Sunday, January 26, 2020

အီရတ်နိုင်ငံရှိ အမေရိကန် သံရုံး ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရ

Image may contain: car and outdoor

အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးသည် ဇန်နဝါရီ ၂၆ ရက် ညပိုင်းတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရ ကြောင်း အီရတ် ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။
ဘဂ္ဂဒက်မြို့green zone ရှိ အမေရိကန်သံရုံးဝင်းထဲသို့ ဇန်နဝါရီ ၂၆ ရက် ညပိုင်းက ဒုံးကျည်အမြောက်အ မြားကျရောက်ခဲ့ကြောင်း၊တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူမရှိဟု အမည်မဖော်လိုသူ အီရတ်ပြည်ထဲ ရေး အရာရှိတစ်ဦးက ဆင်ဟွာကိုပြောသည်။

green zoneကို ဒုံးကျည် ၅ လုံး ပစ်ခတ်ခဲ့ကြောင်း အီရတ်ပူးတွဲစစ်ဆင်ရေးစစ်ဌာနချုပ်က အချင်းပွားသောနေ့တွင် အတည်ပြုပြောကြားခဲ့သော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိဟု သိရသည်။
အီရတ် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်Adil Abdul-Mahdi က အဆိုပါတိုက်ခိုက်မှုကို လူမှုကွန်ရက်မီဒီယာတွင် ပြစ်တင်ပြောဆိုထားရာ ယခုကဲ့သို့ တရားမဝင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားပါက အီရတ်၏ အကျိုး စီးပွားကို ထိခိုက်မည်ဖြစ်ပြီး ဆိုးဝါးသည့် နောက်ဆက်တွဲဆိုးကျိုးတွေကို တစ်နိုင်ငံလုံးက တာဝန်ယူသွားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ အီရတ်အစိုးရအနေဖြင့် သံတမန်အဖွဲ့အားလုံးကို နည်းလမ်းသုံးကာကွယ်သွားမည်ဖြစ်ကြောင်း ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်းကမျှ ကြေညာထားခြင်းမရှိသေးကြောင်း သိရသည်။ဘဂ္ဂဒက်မြို့လယ်ခေါင်တွင်ရှိသော Green Zoneသည် အီရတ်အစိုးရဌာနများနှင့် အမေရိကန်၊ ဗြိတိန် နိုင်ငံခြားသံရုံးများ တည်ရှိသောနေရာဖြစ်ကြောင်း သိရသည်။
Ref ; Xinhua
<zawgyi>
အီရတ်နိုင်ငံရှိ အမေရိကန် သံရုံး ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရ
Monday, January 27, 2020

0 comments:

Post a Comment