Sunday, January 26, 2020

အမေရိကန်တွင် ဝူဟန် Virus ကူးစက်ခံရသူ ၅ ဦး တွေ့ရှိ

Image may contain: 2 people, outdoorImage may contain: 1 person, crowd and outdoor
တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် Corona ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၅ ဦး အမေရိကန်ပြည်ထောင်စုမှာ တွေ့ရှိထားရတယ်လို့ ပြည်ထောင်စုကျန်းမာရေး အရာရှိတွေက အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒီထက်ပိုပြီး ရှိလာနိုင်သေးတယ်လို့ ယူဆထားကြောင်း ပြောဆိုခဲ့သည်။

ဒီလို ကူးစက်ခံရသူ ၅ ဦးလုံးဟာ ဒီဗိုင်းရပ်စ်ရောဂါပိုး စတင်ဖြစ်ပွားတယ်လို့ သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံ ဝူဟမ်မြို့ကလူတွေနဲ့ တိုက်ရိုက် ထိတွေ့မှု ရှိခဲ့သူတွေ ဖြစ်တယ်လို့ အသက်ရှူလမ်းကြောင်းရောဂါ ထိန်းချုပ်ရေးဌာန အကြီးအကဲ Nancy Messonnier က တနင်္ဂနွေနေ့က ပြောကြားလိုက်တာဖြစ်ပါတယ်။
အဆိုပါ၅ ဦးလုံးသည် အခြေအနေ ကောင်းမွန်ပေမယ့် ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေက ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ အားထုတ်နေချိန်အတွင်း သူတို့ကို ဆေးရုံတွင်းမှာ သီးသန့်ထားရှိတယ်လို့ ဆိုပါတယ်။အမေရိကန်ပြည်ထောင်စု ပြည်နယ် ၂၆ ခုအတွင်း ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ သံသယရှိတဲ့ အမှုပေါင်း ၁၀၀ ခန့်ကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။
>>Zawgyi<<
အမေရိကန်တွင် ဝူဟန် Virus ကူးစက်ခံရသူ ၅ ဦး တွေ့ရှိ
Monday, January 27, 2020

Ref-VOA #Myanmar_Online_News

0 comments:

Post a Comment