Sunday, January 26, 2020

ဝူဟန်ဗိုင်းရပ်ပိုးကြောင့် တရုတ်-ရန်ကုန်၊မန္တလေးလေကြောင်းလိုင်း ယာယီ ပိတ်လိုက်သောကြောင့် မန္တလေးကျောက်မျက်ဈေးကွက်ကို စတင် ရိုက်ခတ်လာ

Image may contain: 2 people, people sitting and indoor

လူသေဆုံးသည်အထိ ဝူဟန်တွင်ဖြစ်ပွားနေသည့် တုပ်ကွေးဗိုင်းရပ်တစ်မျိုးကြောင့် လေကြောင်းလိုင်း ၂လိုင်းအထိယာယီပိတ်သိမ်းလိုက်ခြင်း၊တရုတ်ဝယ်လက်အချို့ အရောင်းအဝယ် ယာယီနားလိုက်ခြင်းစသည်တို့ကြောင့် ရောင်းသူ၊ဝယ်သူများနှင့်စည်ကားနေသည့်မန္တလေးကျောက်မျက်ဈေးကွက်အပေါ်ကိုပါ ယနေ့မှစပြီးသိသိသာသာ ရိုက်ခတ်မှုရှိလာကြောင်း ယင်းဈေးကွက်အတွင်းမှ ကျောက်မျက်ရောင်းသူများကပြောပြကြသည်။

ယခင်က လူအများအပြားစည်ကားနေသည့် မဟာအောင်မြေကျောက်မျက်ဈေးကွက်မှာ တစ်နေ့ကစကာ လူအဝင်အထွက်နည်းလာပြီး ယနေ့တွင် သိသိသာသာပိုနည်းသွားကြောင်းတွေ့ရသည်။
“အရင်က မနက် ၁၀၊၁၁ နာရီ လူကတိုးနေရတာ။ခုက မြင်တဲ့အတိုင်းပဲ“ဟု ယင်းဈေးကွက်မှ အရောင်းအ ဝယ်ပြုလုပ်နေသူ တစ်ဦးကပြောသည်။
မြန်မာ-တရုတ် နယ်စပ် တရုတ်ပိုင် ကြယ်ခေါင်တွင်လည်း ကျောက်စိမ်းနှင့်ကျောက်မျက် အရောင်အဝယ်ပါးသွားသည်ဟုလည်း ၎င်းကပြောသည်။
“ဒီအချိန်မှာ။ဒါထက်အရေးကြီးတာတွေ ရှိတယ်လေ။ရိုက်ခတ်မှာပဲ“ဟု ကျောက်ဝိုင်းအတွင်းမှ နောက်ထပ်လူရွယ်တစ်ဦးက မှတ်ချက်ပြုသည်။
မြန်မာနှင့် ထိစပ်နေသည့် တရုတ်ယူနန်အတွင်းမှ မြို့ကြီးအချို့တွင်လည်း တစ်မြို့နှင့်တစ်မြို့၊တစ်နေရာနှင့်တစ်နေရာ သွားလာမှု ကန့်သတ်ခြင်းများရှိနေ၍ မန္တလေးကျောက်မျက်ဈေးကွက်အပေါ် ကျိန်းသေ ရိုက်ခတ်မည်က မြေကြီးလက်ခတ်မလွဲပါဟု ၎င်းက ဆက်ပြောသည်။
“လုံးလုံးရပ်သွားတာတော့ မဟုတ်ဘူး။သူ့ဟာလေးနဲ့ သူတော့ အရောင်းအဝယ်လေးကဖြစ်နေတာပဲ“ဟု ၎င်းက ထပ်လောင်းဆိုသည်။
Image may contain: 4 people, people sitting, outdoor and indoor
Image may contain: 1 person, standing, walking and outdoor
Image may contain: one or more people and outdoor
Source - ကိုမင်း/Myanmar Harp
<zawgyi>
ဝူဟန်ဗိုင်းရပ်ပိုးကြောင့် တရုတ်-ရန်ကုန်၊မန္တလေးလေကြောင်းလိုင်း ယာယီ ပိတ်လိုက်သောကြောင့် မန္တလေးကျောက်မျက်ဈေးကွက်ကို စတင် ရိုက်ခတ်လာ
Monday, January 27, 2020

လူသေဆုံးသည်အထိ ဝူဟန်တွင်ဖြစ်ပွားနေသည့် တုပ်ကွေးဗိုင်းရပ်တစ်မျိုးကြောင့် လေကြောင်းလိုင်း ၂လိုင်းအထိယာယီပိတ်သိမ်းလိုက်ခြင်း၊တရုတ်ဝယ်လက်အချို့ အရောင်းအဝယ် ယာယီနားလိုက်ခြင်းစသည်တို့ကြောင့် ရောင်းသူ၊ဝယ်သူများနှင့်စည်ကားနေသည့်မန္တလေးကျောက်မျက်ဈေးကွက်အပေါ်ကိုပါ ယနေ့မှစပြီးသိသိသာသာ ရိုက်ခတ်မှုရှိလာကြောင်း ယင်းဈေးကွက်အတွင်းမှ ကျောက်မျက်ရောင်းသူများကပြောပြကြသည်။
ယခင်က လူအများအပြားစည်ကားနေသည့် မဟာအောင်မြေကျောက်မျက်ဈေးကွက်မှာ တစ်နေ့ကစကာ လူအဝင်အထွက်နည်းလာပြီး ယနေ့တွင် သိသိသာသာပိုနည်းသွားကြောင်းတွေ့ရသည်။
“အရင်က မနက် ၁၀၊၁၁ နာရီ လူကတိုးနေရတာ။ခုက မြင်တဲ့အတိုင်းပဲ“ဟု ယင်းဈေးကွက်မှ အရောင်းအ ဝယ်ပြုလုပ်နေသူ တစ်ဦးကပြောသည်။
မြန်မာ-တရုတ် နယ်စပ် တရုတ်ပိုင် ကြယ်ခေါင်တွင်လည်း ကျောက်စိမ်းနှင့်ကျောက်မျက် အရောင်အဝယ်ပါးသွားသည်ဟုလည်း ၎င်းကပြောသည်။
“ဒီအချိန်မှာ။ဒါထက်အရေးကြီးတာတွေ ရှိတယ်လေ။ရိုက်ခတ်မှာပဲ“ဟု ကျောက်ဝိုင်းအတွင်းမှ နောက်ထပ်လူရွယ်တစ်ဦးက မှတ်ချက်ပြုသည်။
မြန်မာနှင့် ထိစပ်နေသည့် တရုတ်ယူနန်အတွင်းမှ မြို့ကြီးအချို့တွင်လည်း တစ်မြို့နှင့်တစ်မြို့၊တစ်နေရာနှင့်တစ်နေရာ သွားလာမှု ကန့်သတ်ခြင်းများရှိနေ၍ မန္တလေးကျောက်မျက်ဈေးကွက်အပေါ် ကျိန်းသေ ရိုက်ခတ်မည်က မြေကြီးလက်ခတ်မလွဲပါဟု ၎င်းက ဆက်ပြောသည်။
“လုံးလုံးရပ်သွားတာတော့ မဟုတ်ဘူး။သူ့ဟာလေးနဲ့ သူတော့ အရောင်းအဝယ်လေးကဖြစ်နေတာပဲ“ဟု ၎င်းက ထပ်လောင်းဆိုသည်။
Source - ကိုမင်း/Myanmar Harp

0 comments:

Post a Comment