
၀န်ထမ်းကောင်းလက်မှတ်ရ လုပ်သက် ၂၅ နှစ်နှင့်အထက် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက်ချ ပေးမည့် မော်တော်ယာဉ်ပါမစ်များကို ရောင်းချခြင်းများတွေ့ရှိပါ က အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
"ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ် အရစ်ကျရောင်းချရေးအစီအစဉ်နဲ ့ပတ်သက်တဲ့ ရှင်းလင်းပွဲမှာ ရောင်းချဖို့ ပေးတာမဟုတ်ဘူး။ ရောင်းချတာရှိရင် ဥပဒေအရအရေးယူမယ်လို့ ပြောကြားပြီးဖြစ်ပါတယ်။ လက်ရှိမှာ ဝန်ထမ်းပါမစ်တွေနဲ့ပတ်သက်ပြ ီး လျှောက်ထားမယ့်အရာရှိတွေကို စာရင်းကောက်ယူနေပါတယ်" ဟု စီးပွားရေးနှင့်ကူးသန်းရောင ်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပါမစ်များထုတ်ပေးရာတွင် ၂၀၁၈ မှ ၂၀၂၀ မော်ဒယ်လ်အတွင်း ဘယ်မောင်းကားများကို တစ်ဦးချင်းပုံစံအတိုင်း လျှောက်ထားခွင့်ပေးမည်ဖြစ်ပြီး ရာထူးအလိုက်သတ်မှတ်ပေးသွားမ ည်ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မော်တော်ယာဉ်တင်သွင်းဖြန့်ဖ ြူးရောင်းချရေးအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက လုပ်သက် ၂၅ နှစ်အထက် အစိုးရဝန်ထမ်းများကို ထုတ်ပေးမည့်ကားပါမစ်များကို ပြန်လည်ရောင်းချခြင်းမပြုရဘ ူးဟု ဆိုသည်မှာမဟုတ်မှန်ကြောင်း ပြောကြားသည်။
"လုပ်သက် ၂၅ နှစ်အထက် အစိုးရဝန်ထမ်းတွေကို ပေးထားတဲ့ကားပါမစ်တွေ ပြန်လည်ရောင်းချခြင်းမပြုရဘ ူးဆိုတာ တရားဝင်မဟုတ်ပါဘူး။အင်တာဗျူ းတဲ့နေ့ကတော့ ညွှန့်ချုပ်ကသူ့ဘာသူဖြေတာပဲ ဗျ။ တရားဝင်မှာတော့ စာထွက်ထားတဲ့အထဲမှာ ကားပါမစ် ပြန်ရောင်းလို့မရဘူးဆိုတာကတော့မပါဘူးဗျ။ စာထုတ်ထားတာမှမဟုတ်တာ" ဟု ဒေါက်တာစိုးထွန်း ကပြောဆိုသည်။
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက်ချ ပေးမည့် မော်တော်ယာဉ်ပါမစ်များကို ထုတ်ပေးမှုအပေါ် ကန့်ကွက်မှုများရှိနေ၍ ယင်းပါမစ်များပေးမည်ဆိုပါက ပြည်ထောင်စုအစိုးရအဆင့်ထိ တင်ပြရနိုင်ပြီး ခွင့်ပြုမည်ဆိုပါကလည်း လာမည့်မတ်လမှသာ စတင်နိုင်ဖွယ်ရှိသည်။
ကားတင်သွင်းခွင့်ရမည့် ဝန်ထမ်းများအနေနှင့် ကားတင်သွင်းမည်ဆိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံ တရားဝင်မှတ်ပုံတင်ထားသည့် ကားအရောင်းပြခန်းများတွင် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ရ န် One Stop Service စနစ်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်သည်။
Source- ဆက်နိုင် #Myanmar_Online_News
<zawgyi>
၂၅ နှစ်အထက် အစိုးရဝန်ထမ်းတွေကို ပေးထားတဲ့ကားပါမစ်တွေ ရောင်းချခြင်းတွေ့ရှိပါက အရေးယူသွားမည်ဟုဆို
