Sunday, January 12, 2020

မိုးညိုမြို့နယ်အတွင်းရှိ ဆေးရွက်ကြီးစိုက်ပျိုးသူများ အကျိုးအမြတ်နည်းသည့်အတွက် အခြားသီးနှံ ပြောင်းလည်းစိုက်ပျိုး

Image may contain: plant, grass, outdoor and natureImage may contain: plant, outdoor and nature

ပဲခူးတိုင်းအနောက်ခြမ်း မိုးညိုမြို့နယ်အတွင်းရှိ ဆေးရွက်ကြီးစိုက်ပျိုးသူများအနေဖြင့်သွင်းအားစုစရိတ်ကြီးမြင့်မူနှင့် စျေးနိမ်မူကြောင့်အကျိုးအမြတ်နည်းပါးလာသည့်အတွက် ဆေးရွက်ကြီးအစား အခြားပဲမျိုးစုံကို ပြောင်းလဲစိုက်ပျိုးလာကြောင်း ဒေသခံဆေးရွက်ကြီးစိုက်ပျိုးတစ်ဦးထံမှသိရသည်။

ပြီးခဲ့သည့်နှစ် ဆေးရွက်ကြီးပေါ်ချိန် ပိဿာချိန် ၁၀၀ လျင် ကျပ်၂၂၅,၀၀၀ စျေးဖြင်​ြရောင်းချခဲ့ရပြီး တဧကလျင် ဆေးရွက်ကြီး အခြောက်ပျမ်းမျှ ပိဿာ ၅၀၀ ခန့်ထွက်ကြောင်း သိရသည်။
"ဆေးရွက်ကြီးစိုက်တာက ပင်ပန်းတယ်လက်၀င်တယ်။ စရိတ်တွေကုန်တယ်။ စျေးကွက်မှာစားသောက်ကုန်မဟုတ်တော့ ကုန်သည်ပွဲစားအနိမ်ခံရတယ်။ စျေးကြောင်းမကောင်းဘူး။ နှင်းလွန်တာတို့မိူကပ်တာတို့ဆိုရင် လှည့်ကိုမကြည့်ဘူး။" ဟု မိုးညိုမြို့နယ် ဖန်ခါးပင်အုပ်စု မကြီးကုန်းရွာမှ ကိုလိူင်ကပြောသည်။
တဧကလျင် ဆေးရွက်ကြီး အပင် ၈၀၀၀ စိုက်ပျိုးရကြောင်း ဆေးရွက်ကြီးပျိုးပင်တပင်လျင် ၃၀ ကျပ်ဖြင့် ဝယ်ယူရပြီး စိုက်ခအနေဖြင့်တစ်ပင်လျင် ၄၀ ကျပ်ပေးရကြောင်း သမန်းပြင်ခ၊ ခူးဆွတ်ခ၊ သယ်ပို့ခ၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးဖိုးအပြင် လုပ်သားခများနှင့်အခြားအသုံးပြုရသည့်ကုန်ကျစရိတ်များကို တွက်ချက်ပါက တဧကလျင် ကျပ် ၁၀ သိန်းကျော်ခန့်ကုန်ကျသည့်အတွက် အကျိုးအမြတ်နည်းပါးကြောင်းဆေးရွက်ကြီးပင်၏ သက်တမ်းမှာ ရက်တရာခန့်ရှိကြောင်း ၎င်းကဆက်ပြောသည်။
"ဆေးရွက်ကြီးစိုက်တာက အလုပ်တော်တော်ရူပ်တယ်။ ဒီကြားထဲအလုပ်သမားရှားပါးမူကလည်းရှိတယ်။ ဓါတ်ဆားကသုံးအိတ်ကုန်တော့ တသိန်းနီးပါးရှိတယ်။ စျေးကလည်းပိဿာ ၁၀၀ ကို သုံးသိန်းလောက်ရမှ ကိုက်မယ်။ ဒါကြောင့် တော်တော်များများက မစိုက်တော့ဘပဲမျိုးစုံနဲ့ပြောင်းကိုလှည့်စိုက်လာကြတယ်"ဟု ကိုလှိုင်က ဆက်ပြောသည်။
ပဲခူးတိုင်းအတွင်း ဆေးရွက်ကြီးကို မိုးညိုမြို့နယ်အနောက်ဘက် စိန်တိုင်ကျွန်းကျေးရွာ အနီးတဝိုက်တွင် အဓိကစိုက်ပျိုးကြကြောင်းသိရသည်။
သတင်းနှင့် ဓါတ်ပုံ-အောင်ကြီး #Myanmar_Online_News
<<Zawgyi>>
မိုးညိုမြို့နယ်အတွင်းရှိ ဆေးရွက်ကြီးစိုက်ပျိုးသူများ အကျိုးအမြတ်နည်းသည့်အတွက် အခြားသီးနှံ ပြောင်းလည်းစိုက်ပျိုး
Sunday , January 12 , 2020

