Sunday, September 20, 2015

မမြန် တမြန် အမြန်လမ်း


မြန်မာနိုင်ငံတွင်ရေကြီးသဖြင့် စင်ကာပူနိုင်ငံမှ ပရဟိတ ပြန်လာလုပ်သော စင်ကာပူရောက်လူငယ် တစ်ယောက်နေပြည်တော် အေ ဝးပြေးလမ်းမပေါ်တွင် ကားတိုက် သေဆုံးပြန်သဖြင့် နေပြည်တော်လမ်းမ အကြောင်းမရေးဘဲ မနေနိုင်တော့။ နေပြည်တော် အဝေးပြေး လမ်းမသည် ကားတိုက်မှု၊ ကားမှောက်မှုများဖြင့် နာမည်ကြီးလှသဖြင့်“သေမင်းတမန်လမ်းမကြီး” ဟုပင် အမည်တွင်နေပြီ။စာရေးသူအမြင်မှာ ယခုအ မြန်လမ်းသည် အမြန်လမ်းဟုတ်သလိုလို၊ မဟုတ်သလိုလို။ ထို့ ကြောင့်“မမြန် တမြန် အမြန်လမ်း” ဟု အမည် တပ်ချင်သည်။ လမ်း ကအမြန်လမ်းသို့မဟုတ် အမြန် လမ်းဟုခေါ်သောလမ်း။ သို့သော် လမ်းက အမြန်လမ်းအဆင့်မ ရောက်။ ကားနှင့် လူတို့က အမြန်လမ်းသဘောထားပြီး အမြန်လမ်း အရှိန်ဖြင့် မောင်းကြသည်။ တဖန် ကားနှင့်လူတို့သည် အမြန်လမ်းပေါ် တွင် မောင်းရ မည့်ကားနှင့် လူတို့၏ ပြင်ဆင်မှုမျိုးမရှိ။ အချက်သုံးချက်ကို ဆွေးနွေး ချင်သည်။ လမ်း၊ လူ၊ ကား။

လမ်း

အမြန်လမ်းသည် လမ်းတည်ဆောက်ပုံများအရ အမြန်လမ်းအဆင့်မရောက်သေး။ နယ်ပယ်တိုင်းတွင် ခြစားသည့် မြန်မာနိုင်ငံ သဘော အရ လမ်းမကြီးသည် ပြည် သူ့ဘဏ္ဍာမည်မျှ သုံးထားသုံးထား ခုတ်ထစ်လှီးဖြတ်ထားသည်များရှိမည်။ သို့သော် မြန်မာနိုင်ငံ စံ နှင့်ကြည့် လျှင် မညံ့လှသောလမ်း။အနည်းဆုံး ရန်ကုန်မြို့တွင်း လမ်း များထက်သာသည်။ အပေါက်အ ပြဲမရှိလှ။ လမ်းသည် ဖြောင့်လွန်းသဖြင့် ပျင်း လွယ်သည်။ ငိုက်လွယ်သည်။ လမ်းဘေးရှုခင်းသည် အပြောင်းအ လဲမရှိ၊ တစ်သမတ်တည်း ဖြစ်သည့် အတွက် အာရုံညောင်းပြီးငိုက်မျည်း လွယ်သည်။ ရှုခင်းအပြောင်းအလဲ များထားပေးနိုင်လျှင် စိတ်အ ပြောင်းအလဲဖြစ်မည်။ ကိုယ်တိုင် အတွေ့အကြုံအရ အမြန်နှုန်း တိုင်းသော စက်များအနား ရောက် လျှင် အရှိန်လျော့သွားပြီးနောက် လေးငါးမိနစ်အထိ ထိန်းမောင်းမိ သည်။ သို့မဟုတ် ကျောက်တိုင်ကဲ့ သို့ landmark များ။ လူအများလာ လည်လောက်သော landmark မျိုးမူမလုပ်သင့်။ ရွာနီးချုပ်စပ်မှ လာလည်ကြ လျှင် ဆေး အ တွက် လေးမည်။ လမ်းတစ်လျှောက် အတိုက်အခိုက် ဖြစ်တတ်သောနေရာများကို သုတေသန ပြုထားသင့်သည်။ တိုက်သွားသော ကား ပုံ များ၊ တတ်နိုင်လျှင် တိုက်သွားသော ကားအစစ်များကို စင်ပေါ်တင်ပြီး ပြသထားသင့်သည်။ အကွေ့များ၊ လမ်းဆုံများ၊ အတိုက် အခိုက် များ သော နေရာများတွင် သတိပေးဆိုင်းဘုတ်များ၊ နီယွန်ဆိုင်းဘုတ် များထားသင့်သည်။ ကားသမားများအနက် အင်္ဂလိပ်စကားကို သာ သုံးသော ကားသမားသည်ရှိလျှင်ပင် အတော် ရှားမည်ဖြစ်သည့်အတွက် အင်္ဂလိပ်ဘာသာဖြင့် ဋ္ဌာန်ကရိုဏ်းမကျသော ဆိုင်းဘုတ်များ ထားမည့် အ စား မြန်မာဘာသာဖြင့် ထိရောက် သောဆိုင်းဘုတ် များထားသင့် သည်။ လမ်းအခြေအနေသည် သက် ဆိုင်ရာများပေါ် တွင် သာ မူတည်သည်။ အောက်တွင် ဖော်ပြမည့် လူနှင့် ကားတို့မှာမူ ခရီးသွားမည့်သူက ပြုပြင်နိုင်စွမ်းရှိသည်။

