Sunday, September 20, 2015

မိမိကိုယ်ကိုမိမိ ဘာကြောင့် ခွင့်လွတ်သင့်လဲဆိုတာ


ဘဝမှာ ကျွန်ုပ်တို့တစ်ဦးချင်းစီဟာ အမှားတွေ လုပ်ဖူးခဲ့ကြတယ်။ တချို့က မိမိအမှားကနေ သင်ခန်းစာ ယူနေချိန်မှာတော့ တချို့က မှားမြဲဆက်မှားနေမိကြတယ်။တဖက်မှာ တချို့လူတွေဟာ တခြားတစ်စုံတစ်ဦးမှ လုပ်မိတဲ့ အမှားကြောင့် ဒုက္ခရောက်ကြတယ်။ ဘယ်လိုအဖြစ်မျိုးပဲဖြစ်ပါစေ မိမိအနီးနားကလူတွေကို ပြောင်းလဲဖို့ မကြိုးစားခင် ကိုယ့်ကိုယ်ကို ခွင့်လွတ်ဖို့ ကောင်းတဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ဆိုပါတယ်။အဲဒီအချက်က မိမိကို ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်စေရုံမက မိမိကျန်းမာရေးကိုပါ အမှန်တကယ် တိုးတက်ကောင်းမွန်စေပေါလိမ့်မယ်။ဘယ်လောက်ပဲ စိတ်တွေ ဆိုးနေဆိုးနေ၊ အခြေအနေတွေ ဘယ်လောက်ပဲ မကောင်းဖြစ်နေပါစေ အရေးမကြီးပါ။ အဲဒီမလွယ်ကူတဲ့အချိန်မှာ မိမိကိုယ်ကို ခွင့်လွတ်ပေးခြင်းက ရေရှည်မှာ မိမိကို အထောက်အကူရစေမှာဖြစ်တယ်။ နာကျင်ခံစားရတဲ့အချိန်၊ ဒေါသထွက်ပြီး မချိတင်ကဲဝေဒနာဖြစ်နေချိန်မှာ မိမိကို ကူညီပေးပါလိမ့်မယ်။

အချိန်ကြာလာတာနဲ့အမျှ အကြေမချမ်းမှုက မိမိဘဝကို လုံးဝလွမ်းမိုးချုပ်ကိုင်ပြီး အချစ်ရေးနဲ့ မိမိအလုပ်ကိုင်ဆောင်ရွက်မှုတွေကိုတောင် စတင်ထိခိုက်စေမှာဖြစ်တယ်။ ဒီခံစားချက်တွေနဲ့ နှဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရပြီလို့ သိလာရင် အကူအညီတောင်းဖို့ တုန့်ဆိုင်း မနေပါနဲ့။ မိမိကိုယ်ကိုယ် ခွင့်လွတ်တာ ညတွင်းချင်းနဲ့ မဖြစ်နိုင်ပေမယ့် မကြာခဏ စိတ်အတွင်း တိုက်ပွဲဖြစ်လာပါလိမ့်မယ်။ ရင်းနှီးမိတ်ဆွေသူငယ်ချင်း သို့မဟုတ် မိသားစုဝင် တစ်ယောက်ယောက် သို့မဟုတ် လိုအပ်ပါက ကျွမ်းကျင်ပညာရှင်တစ်ဦးရှာပြီး ပြောပြနိုင်တယ်။

မိမိကိုယ်ကိုခွင့်လွတ်ခြင်းက အရေးကြီးပါတယ်။ ထိုနည်းတူ မိမိနာကျင်အောင် လုပ်ခဲ့တဲ့သူကို ပြန်လည်ကျေအေးပေးတာကလည်း သိပ်အရေးကြီးပါတယ်။ ပြန်လည်ကျေအေးမှု လုပ်လိုက်ပြီဆိုတာနဲ့ နှစ်ယောက်စလုံး ရှေ့ဆက်သွားနိုင်ကြပြီဖြစ်ပါတယ်။

Ref:timesofindia.indiatimes.com
ပေါ်ထွန်း
Trend Myanmar

0 comments:

Post a Comment