Sunday, January 26, 2020

မကွေးတိုင်းဝန်ကြီးချုပ်က သစ်တောမြေ မြေလွတ် ၊ မြေလပ် ၊ မြေရိုင်း အသုံးချခွင့်ရရှိထားသူတွေ တကယ်မစိုက်ပျိုးပါက ပြန်သိမ်းမယ်လို့ ပြော


Image may contain: 1 person, standing, outdoor and natureImage may contain: 3 people, people standing and outdoor
မကွေးတိုင်းဒေသကြီးအတွင်း သစ်တောမြေ၊ မြေလွတ် ၊ ​မြေလပ် ၊ ​မြေရိုင်း အသုံးချခွင့်ရရှိထားသူ​တွေ တကယ်မစိုက်ပျိုးပါက စည်းမျဥ်းစည်းကမ်းနဲ့အညီပြန်လည်သိမ်းယူသွားမယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
ကျွန်းစိုက်မယ် ၊ ​လျှော်ဖြူစိုက်မယ် ၊ သနပ်ခါးစိုက်မယ် ၊ စိန်တလုံးစိုက်မယ် ..... ဘာညာပြောတယ်၊ တကယ်ကွင်းဆင်းစစ်​ဆေးကြည့်​တော့ စည်းမျဥ်းစည်းကမ်းနဲ့မညီ ဘူး၊ လမ်းမကြီး​ဘေးနေရာဦး ရောင်းစားဘို့ ကြံစည်​နေသူ​တွေကို စာရင်းရှင်းပြီး ပြန်သိမ်းယူရတာပေါ့လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောခဲ့ပါတယ်။
ဒီနေ့ ဇန်နဝါရီလ၂၆ရက်နေ့ မနက်ပိုင်းက ရေနံချောင်းမြို့ မြို့ရှောင်ကွင်းလမ်းတစ်လျှောက်ရှိ သစ်တောမြေနဲ့ မြေလွတ် ၊ ​မြေလပ် ၊ ​မြေရိုင်း အသုံးချခွင့်ရရှိထားသူ​တွေ တကယ်စိုက်ပျိုးခြင်းရှိမရှိ ဝန်ကြီးချုပ်က ကွင်းဆင်းစစ်ဆေးစဥ်က ပြောကြားတာဖြစ်ပါတယ်။
၂၀၁၄ခုနစ်က ရေနံချောင်းမြို့မှာသစ်တောမြေနဲ့ မြေလွတ် ၊ ​မြေလပ် ၊ ​မြေရိုင်းကို စိုက်ပျိုးဖို့အတွက် လျှောက်ထားသူတွေကို ဧက၂၀၀ကျော်ခွင့်ပြုပေးထားပြီး အခုကွင်းဆင်းစစ်ဆေးတဲ့အခါ အမှန်တကယ်စိုက်ပျိုးတာ ဧက၄၀လောက်ဘဲရှိတယ်လို့ သိရပြီး ဝန်ကြီးချုပ်က သေချာစီစစ်ပြီး ပြန်သိမ်းယူမယ်လို့ သိရပါတယ်။
သစ်တောမြေနဲ့ မြေလွတ် ၊ ​မြေလပ် ၊ ​မြေရိုင်းလျှောက်ထားပြီးတော့ တကယ်မစိုက်ပျိုးရင် ပြန်သိမ်းဖို့ ဥပဒေပြဌာန်းတာရှိပါတယ်၊ ရရှိထားတဲ့သူတွေက သူတို့လျှောက်ထားစဥ်က ရရှိထားတဲ့စိုက်ဧကပေါ်မှာ ၄နှစ်အတွင်း ပထမနှစ်မှာ ၁၅ရာခိုင်နှုန်း၊ ဒုတိယနှစ်မှာ ၃၀ရာခိုင်နှုန်း၊ တတိယနှစ်မှာ ၃၀ရာခိုင်နှုန်းနဲ့ နောက်ဆုံးနှစ်မှာ ၂၅ရာခိုင်နှုန်း ခွဲစိုက်ရပါမယ်၊ ၄နှစ်ပြည့်လို့ အဲ့ဒီလို စိုက်ပျိုမထားရင် နိင်ငံတော်ကပြန်သိမ်းပါတယ်လို့ ရေနံချောင်းမြို့နယ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောပါတယ်။
ကျွန်တော်တို့နယ်က မိုးခေါင်ရေရှားဒေသဖြစ်တယ်၊ တကယ်စိုက်မယ့်သူတွေကို အားပေးမယ်၊ အခုလိုမြေကိုယူပြီး အခြားနည်းတွေနဲ့ ရောင်းစားမယ်ဆိုရင်တော့ လက်မခံနိင်ပါဘူး၊ ဝန်ကြီးချုပ်ကလည်း ဒီသဘောထားရှိပါတယ်လို့ ဦးတင့်လွင်က ဆိုပါတယ်။
ဝန်ကြီးချုပ်က ကနေ့ ရေနံချောင်းကို ကွင်းဆင်းစစ်ဆေးပြီး နောက်ရက်တွေမှာ မကွေး၊ မင်းဘူးမြို့တွေကိုဆက်လက်ပြီး ကွင်းဆင်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဒီနေ့ ရေနံချောင်းမြို့ကို ကွင်းဆင်းစစ်ဆေးတဲ့အခါ ဝန်ကြီးချုပ်နဲ့အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်မော်ဌေး၊ တိုင်းအုပ်ချုပ်ရေမှူး ဦးဝေဇင်ထွန်း ၊ လယ်ယာမြေအသုံးချမှုနှင့် စာရင်းအင်းဌာန တိုင်းဦးစီးမှူး ဦးဇော်ဝင်း ၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နဲ့ ရေနံချောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးတင့်လွင် ၊ မြို့နယ် တာဝန်ရှိသူများ ပါဝင်တယ်လို့ သိရပါတယ်။


