Monday, January 20, 2020

ဟိုပုံးမြို့နယ်တွင် ခမ်းဓနပြောင်းနှင့် အစေ့အဆံ အခြောက်ခံစက်ရုံ ဖွင့်ပွဲကျင်းပ

Image may contain: 4 people, people standing

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပြည်ထောင်စုလမ်းအနီး ခမ်းဓန ပြောင်းနှင့် အစေ့အဆံ အခြောက်ခံစက်ရုံဖွင့်ပွဲကို ဇန်နဝါရီ ၂၀ ရက် နံနက် ၈ နာရီက အဆိုပါစက်ရုံ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့၏ လမ်းညွှန်ကူညီပံ့ပိုးမှုများကြောင့် သီးနှံအခြောက်ခံစက်ရုံများ စတင်ပေါ်ပေါက် လာသည့်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အထူးပင်ဂုဏ်ယူမိပါကြောင်း၊ စိုက်ပျိုးတောင်သူများနှင့် ယခုကဲ့သို့ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပူးပေါင်း၍ သီးနှံအခြောက်ခံခြင်း၊ သိုလှောင်ခြင်း နည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေး၍ ဈေးကွက်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခုနှစ်ပြောင်းစိုက်ပျိုးရာသီ သီးနှံပေါ်ချိန် အောက်တိုဘာလအတွင်းတွင် ပြောင်းဈေးနှုန်းအနိမ့်ဆုံးမှာ ငွေကျပ် ၂၉၀ ဖြစ်ပြီး၊ ပြောင်းဈေးနှုန်း အမြင့်ဆုံးမှာ ကျပ် ၃၁၀ ဖြစ်ကြောင်း၊ နိုဝင်ဘာလ အတွင်းတွင် ပြောင်းဈေးနှုန်း အနိမ့်ဆုံးမှာ ငွေကျပ် ၃၂၀ ဖြစ်ပြီး၊ ပြောင်းဈေးနှုန်းအမြင့်ဆုံးမှာ ငွေကျပ် ၃၃၀ ဖြစ်ကြောင်းနှင့် ယခု ဇန်နဝါရီလတွင် ပြောင်းဈေးနှုန်း အနိမ့်ဆုံးမှာ ငွေကျပ် ၃၆၀ ဖြစ်ပြီး၊ ပြောင်းဈေးနှုန်း အမြင့်ဆုံးမှာ ငွေကျပ် ၃၈၀ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပြီး သီးနှံဈေးနှုန်းမတည်ငြိမ်ရခြင်းမှာ ပွဲစားများ၏ ဈေးကွက် ကစားနေခြင်း ဖြစ်သည့်အပြင် ဝယ်လက်ကြိုက် နှစ်သက်သည့် အစိုဓာတ်ရရှိအောင် မလုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် အခြောက်ခံစက်ရုံသည် ပြောင်းသီးနှံ အတွက် တစ်ရက်လျှင် တန်(၄၀)ကျနှင့် စပါးသီးနှံအတွက် တစ်ရက်လျှင် တန်(၃၀)ကျ အခြောက်ခံနိုင်မည်ဖြစ်ပြီး တောင်သူများသိုလှောင်မည့် ကာလပေါ်မူတည်၍ လိုအပ်သည့် သတ်မှတ် အစိုဓာတ်ရရှိစေရန် စက်ရုံတွင် အခြောက်ခံနိုင်မည် ဖြစ်ကြောင်း၊ ဟိုပုံးမြို့နယ်အနေဖြင့် ပြောင်းနှင့် စပါးသီးနှံအပြင် အခြားသီးနှံများကိုလည်း အခြောက်ခံနိုင်မည့် အသေးစား စက်မှုလက်မှု လုပ်ငန်းများပေါ်ထွန်းလာ၍ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်စေရန် ကြိုးပမ်းဆောင်ရွက် နိုင်ပါစေကြောင်း ပြောကြားသွားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က အမှာစကားပြောကြားပြီး၊ ဒိန်းမတ် နိုင်ငံသံအမတ်ကြီး Mr. John Nielsen က ခမ်းဓန ပြောင်းနှင့် အစေ့အဆံ အခြောက်ခံ စက်ရုံအတွက် စက်ပစ္စည်းများ လှူဒါန်းရခြင်းအကြောင်းရှင်းလင်းပြောကြားကာ ခမ်းဓန ပြောင်းနှင့် အစေ့အဆံ အခြောက်ခံစက်ရုံတည်ထောင်သူ ဦးခွန်ကျော်ဌေးဦးမှ စက်ရုံတည်ထောင်ခြင်းအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။
Image may contain: one or more people, crowd and hat
Image may contain: one or more people and outdoor

<zawgyi>
ဟိုပုံးမြို့နယ်တွင် ခမ်းဓနပြောင်းနှင့် အစေ့အဆံ အခြောက်ခံစက်ရုံ ဖွင့်ပွဲကျင်းပ
Thursday , January 21 , 2020

Source- #Myanmar_Online_News

0 comments:

Post a Comment