လူ

ကားမောင်းသူသည် အိပ်ရေးဝဝ အိပ်ထားပြီးလန်းဆန်းနေရမည်။ စိတ်လောကြီးနေသော သူမမောင်းရပါ။ ကျွမ်းကျွမ်းကျင်ကျင် မောင်း တတ်သူသာ မောင်းသင့်သည်။ သို့သော် ကားမောင်းကျွမ်းကျင်လျှင် လည်းပေါ့ဆတတ်သည်။ ထိုလမ်းကိုပင် မကြာခဏ မောင်းနှင်နေ သူတို့သည် ပျင်းရိလွယ်သည်။ တစ်နာရီခွဲ၊ နှစ်နာရီလောက် မောင်းပြီးလျှင် ခဏနား။ သို့ မဟုတ် လူလဲမောင်း။ အစားအသောက်ကိစ္စ။ ကားမောင်းမည့်သူသည် လမ်းတွင် ထမင်းစားသည့်အခါနှင့် အိမ်မှ စားလာသည့်အခါတွင် ဗိုက်လေးအောင် မစားသင့်။ ကိုယ်ပုံ မှန်စား နေကျကို မှန်းကြည့်ပြီး ထိုစားနေကျ၏ သုံးပုံနှစ်ပုံသာစားပါ။ အရက်၊ ဘီယာမသောက် သင့်။ အချို့က မငိုက်အောင် ကွမ်း စားကြ သည်။ သို့သော် မှောက် သော ကားသမားများတွင် ကွမ်း စားသူများလည်း ပါကြမည်သာ။ သေချာသည်မှာ တစ်ယောက် တည်း မမောင်း သင့်။ ကြာလျှင် ငိုက်မည်။ အရှိန်များသည့်အတွက် စက္ကန့်ဝက်လောက် ငိုက်ရုံနှင့် လမ်းဘေးရောက်သွားမည်။ လူဆို ရာတွင် ဘေး ကလူ လည်း အရေး ကြီးသည်။ စာရေးသူ အတွေ့အ ကြုံအရ ဘေးကလူသည် လုပ်စရာ မရှိသဖြင့် အရင်ငိုက်တတ်သည်။ ငိုက်ခြင်းသည် ကူး စက်တတ်သည် ဖြစ်ရာဘေးကလူငိုက်လျှင် ကား မောင်းသူလည်း လိုက်ငိုက်တတ် သည်။ အော်တိုဂီယာကားများ ဖြစ် လာ သဖြင့် ခြေေ ထာက်တစ် ဖက်သာ သုံးရတော့ရာသုံးရသော ကိုယ်အင်္ဂါနည်းလာသဖြင့် ပိုငိုက် လွယ်သည်။ သက်သောင့်သက်သာ ရှိစေ မည့် အဝတ် အစားဝတ်ပါ။ ချော်တတ်သောဖိနပ် မစီးပါနှင့်။ တတ်နိုင်လျှင် ညမမောင်းပါ နှင့် နေ့တွင်မောင်းပါ။ ညမောင်းလျှင် အမြင်အာရုံကျသည်။

