Sunday, January 12, 2020

AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရရီမု မိုင်းတစ်လုံးအား အငူမော်-မောင်တောသွားကားလမ်းဘေး၌ တွေ့ရှိ

No photo description available.

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် ယနေ့နံနက် ၉ နာရီ ၂ဝ မိနစ်ခန့်တွင် အငူမော်-မောင်တောသွားကားလမ်းဘေး အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၁ဝ လက်မ၊ အမြင့် ၁၂ လက်မခန့်ရှိ ရီမုမိုင်းတစ်လုံး၊ ရီမုဆားကစ်တစ်ခု၊ AA ဆိုဒ် ဓာတ်ခဲ(ဝိုင်ယာကြိုးတွဲလျက်) နှစ်လုံး၊ ဒီတိုနေတာနှစ်ခုတို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့ကြောင့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် အဆိုပါ ဒေသန္တရရီမုမိုင်းကို မိုင်းရှင်းလင်းရေး အဖွဲ့ဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ၏ လမ်းပန်း ဆက်သွယ်ရေး နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ယခုကဲ့သို့ အငူမော်-မောင်တောသွားကားလမ်းပေါ်၌ မိုင်းထောင်ခြင်းကို ငါးကြိမ်ခန့် ပြုလုပ်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ ခရီးသွားလာမှု လုံခြုံချောမွေ့စေရေးအတွက် တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြံုရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_online_News
<<Zawgyi>>
AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရရီမု မိုင်းတစ်လုံးအား အငူမော်-မောင်တောသွားကားလမ်းဘေး၌ တွေ့ရှိ
Sunday,January 12 ,2019

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် ယနေ့နံနက် ၉ နာရီ ၂ဝ မိနစ်ခန့်တွင် အငူမော်-မောင်တောသွားကားလမ်းဘေး အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၁ဝ လက်မ၊ အမြင့် ၁၂ လက်မခန့်ရှိ ရီမုမိုင်းတစ်လုံး၊ ရီမုဆားကစ်တစ်ခု၊ AA ဆိုဒ် ဓာတ်ခဲ(ဝိုင်ယာကြိုးတွဲလျက်) နှစ်လုံး၊ ဒီတိုနေတာနှစ်ခုတို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့ကြောင့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် အဆိုပါ ဒေသန္တရရီမုမိုင်းကို မိုင်းရှင်းလင်းရေး အဖွဲ့ဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ၏ လမ်းပန်း ဆက်သွယ်ရေး နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ယခုကဲ့သို့ အငူမော်-မောင်တောသွားကားလမ်းပေါ်၌ မိုင်းထောင်ခြင်းကို ငါးကြိမ်ခန့် ပြုလုပ်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ ခရီးသွားလာမှု လုံခြုံချောမွေ့စေရေးအတွက် တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_online_News

0 comments:

Post a Comment