သတင်း- ရွာသား(မကွေး) #Myanmar_Online_News
>>Zawgyi<<
မကွေးတိုင်းဝန်ကြီးချုပ်က သစ်တောမြေ မြေလွတ် ၊ မြေလပ် ၊ မြေရိုင်း အသုံးချခွင့်ရရှိထားသူတွေ တကယ်မစိုက်ပျိုးပါက ပြန်သိမ်းမယ်လို့ ပြော
Monday, January 27, 2020
မကွေးတိုင်းဒေသကြီးအတွင်း သစ်တောမြေ၊ မြေလွတ် ၊ မြေလပ် ၊ မြေရိုင်း အသုံးချခွင့်ရရှိထားသူတွေ တကယ်မစိုက်ပျိုးပါက စည်းမျဉ်းစည်းကမ်းနဲ့အညီပြန်လည်သိမ်းယူသွားမယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
ကျွန်းစိုက်မယ် ၊ လျှော်ဖြူစိုက်မယ် ၊ သနပ်ခါးစိုက်မယ် ၊ စိန်တလုံးစိုက်မယ် ..... ဘာညာပြောတယ်၊ တကယ်ကွင်းဆင်းစစ်ဆေးကြည့်တော့ စည်းမျဉ်းစည်းကမ်းနဲ့မညီ ဘူး၊ လမ်းမကြီးဘေးနေရာဦး ရောင်းစားဘို့ ကြံစည်နေသူတွေကို စာရင်းရှင်းပြီး ပြန်သိမ်းယူရတာပေါ့လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောခဲ့ပါတယ်။
ဒီနေ့ ဇန်နဝါရီလ၂၆ရက်နေ့ မနက်ပိုင်းက ရေနံချောင်းမြို့ မြို့ရှောင်ကွင်းလမ်းတစ်လျှောက်ရှိ သစ်တောမြေနဲ့ မြေလွတ် ၊ မြေလပ် ၊ မြေရိုင်း အသုံးချခွင့်ရရှိထားသူတွေ တကယ်စိုက်ပျိုးခြင်းရှိမရှိ ဝန်ကြီးချုပ်က ကွင်းဆင်းစစ်ဆေးစဉ်က ပြောကြားတာဖြစ်ပါတယ်။
၂၀၁၄ခုနစ်က ရေနံချောင်းမြို့မှာသစ်တောမြေနဲ့ မြေလွတ် ၊ မြေလပ် ၊ မြေရိုင်းကို စိုက်ပျိုးဖို့အတွက် လျှောက်ထားသူတွေကို ဧက၂၀၀ကျော်ခွင့်ပြုပေးထားပြီး အခုကွင်းဆင်းစစ်ဆေးတဲ့အခါ အမှန်တကယ်စိုက်ပျိုးတာ ဧက၄၀လောက်ဘဲရှိတယ်လို့ သိရပြီး ဝန်ကြီးချုပ်က သေချာစီစစ်ပြီး ပြန်သိမ်းယူမယ်လို့ သိရပါတယ်။