Prado, Pajero, RAV4 paom SUV များ မောင်းလျှင် သတိထား။ SUV တို့သည်ဝပ်သော ဆလွန်းကားများထက် စာလျှင် မှောက်လွယ်သည်။ SUV တို့ကို ကြိုက်တတ်ကြရာ သတိပိုထားသင့်သည်။ ပြတင်းမှန်များ ပိတ်ထားသင့်သည်။ လေပြင်းပြင်း အ တိုက် ခံရခြင်း၊ အသံဆူခြင်းတို့ကြောင့် ကြာလျှင် လူပင်ပန်းလာသည်။ လမ်းပေါ်မှ ကျောက်ခဲလာစင်နိုင်သည်။ မှန်ပိတ်ထားလျှင် ကားလေ ခွဲအားလည်း ပိုကောင်းသည်။Air-Con ဖွင့်လျှင် Fresh Air Mode ဖွင့်သင့်သည်။ Fresh Air မဖွင့်ချင်လျှင် အနည်းဆုံးတစ်နာရီတစ်ခါ Fresh Air လုပ်သင့်သည်။ ကားထဲတွင် အောက်ဆီဂျင်နည်းသွားလျှင် အာရုံစိုက်နိုင်စွမ်းကျဆင်းသည်။ ရွာနှင့်နီးလျှင်ဆိုင်ကယ်၊ စက်ဘီး၊ လူ၊ နွား၊ကျွဲတို့ ထွက်လာတတ်သည် ကိုမျှော်လင့်ထားရမည်။ နွား၊ ကျွဲတို့ ဖြတ်ကူးနေချိန်တွင် ရပ်ထား၊ သို့မဟုတ် သူတို့ နောက်ပိုင်းက သွားသင့်သည်။ မြို့ထဲမောင်းလျှင် သတိထားရမည့်အရာများကို အမြန်လမ်းတွင် ပိုလိုက်နာရမည်။ အကွေ့များတွင် ကျော်မတက်ရန်၊ လက်နှစ်ဖက်နှင့် မောင်းရန်၊ လမ်းပေါ်တွင် ရှိတတ် သောကျောက်ခဲ များသတိထားရန်။ကျော်ချင်သောကားကို ပေးသာ ကျော်လိုက်ပါ။ ကိုယ့် မာနကို ထိ ခိုက်မည်စသည် မစဉ်းစားနှင့် အ သက်ကအရေးကြီးသည်။ သီချင်းသံ ဆူညံနေအောင်မဖွင့်နှင့်။ လေးစက္ကန့် ဥပဒေ သကို လိုက်နာပါ။ ရှေ့ကားရှိခဲ့သောနေရာကို ကိုယ် က လေးစက္ကန့်နှင့် ရောက်လျှင် နီးလွန်းသည်။သူထိုးရပ်လျှင် ကိုယ့်ကားက ဝင် တိုက် ကို တိုက်မည်။ ထိုအခါနည်းနည်းခွာပြီးမောင်းပါ။ ရာသီဥတုနှင့် ပတ်ဝန်းကျင် အခြေအနေသည် လမ်းပေါ်တွင် ကြီးမားစွာ သက်ရောက် သဖြင့် လမ်းခေါင်းစဉ်အောက်တွင် ထည့် သွင်းနိုင်သော်လည်း ”ကားမောင်း သူ”နှင့် ဆိုင်သဖြင့် ”လူ”ခေါင်း စဉ်အောက်တွင် ထည့် သွင်းလိုက်သည်။ မိုးရွာလျှင် လမ်းချော်သည်။ ကားမောင်းသူ၏ မြင်နိုင်စွမ်းအား ကျသည်။ မိုးရွာလျှင် သတိထားပြီး အရှိန်လျှော့ေ မာင်း ရမည်။

ကား

ကားသည် အဝေးပြေးလမ်းထွက်ရန် အဆင်သင့်ဖြစ်ရမည်။ ကားသည် အဝေးပြေးအမြန်လမ်းမပေါ်တွင် ကီလို ၁ဝဝ နှုန်းခန့်ဖြင့် ငါးနာ ရီ၊ ခြောက်နာရီပြေးနိုင်ခြင်းရှိ၊ မရှိ စိစစ်ပြင်ဆင်သင့်သည်။ ကားတာယာ၊ ဘရိတ်တို့ အရေးကြီးသည်။ ဟွန်း၊ alignment ။ ညမောင်း မည်ဆိုလျှင် မီးလုံးတို့အား ကောင်းမကောင်း။ စသည်တို့ကို စိတ်ချရသော ကားဝပ်ရှော့တစ်ခုသွားပြီး အဝေးပြေးခရီးထွက် မည် ပြောပြ ကာစစ်ရမည်။ ခါးပတ်ကောင်းမကောင်း ကြည့်ရမည်။ လူ၊ ပစ္စည်းအပြည့်အသိပ် မတင်ပါနှင့်။ အလေးချိန်ပိုများ လေလေဘရိတ်နင်းလျှင် ကားရပ်ဖို့ အချိန်ကြာလေလေ။ ကားကြမ်းပြင်ပေါ်တွင် ရေပု လင်းများမရှိအောင် သတိထားပါ။ အရေးအကြောင်း ဘရိတ်နင်း လျှင် ရေပု လင်းကို နင်းမိတတ်သည်။ဘရိတ်အောက်တွင် ပုလင်းရောက်နေလျှင် ဘရိတ်အုပ်မရပြီ။ အထက်ပါလမ်း၊ လူ၊ ကား တို့ကို ဖြည့် ဆည်း သတိထားနိုင်လျှင် အမြန်လမ်းသည် တကယ့်အမြန်လမ်းဖြစ်လာမည်။ သို့သော် “မမြန်တမြန် အမြန်လမ်း”သည် အန္တရာယ်ကြီးသည်။

ဇေယျသူ
Popular News Journal

0 comments:

Post a Comment