Sunday, January 12, 2020

မြောက်ဦးမြို့၌ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်နှစ်စီးအား AA အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် မော်တော်ယာဉ် ထိမှန်ပျက်စီးသွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိ

Image may contain: sky and outdoor

မြောက်ဦးမြို့၌ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်နှစ်စီးအား AA အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ် ထိမှန်ပျက်စီးသွားခဲ့သော်လည်း လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

မြောက်ဦးမြို့ နယ်မြေခံရဲတပ်ဖွဲ့ဌာနချုပ်မှ မိသားစုဝင်များသည် ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် တပ်ဖွဲ့ပိုင် မော်တော်ယာဉ်နှစ်စီးဖြင့် မြောက်ဦးမြို့မဈေးသို့ သွားရောက်ဈေးဝယ်ပြီး ပြန်လာစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဦးမြို့ သကျမာန်အောင်ဘုရားအနီး၌ AA အဖွဲ့က အဝေးထိန်းမိုင်းတစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ပိုင်မော်တော် ယာဉ်ထိမှန်ပျက်စီးသွားသော်လည်း လူထိမှန် ဒဏ်ရာရရှိမှု မရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
No photo description available.
Source : MOI Webportal Myanmar #Myanmar_Online_News
<<Zawgyi>>
မြောက်ဦးမြို့၌ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်နှစ်စီးအား AA အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် မော်တော်ယာဉ် ထိမှန်ပျက်စီးသွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိ
Sunday , January 12 , 2020

မြောက်ဦးမြို့၌ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်နှစ်စီးအား AA အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ် ထိမှန်ပျက်စီးသွားခဲ့သော်လည်း လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
မြောက်ဦးမြို့ နယ်မြေခံရဲတပ်ဖွဲ့ဌာနချုပ်မှ မိသားစုဝင်များသည် ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် တပ်ဖွဲ့ပိုင် မော်တော်ယာဉ်နှစ်စီးဖြင့် မြောက်ဦးမြို့မဈေးသို့ သွားရောက်ဈေးဝယ်ပြီး ပြန်လာစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဦးမြို့ သကျမာန်အောင်ဘုရားအနီး၌ AA အဖွဲ့က အဝေးထိန်းမိုင်းတစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ပိုင်မော်တော် ယာဉ်ထိမှန်ပျက်စီးသွားသော်လည်း လူထိမှန် ဒဏ်ရာရရှိမှု မရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
Source : MOI Webportal Myanmar #Myanmar_Online_News

0 comments:

Post a Comment