Tuesday, January 28, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်စျေးကွက်အတွင်း Mask အရောင်းအဝယ်များဖြစ်ပေါ်နေ

Image may contain: one or more peopleNo photo description available.

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စျေးကွက်အတွင်း Mask စျေးကစားမှုများရှိလာကြောင်း ရန်ကုန်မြို့ရှိ ဆေးဆိုင်တချို့ထံမှသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက Mask တစ်ထုတ်လျှင် ငွေကျပ် ၆၀၀ နှင့် ၇၀၀ ကြားရှိခဲ့ရာမှ ယနေ့ (ဇန်နဝါရီ ၂၈ ရက်) တွင်တစ်ထုတ်လျှင် ငွေကျပ် ၁၀၀၀ အထိ မြင့်တက်ခဲ့သည်။
“မနေ့ကသွားဝယ်တာမရတော့ဘူး။ အမတို့ဆိုင်ကသေးတော့ ဝယ်ရင် အလွန်ဆုံး ၁၀ ထုပ်၊ ၁၅ ထုပ်လောက်ပဲဝယ်ဖြစ်တယ်။ တချို့ဆိုင်ကြီးတွေက အထုပ်ရာချီဝယ်ကြတယ်။ အဲဒီတော့ ဒိုင်ကြီးတွေက ကျွန်မတို့ကို အထုပ်နည်းနည်းပဲယူတော့ မရောင်းချင်ကြဘူး။ သူတို့မရောင်းလို့ ကျွန်မတို့ဆေးဆိုင်မှာ Mask မရှိဘူး၊ ပစ္စည်းကုန်နေပြီ ပြောလိုက်ရင် လူတွေက ထိတ်လန့်ပြီး တခြားဆိုင်ကြီးတွေမှာ သွားဝယ်ကြမယ်။ အဲဒီအခါကြ ဆိုင်ကြီးတွေက ဈေးတင်ရောင်းကြမယ်။ အဲဒီလို စျေးကွက်ကစားတဲ့ပုံစံတွေ ရှိနေတယ်” ဟု ဆေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ မခင်သဇင်က ပြောကြားခဲ့သည်။
ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့ မအေးအေးခိုင်ကလည်း “ပစ္စည်းပြတ်နေပြီ ပြောကြလို့ အိမ်မှာလည်း ကလေးနဲ့ ရောဂါသည်အဖေရှိနေတော့ ပြေးဝယ်ထားတာ။ အရင်ကမဝယ်ဖူးတော့ စျေးမသိဘူး။ အခု ၁၀ ထုပ် ပါရိုးရိုးဟာက ၁၀၀၀ ပေးရတယ်။ အဖေ့အတွက်ရှယ်က ၃၅၀၀ ပေးရတယ်” ဟုပြောပြသည်။
“ကျွန်တော်တို့ဆေးဆိုင်မှာတော့ ဒီမနက်တင် အထုပ် ၅၀ ကျော် ရောင်းရတယ်။ ပစ္စည်းပြတ်ခါနီးပြီ။ စျေးနှုန်းကတော့ လိုချင်တဲ့ အမျိုးအစားနဲ့ အရေအတွက်ပေါ်မူတည်ပြီး ရောင်းပေးနေပါတယ်” ဟု ပန်းဆိုးတန်းရှိဆေးဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံတွင် ယခုအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ရှိသူ မတွေ့ရှိရသေးကြောင်း ဗဟိုကူးစက် တိုက်ဖျက်ရေးဌာနခွဲမှ သိရသည်။
ပြင်းထန်သည့်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ စတင်တွေ့ရှိခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံကို ကူးစက်ထားသည်။
Image may contain: one or more people
Image may contain: one or more people
Image may contain: 2 people
Source : StandardTime #Myanmar_Online_News
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်စျေးကွက်အတွင်း Mask အရောင်းအဝယ်များဖြစ်ပေါ်နေ
Tuesday, January 28 , 2020

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စျေးကွက်အတွင်း Mask စျေးကစားမှုများရှိလာကြောင်း ရန်ကုန်မြို့ရှိ ဆေးဆိုင်တချို့ထံမှသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက Mask တစ်ထုတ်လျှင် ငွေကျပ် ၆၀၀ နှင့် ၇၀၀ ကြားရှိခဲ့ရာမှ ယနေ့ (ဇန်နဝါရီ ၂၈ ရက်) တွင်တစ်ထုတ်လျှင် ငွေကျပ် ၁၀၀၀ အထိ မြင့်တက်ခဲ့သည်။
“မနေ့ကသွားဝယ်တာမရတော့ဘူး။ အမတို့ဆိုင်ကသေးတော့ ဝယ်ရင် အလွန်ဆုံး ၁၀ ထုပ်၊ ၁၅ ထုပ်လောက်ပဲဝယ်ဖြစ်တယ်။ တချို့ဆိုင်ကြီးတွေက အထုပ်ရာချီဝယ်ကြတယ်။ အဲဒီတော့ ဒိုင်ကြီးတွေက ကျွန်မတို့ကို အထုပ်နည်းနည်းပဲယူတော့ မရောင်းချင်ကြဘူး။ သူတို့မရောင်းလို့ ကျွန်မတို့ဆေးဆိုင်မှာ Mask မရှိဘူး၊ ပစ္စည်းကုန်နေပြီ ပြောလိုက်ရင် လူတွေက ထိတ်လန့်ပြီး တခြားဆိုင်ကြီးတွေမှာ သွားဝယ်ကြမယ်။ အဲဒီအခါကြ ဆိုင်ကြီးတွေက ဈေးတင်ရောင်းကြမယ်။ အဲဒီလို စျေးကွက်ကစားတဲ့ပုံစံတွေ ရှိနေတယ်” ဟု ဆေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ မခင်သဇင်က ပြောကြားခဲ့သည်။
ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့ မအေးအေးခိုင်ကလည်း “ပစ္စည်းပြတ်နေပြီ ပြောကြလို့ အိမ်မှာလည်း ကလေးနဲ့ ရောဂါသည်အဖေရှိနေတော့ ပြေးဝယ်ထားတာ။ အရင်ကမဝယ်ဖူးတော့ စျေးမသိဘူး။ အခု ၁၀ ထုပ် ပါရိုးရိုးဟာက ၁၀၀၀ ပေးရတယ်။ အဖေ့အတွက်ရှယ်က ၃၅၀၀ ပေးရတယ်” ဟုပြောပြသည်။
“ကျွန်တော်တို့ဆေးဆိုင်မှာတော့ ဒီမနက်တင် အထုပ် ၅၀ ကျော် ရောင်းရတယ်။ ပစ္စည်းပြတ်ခါနီးပြီ။ စျေးနှုန်းကတော့ လိုချင်တဲ့ အမျိုးအစားနဲ့ အရေအတွက်ပေါ်မူတည်ပြီး ရောင်းပေးနေပါတယ်” ဟု ပန်းဆိုးတန်းရှိဆေးဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံတွင် ယခုအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ရှိသူ မတွေ့ရှိရသေးကြောင်း ဗဟိုကူးစက် တိုက်ဖျက်ရေးဌာနခွဲမှ သိရသည်။
ပြင်းထန်သည့်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ စတင်တွေ့ရှိခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံကို ကူးစက်ထားသည်။
Source : StandardTime #Myanmar_Online_News

0 comments:

Post a Comment