သစ်တောမြေနဲ့ မြေလွတ် ၊ မြေလပ် ၊ မြေရိုင်းလျှောက်ထားပြီးတော့ တကယ်မစိုက်ပျိုးရင် ပြန်သိမ်းဖို့ ဥပဒေပြဌာန်းတာရှိပါတယ်၊ ရရှိထားတဲ့သူတွေက သူတို့လျှောက်ထားစဉ်က ရရှိထားတဲ့စိုက်ဧကပေါ်မှာ ၄နှစ်အတွင်း ပထမနှစ်မှာ ၁၅ရာခိုင်နှုန်း၊ ဒုတိယနှစ်မှာ ၃၀ရာခိုင်နှုန်း၊ တတိယနှစ်မှာ ၃၀ရာခိုင်နှုန်းနဲ့ နောက်ဆုံးနှစ်မှာ ၂၅ရာခိုင်နှုန်း ခွဲစိုက်ရပါမယ်၊ ၄နှစ်ပြည့်လို့ အဲ့ဒီလို စိုက်ပျိုမထားရင် နိင်ငံတော်ကပြန်သိမ်းပါတယ်လို့ ရေနံချောင်းမြို့နယ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောပါတယ်။
ကျွန်တော်တို့နယ်က မိုးခေါင်ရေရှားဒေသဖြစ်တယ်၊ တကယ်စိုက်မယ့်သူတွေကို အားပေးမယ်၊ အခုလိုမြေကိုယူပြီး အခြားနည်းတွေနဲ့ ရောင်းစားမယ်ဆိုရင်တော့ လက်မခံနိင်ပါဘူး၊ ဝန်ကြီးချုပ်ကလည်း ဒီသဘောထားရှိပါတယ်လို့ ဦးတင့်လွင်က ဆိုပါတယ်။
ဝန်ကြီးချုပ်က ကနေ့ ရေနံချောင်းကို ကွင်းဆင်းစစ်ဆေးပြီး နောက်ရက်တွေမှာ မကွေး၊ မင်းဘူးမြို့တွေကိုဆက်လက်ပြီး ကွင်းဆင်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဒီနေ့ ရေနံချောင်းမြို့ကို ကွင်းဆင်းစစ်ဆေးတဲ့အခါ ဝန်ကြီးချုပ်နဲ့အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်မော်ဌေး၊ တိုင်းအုပ်ချုပ်ရေမှူး ဦးဝေဇင်ထွန်း ၊ လယ်ယာမြေအသုံးချမှုနှင့် စာရင်းအင်းဌာန တိုင်းဦးစီးမှူး ဦးဇော်ဝင်း ၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နဲ့ ရေနံချောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးတင့်လွင် ၊ မြို့နယ် တာဝန်ရှိသူများ ပါဝင်တယ်လို့ သိရပါတယ်။
သတင်း- ရွာသား(မကွေး) #Myanmar_Online_News

0 comments:

Post a Comment