ပဲခူးတိုင်းအနောက်ခြမ်း မိုးညိုမြို့နယ်အတွင်းရှိ ဆေးရွက်ကြီးစိုက်ပျိုးသူများအနေဖြင့်သွင်းအားစုစရိတ်ကြီးမြင့်မူနှင့် စျေးနိမ်မူကြောင့်အကျိုးအမြတ်နည်းပါးလာသည့်အတွက် ဆေးရွက်ကြီးအစား အခြားပဲမျိုးစုံကို ပြောင်းလဲစိုက်ပျိုးလာကြောင်း ဒေသခံဆေးရွက်ကြီးစိုက်ပျိုးတစ်ဦးထံမှသိရသည်။
ပြီးခဲ့သည့်နှစ် ဆေးရွက်ကြီးပေါ်ချိန် ပိဿာချိန် ၁၀၀ လျင် ကျပ်၂၂၅,၀၀၀ စျေးဖြင်ြရောင်းချခဲ့ရပြီး တဧကလျင် ဆေးရွက်ကြီး အခြောက်ပျမ်းမျှ ပိဿာ ၅၀၀ ခန့်ထွက်ကြောင်း သိရသည်။
"ဆေးရွက်ကြီးစိုက်တာက ပင်ပန်းတယ်လက်ဝင်တယ်။ စရိတ်တွေကုန်တယ်။ စျေးကွက်မှာစားသောက်ကုန်မဟုတ်တော့ ကုန်သည်ပွဲစားအနိမ်ခံရတယ်။ စျေးကြောင်းမကောင်းဘူး။ နှင်းလွန်တာတို့မိူကပ်တာတို့ဆိုရင် လှည့်ကိုမကြည့်ဘူး။" ဟု မိုးညိုမြို့နယ် ဖန်ခါးပင်အုပ်စု မကြီးကုန်းရွာမှ ကိုလိူင်ကပြောသည်။
တဧကလျင် ဆေးရွက်ကြီး အပင် ၈၀၀၀ စိုက်ပျိုးရကြောင်း ဆေးရွက်ကြီးပျိုးပင်တပင်လျင် ၃၀ ကျပ်ဖြင့် ဝယ်ယူရပြီး စိုက်ခအနေဖြင့်တစ်ပင်လျင် ၄၀ ကျပ်ပေးရကြောင်း သမန်းပြင်ခ၊ ခူးဆွတ်ခ၊ သယ်ပို့ခ၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးဖိုးအပြင် လုပ်သားခများနှင့်အခြားအသုံးပြုရသည့်ကုန်ကျစရိတ်များကို တွက်ချက်ပါက တဧကလျင် ကျပ် ၁၀ သိန်းကျော်ခန့်ကုန်ကျသည့်အတွက် အကျိုးအမြတ်နည်းပါးကြောင်းဆေးရွက်ကြီးပင်၏ သက်တမ်းမှာ ရက်တရာခန့်ရှိကြောင်း ၎င်းကဆက်ပြောသည်။
"ဆေးရွက်ကြီးစိုက်တာက အလုပ်တော်တော်ရူပ်တယ်။ ဒီကြားထဲအလုပ်သမားရှားပါးမူကလည်းရှိတယ်။ ဓါတ်ဆားကသုံးအိတ်ကုန်တော့ တသိန်းနီးပါးရှိတယ်။ စျေးကလည်းပိဿာ ၁၀၀ ကို သုံးသိန်းလောက်ရမှ ကိုက်မယ်။ ဒါကြောင့် တော်တော်များများက မစိုက်တော့ဘပဲမျိုးစုံနဲ့ပြောင်းကိုလှည့်စိုက်လာကြတယ်"ဟု ကိုလှိုင်က ဆက်ပြောသည်။
ပဲခူးတိုင်းအတွင်း ဆေးရွက်ကြီးကို မိုးညိုမြို့နယ်အနောက်ဘက် စိန်တိုင်ကျွန်းကျေးရွာ အနီးတဝိုက်တွင် အဓိကစိုက်ပျိုးကြကြောင်းသိရသည်။
သတင်းနှင့် ဓါတ်ပုံ-အောင်ကြီး #Myanmar_Online_News

0 comments:

Post a Comment