Saturday, January 11, 2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဟိုပုံးမြို့နယ်၊ မဘိမ်းမြို့နယ် ၊ ဗန်းမောက်မြို့နယ်၊ မိုးညှင်းမြို့နယ် တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Image may contain: one or more people and carImage may contain: one or more people and food

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ ၁၉၃ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဟိုပုံးမြို့နယ်၊ ဟိုပုံး-လွိုင်လင် သွားကားလမ်းတွင် လွိုင်လင်ဘက်မှ ဟိုပုံးဘက်သို့ တောင်ကြီးမြို့နယ်၊ နန်းဟောင်ကျေးရွာအုပ်စု၊ နောင်ကျဉ်းကျေးရွာနေ စိုင်းလောင် ၁၉ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဟိုပုံးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မဘိမ်းမြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ
ဇန်နဝါရီလ ၁၀ ရက်နေ့ ၁၇၃၀ အချိန်တွင် မဘိမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မဘိမ်းမြို့နယ်၊ ခွေးဟောင်တုံးကျေးရွာနှင့် ချောင်းဝကျေးရွာသွားလမ်းတွင် ခွေးဟောင်တုံး ကျေးရွာဘက်မှ ချောင်းဝကျေးရွာဘက်သို့လမ်းလျှောက်လာသူ ခွေးဟောင်တုံးကျေးရွာနေ ဖိုးကော် ၃၂ နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းသယ်ဆောင်လာသောလွယ်အိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၀၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၉ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မဘိမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော်။ ဇန်နဝါရီ ၁၂
ဇန်နဝါရီလ ၁၁ ရက်နေ့ ၁၉၀၀ အချိန်တွင် ဗန်းမောက်မြို့နယ်၊ လိပ်စောရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် ရွှေကျောင်းကျေးရွာအုပ်စု၊ ရွှေကျောင်းကျေးရွာအနီးတွင် မသင်္ကာဖွယ် တွေ့ရှိသူ အဆိုပါကျေးရွာနေ အောင်နိုင်(ခ)အောင်နိုင်ဦး ၂၆ နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းသယ်ဆောင်လာသော ပီနံအိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၆၀ ဂရမ်(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၆၀ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၈၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၉၄၀၀ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဗန်းမောက်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဇန်နဝါရီလ ၁၁ ရက်နေ့ ၁၈၃၀ အချိန်တွင် ဗန်းမော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဗန်းမော်မြို့၊ တာပိတ်မြစ်ကူးစင့်ကင်တံတားတွင် နောင်ခိုရပ်ကွက်ဘက်မှ စင့်ကင်ကျေးရွာ ဘက်သို့ စင့်ကင်ကျေးရွာနေသူများဖြစ်သည့် မြင့်ကျော် ၄၆ နှစ်မောင်းနှင်ပြီး စိုးခိုင် ၃၄ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ ကော်ဘူးဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၀.၂ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေ ၁၆၀၀၀ ကျပ်)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၉၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဗန်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ဇန်နဝါရီလ ၁၁ ရက်နေ့ ၀၄၃၀ အချိန်တွင် မိုးညှင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ ပြည်ထောင်စုကားလမ်းမကြီးတွင် မော်ဟန်ကျေးရွာဘက်မှ မိုးညှင်းဘက်သို့ မိုးညှင်းမြို့၊ သိမ်အင်းရပ်ကွက်နေ လှမင်းနိုင် ၂၄ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ဖားကန့်မြို့ နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်ကျေးရွာနေ ဇုန်းဘောမ် ၂၁ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဇုန်းဘောမ် ထံမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့် လှမင်းနိုင် စီးနင်းမောင်းနှင်လာသောမော်တော်ဆိုင်ကယ်တွင် သိုဝှက်သယ်ဆောင်လာသော ပလတ် စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၉၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေ ကျပ် ၆၂.၇ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
Image may contain: 1 person, indoor, text that says 'ဖိုးကော် နှင့် သက်သေခံပစ္စည်းများ'
Image may contain: 2 people, people standing
Source : CCDAC Myanmar #Myanmar_Online_News
<<Zawgyi>>
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဟိုပုံးမြို့နယ်၊ မဘိမ်းမြို့နယ် ၊ ဗန်းမောက်မြို့နယ်၊ မိုးညှင်းမြို့နယ် တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Sunday,January 12 ,2019

0 comments:

Post a Comment