Saturday, January 11, 2020

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ဂျပန်စစ်သည်များ၏ အရိုးစုများ၊ စစ်ကျန် လက်နက်/ခဲယမ်းများ တူးဖော်တွေ့ရှိ

ကံသာကျေးရွာနေ ဦးဌေးမြင့်၏ နေအိမ်ခြံဝင်းအတွင်း၌ ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီ ၂၀ မိနစ်က ဂျပန်စစ်သည်များ၏ အရိုးစုများ၊ စစ်ကျန် လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ တူးဖော်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ Mr. Atsunari Tokunaga ပါ ဂျပန်နိုင်ငံသား ၃ ဦးသည် စကားပြန်များနှင့်အတူ ဂျပန်စစ်သည်များ၏ အရိုးများအား ဦးဌေးမြင့်၏ နေအိမ်ခြံဝင်းအတွင်း ရှာဖွေတူးဖော်ခဲ့ရာ ဂျပန်စစ်သည် အရိုးစုများနှင့် စစ်ကျန်လက်ပစ်ဗုံးဟောင်း ၆ လုံး၊ လှံစွပ်တပ်ပြောင်းရှည်သေနတ် ၁ လက်၊ ကျည် ၅ တောင့်ပါ ကျည်ကဒ် ၉ ကဒ်၊ ကျည် ၄ တောင့်ပါ ကျည်ကဒ် ၆ ကဒ်၊ ကျည် ၁၂ တောင့်နှင့် ဦးထုပ်ဟောင်း ၁ လုံးတို့အား တူးဖော်တွေ့ရှိခဲ့ပြီး တူးဖော်ရရှိသော လက်နက်/ခဲယမ်းများအား ငါန်းဇွန်မြို့မရဲစခန်းထံ အပ်နှံသဖြင့် လက်ခံခဲ့ပြီး နယ်မြေခံတပ်မှ လာရောက်သိမ်းဆည်းနိုင်ရေး ဆက်သွယ်ထားကြောင်း သိရှိရသည်။
Source- ရဲဇာနည် #Myanmar_Online_News

<zawgyi>

Saturday,January 11 ,2019

0 comments:

Post a Comment