Sunday, January 26, 2020

မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားမှတဆင့် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်နေ

Image may contain: one or more people, people standing and outdoorImage may contain: outdoor
အပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက်ဖြစ်သော မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားများမှတဆင့် ဝင်ရောက်လာသော တ ရုတ် နိုင်ငံသားများနှင့် အခြားနိုင်ငံခြားသားများအား ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးမှုများ ယနေ့ (ဇန်နဝါရီ ၂၆)ရက်မှစတင်ကာ ပိုမိုးတင်းကြပ်စွာပြု လုပ်နေကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးမှုများကို မြန်မာနှင့် ထိုင်း နှစ်ဘက်စလုံးတွင် ပြုလုပ်နေခြင်း ဖြစ်ပြီး မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတား နှင့် အမှတ် ၂ ချစ်ကြည်ရေး တံတားတို့မှတွင် ခေတ်မီစက်များဖြင့် ကျန်းမားရေးစစ်ဆေးမှုများ ပြုလုပ် နေ ခြင်းဖြစ်ကြောင်း သိရသည်။
ြွမဝတီ မြို့သို့ နိုင်ငံသားဝင်ရောက်မှုမှာ ယခင်ကထက် ပိုမိုများပြားလာကာ နေ့စဉ် ရာနှင်ချီနေပြီး ရွှေကုက္ကို မြို့ သစ် စီမံကိန်းတွင် အလုပ်လုပ်ကိုင်ရန်နှင့် မြဝတီ မြို့တွင် စီးပွားရေး လုပ်ကိုင်ရန် လာရောက် ကြသည့် နိုင်ငံခြားသားများအား ကျန်းမာရေးစစ် ဆေး မှုများ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် ကျန်မာရေးစစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိသည့် သူနာပြုဆရာမတစ်ဦးက ပြောသည်။
“ ဒီနေ့ နေ့လည် ၂ နာရီချိန်ခန့်ထိ ရွှေကုက္ကို မြို့သစ် စီမံကိန်း မြဝတီမြို့တွင်း သို့ သွားရောက်မည့် တရုတ်နိုင်ငံသား ၅၈ ဦးခန့် နှင့် အခြားနိုင်ငံသား ၁၄ ဦးတို့အား ကျန်းမာရေးစစ်ဆေးခဲ့ပြီး အပူချိန် မြင့်တက်ကာ သံသယရှိသူ တွေ့ရှိပါက ကျန်းမာရေးဌာန သို့ ချက်ချင်း ပို့ဆောင်ပေးမယ်” ဟု ၄င်းကပြောသည်။
သို့သော်လည်း ကိုရိုနာဗိုင်းရက်စ် နှင့်ပတ်သက်၍ လက်ရှိအချိန်အထိ သံ သယလူနာ တစ်စုံတစ်ယောက်မျှမရှိသေးကြောင်း အထက်ပါ သူနာပြုဆရာမကပြောသည်။
ယင်းသို့ မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားများတွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နေသကဲ့သို့ တာ၀န်ရှိ သူ များ အ နေဖြင့် မြဝတီမြို့ သောင်း ရင်းမြစ် ကမ်းတလျှောက်ရှိ တရားမဝင်လှေဆိပ်များတွင်လည်း ဆောင်ရွက်သင့်ကြောင်း၊ ထို တ ရား မဝင်လှေဆိပ်များမှာ ၂၀ ကျော်ရှိ နေပြီး ထိုမှတဆင့် တရုတ်နိုင်ငံသားများ ဝင်ရောက် လာမှုများရှိလာနိုင်သည့်အတွက် အဆိုပါ လှေဆိပ်များကိုလည်း ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်သင့်သည်ဟု မြဝတီမြို့နေ ပြည်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။
Image may contain: 1 person
Image may contain: one or more people and people standing
Source- နေနော် (မြ၀တီ) #Myanmar_Online_News
>>Zawgyi<<
မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားမှတဆင့် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်နေ
Sunday, January 26, 2020
အပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက်ဖြစ်သော မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားများမှတဆင့် ဝင်ရောက်လာသော တ ရုတ် နိုင်ငံသားများနှင့် အခြားနိုင်ငံခြားသားများအား ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးမှုများ ယနေ့ (ဇန်နဝါရီ ၂၆)ရက်မှစတင်ကာ ပိုမိုးတင်းကြပ်စွာပြု လုပ်နေကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးမှုများကို မြန်မာနှင့် ထိုင်း နှစ်ဘက်စလုံးတွင် ပြုလုပ်နေခြင်း ဖြစ်ပြီး မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတား နှင့် အမှတ် ၂ ချစ်ကြည်ရေး တံတားတို့မှတွင် ခေတ်မီစက်များဖြင့် ကျန်းမားရေးစစ်ဆေးမှုများ ပြုလုပ် နေ ခြင်းဖြစ်ကြောင်း သိရသည်။
ြွမဝတီ မြို့သို့ နိုင်ငံသားဝင်ရောက်မှုမှာ ယခင်ကထက် ပိုမိုများပြားလာကာ နေ့စဉ် ရာနှင်ချီနေပြီး ရွှေကုက္ကို မြို့ သစ် စီမံကိန်းတွင် အလုပ်လုပ်ကိုင်ရန်နှင့် မြဝတီ မြို့တွင် စီးပွားရေး လုပ်ကိုင်ရန် လာရောက် ကြသည့် နိုင်ငံခြားသားများအား ကျန်းမာရေးစစ် ဆေး မှုများ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် ကျန်မာရေးစစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိသည့် သူနာပြုဆရာမတစ်ဦးက ပြောသည်။
“ ဒီနေ့ နေ့လည် ၂ နာရီချိန်ခန့်ထိ ရွှေကုက္ကို မြို့သစ် စီမံကိန်း မြဝတီမြို့တွင်း သို့ သွားရောက်မည့် တရုတ်နိုင်ငံသား ၅၈ ဦးခန့် နှင့် အခြားနိုင်ငံသား ၁၄ ဦးတို့အား ကျန်းမာရေးစစ်ဆေးခဲ့ပြီး အပူချိန် မြင့်တက်ကာ သံသယရှိသူ တွေ့ရှိပါက ကျန်းမာရေးဌာန သို့ ချက်ချင်း ပို့ဆောင်ပေးမယ်” ဟု ၎င်းကပြောသည်။
သို့သော်လည်း ကိုရိုနာဗိုင်းရက်စ် နှင့်ပတ်သက်၍ လက်ရှိအချိန်အထိ သံ သယလူနာ တစ်စုံတစ်ယောက်မျှမရှိသေးကြောင်း အထက်ပါ သူနာပြုဆရာမကပြောသည်။
ယင်းသို့ မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားများတွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နေသကဲ့သို့ တာဝန်ရှိ သူ များ အ နေဖြင့် မြဝတီမြို့ သောင်း ရင်းမြစ် ကမ်းတလျှောက်ရှိ တရားမဝင်လှေဆိပ်များတွင်လည်း ဆောင်ရွက်သင့်ကြောင်း၊ ထို တ ရား မဝင်လှေဆိပ်များမှာ ၂၀ ကျော်ရှိ နေပြီး ထိုမှတဆင့် တရုတ်နိုင်ငံသားများ ဝင်ရောက် လာမှုများရှိလာနိုင်သည့်အတွက် အဆိုပါ လှေဆိပ်များကိုလည်း ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်သင့်သည်ဟု မြဝတီမြို့နေ ပြည်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။
Source- နေနော် (မြဝတီ) #Myanmar_Online_News

0 comments:

Post a Comment