တရုတ်နိုင်ငံအင်တာပိုအကြီးအကဲဟောင်း မန်ဟုန်ဝေကို တရုတ်တရားရုံးတစ်ခုက ဒေါ်လာ ၂၉၀၀၀၀ လာဘ်ယူမှု၊ အာဏာအလွဲသုံး မှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ် ၁၃ နှစ်ခွဲ ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါ အင်တာပို အကြီးအကဲဟောင်း မန်ဟာ အင်တာပို အကြီးအကဲအဖြစ် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တာဝန်ယူခဲ့သူဖြစ်ပြီး တကယ်တမ်းမှာ ၂၀၂၀ ပြည့်နှစ်အထိ တာဝန်ယူဖို့ စီစဉ်ထားတာဖြစ်ကြောင်းနှင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ပြင်သစ်ကနေ တရုတ်ပြည် က အိမ်ကိုပြန်လာတဲ့ ခရီးစဉ်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်သည်။
ဇနီးဖြစ်သူက မန်ပျောက်ဆုံးနေတယ်လို့ သတင်းပို့ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ မန်ဟာ အင်တာပိုဥက္ကဋ္ဌအဖြစ်ကနေ နုတ်ထွက်ခဲ့တယ်လို့ အင်တာပိုက အတည်ပြုခဲ့သည်။
အဲဒီနောက် သူ့ကို လာဘ်ပေးလာဘ်ယူမှုနဲ့ စွဲချက်တင်ရာမှာ သူကလည်း ဝန်ခံခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အတွင်း ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနဲ့ ကမ်းခြေစောင့်တပ်တွေမှာ တာဝန်ယူစဉ် ကာလအတွင်း ဒေါ်လာ နှစ်သန်းကျော် လာဘ်စားခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး အခု ထောင်ဒဏ် ၁၃ နှစ်ခွဲ ချမှတ်လိုက်တာဖြစ်သည်။
အဆိုပါ အင်တာပို အကြီးအကဲဟောင်း၏ ဇနီးဖြစ်သူကတော့ အခု ပြင်သစ်နိုင်ငံမှာပဲ နိုင်ငံရေး ခိုလှုံခွင့် ယူလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
Source: Reuters
>>Zawgyi<<
အဂတိမှုဖြင့် တရုတ်နိုင်ငံ အင်တာပို အကြီးအကဲဟောင်း နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ
Wednesday , January 22 , 2020
တရုတ်နိုင်ငံ အင်တာပို အကြီးအကဲဟောင်း မန်ဟုန်ဝေကို တရုတ် တရားရုံးတစ်ခုက ဒေါ်လာ ၂၉၀၀၀၀ လာဘ်ယူမှု၊ အာဏာအလွဲသုံး မှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ် ၁၃ နှစ်ခွဲ ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါ အင်တာပို အကြီးအကဲဟောင်း မန်ဟာ အင်တာပို အကြီးအကဲအဖြစ် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တာဝန်ယူခဲ့သူဖြစ်ပြီး တကယ်တမ်းမှာ ၂၀၂၀ ပြည့်နှစ်အထိ တာဝန်ယူဖို့ စီစဉ်ထားတာဖြစ်ကြောင်းနှင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ပြင်သစ်ကနေ တရုတ်ပြည် က အိမ်ကိုပြန်လာတဲ့ ခရီးစဉ်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်သည်။
ဇနီးဖြစ်သူက မန်ပျောက်ဆုံးနေတယ်လို့ သတင်းပို့ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ မန်ဟာ အင်တာပိုဥက္ကဋ္ဌအဖြစ်ကနေ နုတ်ထွက်ခဲ့တယ်လို့ အင်တာပိုက အတည်ပြုခဲ့သည်။
အဲဒီနောက် သူ့ကို လာဘ်ပေးလာဘ်ယူမှုနဲ့ စွဲချက်တင်ရာမှာ သူကလည်း ဝန်ခံခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အတွင်း ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနဲ့ ကမ်းခြေစောင့်တပ်တွေမှာ တာဝန်ယူစဉ် ကာလအတွင်း ဒေါ်လာ နှစ်သန်းကျော် လာဘ်စားခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး အခု ထောင်ဒဏ် ၁၃ နှစ်ခွဲ ချမှတ်လိုက်တာဖြစ်သည်။
အဆိုပါ အင်တာပို အကြီးအကဲဟောင်း၏ ဇနီးဖြစ်သူကတော့ အခု ပြင်သစ်နိုင်ငံမှာပဲ နိုင်ငံရေး ခိုလှုံခွင့် ယူလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
Source: Reuters

0 comments:
Post a Comment