Sunday, January 12, 2020

ဩစတြေးလျ တောမီးဘေးသင့်နေသောနေရာရှိ တိရစ္ဆာန်များအတွက် မုန်လာဥနီနှင့်ကန်စွန်းဥများကို လေယာဉ်ပေါ်မှကြဲချ

Image may contain: one or more people, food and outdoorImage may contain: one or more people

ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ်အစိုးရက တောမီးနှင့်ရင်ဆိုင်နေရပြီး အစာရေစာပြတ်တောက်နေသည့် သားပိုက်ကောင်များအတွက် မုန်လာဥနီနှင့်ကန်စွန်းဥ ကီလိုထောင်နှင့်ချီ၍ လေကြောင်းမှ ကြဲချပေးလျက်ရှိသည်။

နယူးဆောက်ဝေးလ်အမျိုးသားဥယျာဉ်နှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းများက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကိပ်ထရီးနှင့်ဝိုဂန်တောင်ကြား၊ ယန်ဂိုအမျိုးသားဥယျာဉ်၊ ကင်ဂရူးတောင်ကြား၊ ဂျီနိုလန်ဒေသတစ်ဝိုက်၊ အော့စလေမြစ်နှင့် ကာရာကူဘန်ဒီအမျိူးဥယျာဉ်တို့ရှိ သားပိုက်ကောင်များနေထိုင်ကျက်စားရာနေရာများသို့ အစားအစာများကြဲချခဲ့ခြင်းဖြစ်သည်။
မီးဘေးသင့်သောတိရစ္ဆာန်များအတွက် လတ်ဆတ်သောသစ်သီးဝလံ ကီလိုဂရမ် ၂၂၀၀ ကျော်ကို လေကြောင်းမှကြဲချပေးခဲ့ပြီး တိရစ္ဆာန်များမှာ အစားအသောက်အရင်းအမြစ်မရှိဘဲ တောမီးထဲမှထွက်ပြေးခဲ့ရသည်ဟု ပြည်နယ်သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး မတ်ကိန်းကပြောသည်။
“သားပိုက်ကောင်တွေရဲ့ အလေ့အထအရ မီးထဲကသူတို့ဘာသာရုန်းထွက်နိုင်ပေမယ့် မီးဒဏ်ကြောင့် သူတို့ကျက်စားရာမှာရှိတဲ့ သဘာဝအစားသောက်တွေက အကန့်အသတ်ရှိနေပြီး ကူရာမဲ့နေကြတယ်”ဟု မတ်ကိန်းကပြောသည်။
အဆိုပါဒေသရှိ တိရစ္ဆာန်မျိုးစုံအရေအတွက်နှင့် အစားအစာရယူနိုင်မှုအခြေအနေကိုစောင့်ကြည့်ရန် ကင်မရာများလည်း တပ်ဆင်နေကြောင်း ၎င်းကဆိုသည်။
ဩစတြေးလျတွင် လောင်ကျွမ်းခဲ့သော တောမီးကြောင့်တိုက်ရိုက်ဖြစ်စေ၊ ဆင့်ကဲအကျိုးသက်ရောက်မှုကြောင့်ဖြစ်စေ ခန့်မှန်းခြေတိရစ္ဆာန်ပေါင်း ၁ ဒသမ ၂၅ ဘီလီယံသေဆုံးခဲ့ကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့(WWF)ကထုတ်ပြန်ထားသည်။
ပြည်နယ်အတွင်းရှိ အဓိကမျိုးစိတ်များကျင်လည်နေသည့် ပတ်ဝန်းကျင်ပျက်စီးလာခြင်းကြောင့် တောမီးမလောင်ကျွမ်းမီကတည်းကပင် အစာရေစာရှားပါးမှုများရှိနေခဲ့သည်။
လက်ရှိအတောအတွင်း ဩစတြေးလျ တိရစ္ဆာန်ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ဗစ်တိုးရီးယားပြည်နယ်အတွင်းရှိ ဒဏ်ရာရသူများနှင့် မီးလောင်ကျွမ်းခံရသော တောရိုင်းတိရစ္ဆာန်များအတွက် အစားအသောက်များကို လေကြောင်းဖြင့်သွားရောက်ထောက်ပံ့ခဲ့သည်။
Image may contain: outdoor
Image may contain: one or more people and outdoor
Image may contain: text
No photo description available.

