာပေးသွားလိမ့်မည်ဖြစ် ကြောင်း ဘိုင်ယန်အသင်း နည်းပြဂွါဒီယိုလာက သတိပေးပြော ကြားလိုက်သည်။ဘိုင်ယန်မှာ ပြီးခဲ့သည့် သီ တင်းပတ်ပထမအကျော့ပွဲစဉ် တွင် သုံးဂိုးပြတ်ရှုံးနိမ့်ထားပြီး ယခု ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်၌ ချေပဂိုးများ သွင်းယူကာ မက်ဆီ ဦးဆောင်သော ကမ္ဘာ့အကောင်း ဆုံးတိုက်စစ်ကို ထိန်းချုပ်ရမည် ဖြစ်သည်။

‘‘ကျွန်တော်တို့ ဂိုးသွင်းဖို့ပဲ အာရုံစိုက်နေမယ်ဆိုရင် ပြီးခဲ့တဲ့ နှစ် အကြိုဗိုလ်လုပွဲအဆုံးအဖြတ် ပွဲမှာ မက်ဒရစ်ကို ရှုံးခဲ့သလို ရှုံးနိမ့်ပါလိမ့်မယ်’’ဟု ဘာစီလိုနာနည်း ပြဟောင်း ဂွါဒီယိုလာကပြော သည်။

‘‘ကျွန်တော်တို့တည်တည် ငြိမ်ငြိမ်နဲ့ ကိုယ်ကစားနေကျအ တိုင်း ကစားပြီး ဘာဖြစ်လာမလဲ စောင့်ကြည့်ရမယ်’’ဟု ၎င်းက ပြောသည်။ ယမန်နှစ် ချန်ပီယံလိဂ်ပထ မအကျော့တွင် ရီးရဲလ်ကွင်း၌ တစ်ဂိုး၊ ဂိုးမရှိသာ ရှုံးထားသော် လည်း ဒုတိယအကျော့အိမ်ကွင်း တွင် ဘိုင်ယန်မှာ ၄-၀ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်။

ထိုအတောအတွင်း ဘာစီလိုနာကို ကျော်လွှားနိုင်ရန် အစီအ စဉ်တစ်ရပ်ချမှတ်ထားပြီး ယင်း အစီအစဉ်မှာ ခပ်တုံးတုံးအစီ အစဉ်မဟုတ်ဟု ဘိုင်ယန်တိုက် စစ်မှူး သောမတ်စ်မူလာက ပြော သည်။ အကယ်၍သာ ဘာကာကိုမိမိတို့ ကျော်ဖြတ်နိုင်ခဲ့ပါက ဘောလုံးလောကကို ထိတ်လန့်သွားစေလိမ့်မည်ဟု ၎င်းကဆက်လက် ပြောသည်။ 

 Ref:AP/Goal
7Day Daily

0 comments:

Post a Comment