
မလေးရှားတော်ဝင်ရေတပ်အနေနဲ့ အမေရိကန်တို့ဆီကနေ မောင်းသူမဲ့ဝေဟင်သွားယာဉ်တွေဖြစ်တဲ့ Unmanned Airborne System (UAS) ၁၂ စီးကို ၂၀၂၀ ပြည့်နှစ်အတွင်း လက်ခံရယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ ၁၂ စီးကို မလေးရှားနိုင်ငံ၊ ကိုတာ ကီလာဘာလူးမှာ အခြေပြုထားရှိသွားမှာဖြစ်တယ်လို့ မလေးရှားတော်ဝင်ရေတပ်ဦးစီးချုပ် RMN Chief Admiral Mohd Reza Mohd Sany က အတည်ပြု ပြောကြားခဲ့ပါတယ်။ အဲ့ဒီ UAS တွေဟာ ပင်လယ်ရေကြောင်း စောင့်ကြည့်ထောက်လှမ်းရေး ကင်းလှည့်လေယာဉ်အမျိုးအစားတွေဖြစ်ပါတယ်။
UAS ၁၂ စီးအပြင် မလေးရှားတို့ဟာ အမေရိကန်တို့ဆီက အမြန်သွား ကြားဖြတ်တိုက်ခိုက်ရေးရေယာဉ်ငယ် ၁၈ စီးနဲ့ ပင်လယ်ရေကြောင်းမောင်းနှင်ရေး ရဟတ်ယာဉ် ၃ စီးကိုလည်း လက်ခံရယူသွားဦးမှာဖြစ်ပါတယ်။
မလေးရှားတော်ဝင်ရေတပ်အနေနဲ့ ၂၀၁၆ ခုနှစ်ကတည်းက ရေတပ်အင်အားပိုမိုကျစ်လျစ်တိုးတက်စေရေးအတွက် လုပ်ဆောင်လျက်ရှိပါတယ်။ Multi-Role Support Ships (MRSS) တွေကိုလည်း အခြားသောနိုင်ငံတွေနဲ့ ပူးပေါင်းတည်ဆောက်လျက်ရှိပါတယ်။ အဲ့ဒီသင်္ဘောတွေ တည်ဆောက်ပြီးစီးသွားတဲ့အခါမှာ ရေတပ်ပိုင်းဆိုင်ရာ အုပ်ချုပ်ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
<zawgyi>
ဝေဟင်သွားမောင်းသူမဲ့ယာဉ် ၁၂ စီးနဲ့ ရေယာဉ်၊ ရဟတ်ယာဉ်များကို အမေရိကန်ဆီကနေ လက်ခံရယူသွားမဲ့ မလေးရှားရေတပ်
Saturday,January 11 ,2019
မလေးရှားတော်ဝင်ရေတပ်အနေနဲ့ အမေရိကန်တို့ဆီကနေ မောင်းသူမဲ့ဝေဟင်သွားယာဉ်တွေဖြစ်တဲ့ Unmanned Airborne System (UAS) ၁၂ စီးကို ၂၀၂၀ ပြည့်နှစ်အတွင်း လက်ခံရယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ ၁၂ စီးကို မလေးရှားနိုင်ငံ၊ ကိုတာ ကီလာဘာလူးမှာ အခြေပြုထားရှိသွားမှာဖြစ်တယ်လို့ မလေးရှားတော်ဝင်ရေတပ်ဦးစီးချုပ် RMN Chief Admiral Mohd Reza Mohd Sany က အတည်ပြု ပြောကြားခဲ့ပါတယ်။ အဲ့ဒီ UAS တွေဟာ ပင်လယ်ရေကြောင်း စောင့်ကြည့်ထောက်လှမ်းရေး ကင်းလှည့်လေယာဉ်အမျိုးအစားတွေဖြစ်ပါတယ်။
UAS ၁၂ စီးအပြင် မလေးရှားတို့ဟာ အမေရိကန်တို့ဆီက အမြန်သွား ကြားဖြတ်တိုက်ခိုက်ရေးရေယာဉ်ငယ် ၁၈ စီးနဲ့ ပင်လယ်ရေကြောင်းမောင်းနှင်ရေး ရဟတ်ယာဉ် ၃ စီးကိုလည်း လက်ခံရယူသွားဦးမှာဖြစ်ပါတယ်။
မလေးရှားတော်ဝင်ရေတပ်အနေနဲ့ ၂၀၁၆ ခုနှစ်ကတည်းက ရေတပ်အင်အားပိုမိုကျစ်လျစ်တိုးတက်စေရေးအတွက် လုပ်ဆောင်လျက်ရှိပါတယ်။ Multi-Role Support Ships (MRSS) တွေကိုလည်း အခြားသောနိုင်ငံတွေနဲ့ ပူးပေါင်းတည်ဆောက်လျက်ရှိပါတယ်။ အဲ့ဒီသင်္ဘောတွေ တည်ဆောက်ပြီးစီးသွားတဲ့အခါမှာ ရေတပ်ပိုင်းဆိုင်ရာ အုပ်ချုပ်ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
Source- freemalaysiatoday.com #Myanmar_Online_News #ပင်လယ်ရေကြောင်း






0 comments:
Post a Comment