ဝန်ထမ်းကောင်းလက်မှတ်ရ လုပ်သက် ၂၅ နှစ်နှင့်အထက် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက်ချ ပေးမည့် မော်တော်ယာဉ်ပါမစ်များကို ရောင်းချခြင်းများတွေ့ရှိပါ က အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
"ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ် အရစ်ကျရောင်းချရေးအစီအစဉ်နဲ ့ပတ်သက်တဲ့ ရှင်းလင်းပွဲမှာ ရောင်းချဖို့ ပေးတာမဟုတ်ဘူး။ ရောင်းချတာရှိရင် ဥပဒေအရအရေးယူမယ်လို့ ပြောကြားပြီးဖြစ်ပါတယ်။ လက်ရှိမှာ ဝန်ထမ်းပါမစ်တွေနဲ့ပတ်သက်ပြ ီး လျှောက်ထားမယ့်အရာရှိတွေကို စာရင်းကောက်ယူနေပါတယ်" ဟု စီးပွားရေးနှင့်ကူးသန်းရောင ်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ပါမစ်များထုတ်ပေးရာတွင် ၂၀၁၈ မှ ၂၀၂၀ မော်ဒယ်လ်အတွင်း ဘယ်မောင်းကားများကို တစ်ဦးချင်းပုံစံအတိုင်း လျှောက်ထား ခွင့်ပေးမည်ဖြစ်ပြီး ရာထူးအလိုက်သတ်မှတ်ပေးသွားမ ည်ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မော်တော်ယာဉ်တင်သွင်းဖြန့်ြ ဖူးရောင်းချရေး အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက လုပ်သက် ၂၅ နှစ်အထက် အစိုးရဝန်ထမ်းများကို ထုတ်ပေးမည့်ကားပါမစ်များကို ပြန်လည်ရောင်းချခြင်းမပြုရဘ ူးဟု ဆိုသည်မှာမဟုတ်မှန်ကြောင်း ပြောကြားသည်။
"လုပ်သက် ၂၅ နှစ်အထက် အစိုးရဝန်ထမ်းတွေကို ပေးထားတဲ့ကားပါမစ်တွေ ပြန်လည်ရောင်းချခြင်းမပြုရဘ ူးဆိုတာ တရားဝင်မဟုတ်ပါဘူး။အင်တာဗျူ းတဲ့နေ့ကတော့ ညွှန့်ချုပ်ကသူ့ဘာသူဖြေတာပဲဗ ျ။ တရားဝင်မှာတော့ စာထွက်ထားတဲ့ အထဲမှာ ကားပါမစ် ပြန်ရောင်းလို့မရဘူး ဆိုတာကတော့မပါဘူးဗျ။ စာထုတ်ထား တာမှမဟုတ်တာ" ဟု ဒေါက်တာစိုးထွန်း ကပြောဆိုသည်။
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက်ချ ပေးမည့် မော်တော်ယာဉ်ပါမစ်များကို ထုတ်ပေးမှုအပေါ် ကန့်ကွက်မှုများရှိနေ၍ ယင်းပါမစ်များပေးမည်ဆိုပါက ပြည်ထောင်စုအစိုးရအဆင့်ထိ တင်ပြရနိုင်ပြီး ခွင့်ပြုမည်ဆိုပါကလည်း လာမည့်မတ်လမှသာ စတင်နိုင်ဖွယ်ရှိသည်။
ကားတင်သွင်းခွင့်ရမည့် ဝန်ထမ်းများအနေနှင့် ကားတင်သွင်းမည်ဆိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံ တရားဝင်မှတ်ပုံတင်ထားသည့် ကားအရောင်းပြခန်းများတွင် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ရ န် One Stop Service စနစ်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်သည်။
Source- ဆက်နိုင် #Myanmar_Online_News






0 comments:
Post a Comment