<<Zawgyi>>
ဩစတြေးလျ တောမီးဘေးသင့်နေသောနေရာရှိ တိရစ္ဆာန်များအတွက် မုန်လာဥနီနှင့်ကန်စွန်းဥများကို လေယာဉ်ပေါ်မှကြဲချ
Sunday , January 12 , 2020

ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ်အစိုးရက တောမီးနှင့်ရင်ဆိုင်နေရပြီး အစာရေစာပြတ်တောက်နေသည့် သားပိုက်ကောင်များအတွက် မုန်လာဥနီနှင့်ကန်စွန်းဥ ကီလိုထောင်နှင့်ချီ၍ လေကြောင်းမှ ကြဲချပေးလျက်ရှိသည်။
နယူးဆောက်ဝေးလ်အမျိုးသားဥယျာဉ်နှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းများက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကိပ်ထရီးနှင့်ဝိုဂန်တောင်ကြား၊ ယန်ဂိုအမျိုးသားဥယျာဉ်၊ ကင်ဂရူးတောင်ကြား၊ ဂျီနိုလန်ဒေသတစ်ဝိုက်၊ အော့စလေမြစ်နှင့် ကာရာကူဘန်ဒီအမျိူးဥယျာဉ်တို့ရှိ သားပိုက်ကောင်များနေထိုင်ကျက်စားရာနေရာများသို့ အစားအစာများကြဲချခဲ့ခြင်းဖြစ်သည်။
မီးဘေးသင့်သောတိရစ္ဆာန်များအတွက် လတ်ဆတ်သောသစ်သီးဝလံ ကီလိုဂရမ် ၂၂၀၀ ကျော်ကို လေကြောင်းမှကြဲချပေးခဲ့ပြီး တိရစ္ဆာန်များမှာ အစားအသောက်အရင်းအမြစ်မရှိဘဲ တောမီးထဲမှထွက်ပြေးခဲ့ရသည်ဟု ပြည်နယ်သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး မတ်ကိန်းကပြောသည်။
“သားပိုက်ကောင်တွေရဲ့ အလေ့အထအရ မီးထဲကသူတို့ဘာသာရုန်းထွက်နိုင်ပေမယ့် မီးဒဏ်ကြောင့် သူတို့ကျက်စားရာမှာရှိတဲ့ သဘာဝအစားသောက်တွေက အကန့်အသတ်ရှိနေပြီး ကူရာမဲ့နေကြတယ်”ဟု မတ်ကိန်းကပြောသည်။
အဆိုပါဒေသရှိ တိရစ္ဆာန်မျိုးစုံအရေအတွက်နှင့် အစားအစာရယူနိုင်မှုအခြေအနေကိုစောင့်ကြည့်ရန် ကင်မရာများလည်း တပ်ဆင်နေကြောင်း ၎င်းကဆိုသည်။
ဩစတြေးလျတွင် လောင်ကျွမ်းခဲ့သော တောမီးကြောင့်တိုက်ရိုက်ဖြစ်စေ၊ ဆင့်ကဲအကျိုးသက်ရောက်မှုကြောင့်ဖြစ်စေ ခန့်မှန်းခြေတိရစ္ဆာန်ပေါင်း ၁ ဒသမ ၂၅ ဘီလီယံသေဆုံးခဲ့ကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့(WWF)ကထုတ်ပြန်ထားသည်။
ပြည်နယ်အတွင်းရှိ အဓိကမျိုးစိတ်များကျင်လည်နေသည့် ပတ်ဝန်းကျင်ပျက်စီးလာခြင်းကြောင့် တောမီးမလောင်ကျွမ်းမီကတည်းကပင် အစာရေစာရှားပါးမှုများရှိနေခဲ့သည်။
လက်ရှိအတောအတွင်း ဩစတြေးလျ တိရစ္ဆာန်ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ဗစ်တိုးရီးယားပြည်နယ်အတွင်းရှိ ဒဏ်ရာရသူများနှင့် မီးလောင်ကျွမ်းခံရသော တောရိုင်းတိရစ္ဆာန်များအတွက် အစားအသောက်များကို လေကြောင်းဖြင့်သွားရောက်ထောက်ပံ့ခဲ့သည်။

0 comments:

Post a Comment