Sunday, January 26, 2020

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာနှင့်ပတ်သက်၍ ပြည်သူထံ ချပြပါက တိုက်ခိုက်မှုများ ရှိလာမည်ကို စိုးရိမ်ကြောင်းပြော

Image may contain: 1 person
ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်မှ ဒီမိုကရေစီမလိုလားသူ များက စာရင်းစစ်ချုပ် အစီရင်ခံ စာပါ အချက်အလက်ကို အသုံးချ ၍ တိုက်ခိုက်လာမည်ကို တိုင်း အစိုးရနှင့် လွှတ်တော်ကိုယ်စား လှယ်အချို့ စိုးရိမ်နေကြောင်း၊အစိုးရအဖွဲ့သည် စာရင်း စစ်ချုပ် အစီရင်ခံစာကို ကန့်သတ် ဟု ယူဆထားကြောင်း၊ စာရင်း စစ်ချုပ် အစီရင်ခံစာမူရင်းကို အ များပြည်သူသို့ ချပြပါက တိုက်ခိုက်လာမည်ကို စိုးရိမ်ဖွယ်ရှိ ကြောင်း ပြောသည်။

‘‘အခုချိန်မှာ ဒီမိုကရေစီမလို လားသူတွေကလည်း ဒီမိုကရေစီ အသံနဲ့ ပြောတဲ့ခေတ်ကို ရောက် လာတယ်။ သူတို့က ဒီအချက်တွေ ကို ရရှိသွားတဲ့အခါ အသုံးချပြီး အစိုးရတို့၊ လွှတ်တော်တို့ကို တိုက်ခိုက်တဲ့အခါ အသုံးချနိုင်တယ် လို့ အစိုးရဘက်ကသော်လည်း ကောင်း၊ ကိုယ်စားလှယ်တချို့က သော်လည်းကောင်း စိတ်ပူနိုင် တယ်’’ဟု ၎င်းက ပြောသည်။
လက်ရှိ ရန်ကုန်တိုင်း အစိုးရ သက်တမ်းတွင် ၂၀၁၅-၁၆ စာရင်းစစ်ချုပ် အစီရင်ခံစာကို ၂၀၁၇ မတ်လတွင် ဆွေးနွေးခဲ့ပြီး ၂၀၁၆-၁၇ စာရင်းစစ်ချုပ် အစီ ရင်ခံစာကို ၂၀၁၈ ဩဂုတ်တွင် ဆွေးနွေးခဲ့သည်။ ၂၀၁၇-၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာကို ၂၀၁၉ တွင် ဆွေးနွေးခွင့်ရရမည် ဖြစ်သော်လည်း ၂၀၂၀ မှသာ ဆွေးနွေးခွင့်ရခဲ့သည်။
ထို့အပြင် ယင်းအစီရင်ခံစာ သည် ယခင်နှစ်များကဲ့သို့ မူရင်း အဖြစ် ထွက်ရှိမလာဘဲ အကျဉ်း ချုပ်အဖြစ်သာ လွှတ်တော်၌ ဖတ် ကြားခဲ့သည်။
အဆိုပါ အစီရင်ခံစာအ ကျဉ်းတွင် ယခင်အစိုးရလက် ထက်က ချုပ်ဆိုသည့် စာချုပ်များ အကြောင်းနှင့် လက်ရှိ အစိုးရ လက်ထက်၌ ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲရာတွင် လုပ်ထုံးလုပ်နည်း များနှင့် လုပ်ပိုင်ခွင့်များ ကျော်လွန် နေသည်ကို ဖော်ပြထားသည်။
‘‘ဝန်ကြီးချုပ်က အစည်းအ ဝေးတွေမှာ မကြာခဏ ပြောလေ့ ရှိတယ်။ ပထမ အစီရင်ခံစာအ ပြင်ကို ထွက်သွားတဲ့အတွက် သူ့ မှာ တာဝန်ရှိတယ်လို့ သူက ခံယူ ထားတဲ့သဘောရှိတယ်။ ကျွန် တော်ကတော့ လွှတ်တော်ထဲမှာ ချပြထားတဲ့ဟာက ကန့်သတ်ဖြစ် တာထက်စာရင် ဒီမိုကရေစီလူ့ အဖွဲ့အစည်းတစ်ခုမှာ ပြည်သူ့ဆီ ပိုရောက်တာကတော့ စာရင်းစစ် ရော၊ အစိုးရရော လူပိုသိလေ ထိန်းကျောင်းရလွယ်လေလို့ပဲ ယူဆတယ်’’ဟု ပြောသည်။
Ref; 7DayNews #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment