Saturday, January 11, 2020

နိုင်ငံတကာဥပဒေ ချိုးဖောက်မှုဖြင့် အီရန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်(၁)နာရီကျော်ကြာ အဖမ်းခံရ

Image may contain: 1 person, closeupImage may contain: night, crowd and outdoor

အီရန်နိုင်ငံဆိုင်ရာ သံအမတ် Rob Macairကို နိုင်ငံတကာဥပဒေ ချိုးဖောက်မှုကြောင့်ဆိုကာ အီရန်အစိုးရက ဖမ်းဆီးလိုက်ပြီး (၁)နာရီကျော်အချိန်တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရပါသည်။

ယူကရိန်း လေယာဉ်ကို မှားယွင်းပစ်ခတ်မှုဝန်ခံတဲ့ အီရန်အစိုးရကို ပြည်သူတွေက ရှူတ်ချဆန္ဒပြတဲ့ အခုလ(၁၂)ရက်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သံအမတ်ကြီးဟာ ဆန္ဒပြမှုမှာ ၃ နာရီ ပါဝင်ခဲ့လို့ ပြောင်ပြောင်တင်းတင် ဥပဒေချိုးဖောက်တယ်လို့ ဆိုပါတယ်။ သူ့ကို သံရုံးကအပြန် ဆံပင်ညှပ်ဆိုင်မှာ ဖမ်းဆီးလိုက်တာဖြစ်သည်။
သံအမတ်ကြီးအဖမ်းခံရတာနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြား ရေးရုံးရဲ့ထုတ်ပြန်ချက်မှာတော့ သံအမတ်ကြီး Rob Macairကို ခိုင်လုံတဲ့ ရှင်းပြချက်မရှိပဲ နိုင်ငံတကာဥပဒေကို ပြောင်ချိုး ဖောက်တယ်လို့ ပြောထားပါတယ်။ အီရန်အစိုးရဟာ လမ်းဆုံလမ်းခွကို ရောက်နေတယ်၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အထီးကျန်မှုအားလုံးနဲ့အတူ အပယ်ခံအဆင့်ကို ဆက်သွား ရနိုင်တယ်၊ ဒါမှမဟုတ် တင်းမာမှုတွေ အရှိန်မြင့်ပြီး သံတမန်ရေးလမ်းကြောင်းမှာ ထိတိုက် တွေ့ဆုံနိုင်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်မှာ ပြောသွားခဲ့သည်။
Source: TheGuardian #Myanmar_Online_News
<<Zawgyi>>
နိုင်ငံတကာဥပဒေ ချိုးဖောက်မှုဖြင့် အီရန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်(၁)နာရီကျော်ကြာ အဖမ်းခံရ
Sunday,January 12 ,2019

အီရန်နိုင်ငံဆိုင်ရာ သံအမတ် Rob Macairကို နိုင်ငံတကာဥပဒေ ချိုးဖောက်မှုကြောင့်ဆိုကာ အီရန်အစိုးရက ဖမ်းဆီးလိုက်ပြီး (၁)နာရီကျော်အချိန်တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရပါသည်။
ယူကရိန်း လေယာဉ်ကို မှားယွင်းပစ်ခတ်မှုဝန်ခံတဲ့ အီရန်အစိုးရကို ပြည်သူတွေက ရှူတ်ချဆန္ဒပြတဲ့ အခုလ(၁၂)ရက်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သံအမတ်ကြီးဟာ ဆန္ဒပြမှုမှာ ၃ နာရီ ပါဝင်ခဲ့လို့ ပြောင်ပြောင်တင်းတင် ဥပဒေချိုးဖောက်တယ်လို့ ဆိုပါတယ်။ သူ့ကို သံရုံးကအပြန် ဆံပင်ညှပ်ဆိုင်မှာ ဖမ်းဆီးလိုက်တာဖြစ်သည်။
သံအမတ်ကြီးအဖမ်းခံရတာနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြား ရေးရုံးရဲ့ထုတ်ပြန်ချက်မှာတော့ သံအမတ်ကြီး Rob Macairကို ခိုင်လုံတဲ့ ရှင်းပြချက်မရှိပဲ နိုင်ငံတကာဥပဒေကို ပြောင်ချိုး ဖောက်တယ်လို့ ပြောထားပါတယ်။ အီရန်အစိုးရဟာ လမ်းဆုံလမ်းခွကို ရောက်နေတယ်၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အထီးကျန်မှုအားလုံးနဲ့အတူ အပယ်ခံအဆင့်ကို ဆက်သွား ရနိုင်တယ်၊ ဒါမှမဟုတ် တင်းမာမှုတွေ အရှိန်မြင့်ပြီး သံတမန်ရေးလမ်းကြောင်းမှာ ထိတိုက် တွေ့ဆုံနိုင်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်မှာ ပြောသွားခဲ့သည်။
Source:TheGuardian #Myanmar_Online_News

0 comments:

Post a Comment