ကနေဒါနိုင်ငံ Newfoundland နဲ့ Labrador ဒေသတွေမှာ တနင်္ဂနွေနေ့က ပြင်းထန်တဲ့ နှင်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် နှင်းထုတွေကို ဖယ်ရှားပေးဖို့ ကနေဒါစစ်သား ၂၀၀ လောက် စေလွှတ်သွားမှာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Harjit Sajjan က ပြောကြားခဲ့ပါတယ်။
လက်နက်ကိုင်တပ်ဟာ ၎င်းဒေသတွေအတွက် သယ်ယူပို့ဆောင်ရေး လေယာဉ် ၂ စီးနဲ့ ရဟတ်ယာဉ် အနည်းဆုံး ၂ စီးထောက်ပံ့ပေးမယ်လို့လည်း ဆိုပါတယ်။ Newfoundland ပြည်နယ်ရဲ့ မြို့တော်စိန့်ဂျွန်းမှာ နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နှင်းထုဟာ ၇၆.၂ စင်တီမီတာထိ ကျရောက်ခဲ့ပြီး လေတိုက်နှုန်းဟာလည်း တစ်နာရီ ၁၃၀ ကီလိုမီတာထိ ရှိနေခဲ့ပါတယ်။
ပြင်းထန်တဲ့ နှင်းမုန်တိုင်းကြောင့် အဓိကလမ်းမများ အများစုဟာ လုံးဝဖြတ်သန်းသွားနိုင်ခြင်း မရှိ တော့ကြောင်း သိရပါတယ်။ ပြည်နယ်ရဲ့ မြို့တော်မှာ အရေးပေါ်အခြေအနေတွေ ကျန်ရှိနေသေးပေမယ့် ဓာတ်ဆီဆိုင်များနဲ့ ဆေးဆိုင်များကို ပြန်လည်ဖွင့်လှစ်ဖို့ အာဏာပိုင်များက ခွင့်ပြုခဲ့ပါတယ်။
“ဒီနေ့ တစ်နေကုန်တော့ စစ်သား ၁၅၀ ကနေ ၂၀၀ အကြားလောက်ဟာ မြေပြင်မှာ ကူညီထောက်ပံ့ဖို့ အဆင်သင့် ဖြစ်နေပါတယ်၊ မနက်ဖြန်နဲ့ လာမယ့်နေ့တွေမှာတော့ စစ်သား၂၅၀ ကနေ ၃၀၀ ထိ ထပ်မံ ရောက်ရှိ လာနိုင်ပါတယ်”လို့ ကာကွယ်ရေးဝန်ကြီး Sajjanက ပြောပါတယ်။
တနင်္ဂနွေနေ့ညက ကနေဒါနိုင်ငံမှာ ဆီးနှင်းများ ၁၀ စင်တီမီတာလောက် စတင်မြင့်တက်လာတာနဲ့အမျှ နောက်ဆက်တွဲ အခြေအနေကို ဆက်လက်ခန့်မှန်းဖို့ ခက်ခဲနေခဲ့ပါတယ်။ “လမ်းတွေကို ပွင့်သွားစေဖို့နဲ့ ဆေးရုံသို့ သွားရောက်လမ်းတွေ သေချာပေါက် ကောင်းနေဖို့ လိုအပ်ပါတယ်”လို့ စိန့်ဂျွန်း မြို့တော်ဝန် Danny Breen က ကနေဒါနိုင်ငံ အသံလွှင့် ကော်ပိုရေးရှင်းကို တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

Ref : channelnewsasia
<zawgyi>
နှင်းမုန်တိုင်းပြင်းထန်စွာတိုက်ခတ်မှုကြောင့် ကနေဒါနိုင်ငံတွင် စစ်သားများ၏ အကူအညီဖြင့် နှင်းထုများကို ဖယ်ရှားရှင်းလင်းနေ
Wednesday , January 22 , 2020
ကနေဒါနိုင်ငံ Newfoundland နဲ့ Labrador ဒေသတွေမှာ တနင်္ဂနွေနေ့က ပြင်းထန်တဲ့ နှင်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် နှင်းထုတွေကို ဖယ်ရှားပေးဖို့ ကနေဒါစစ်သား ၂၀၀ လောက် စေလွှတ်သွားမှာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Harjit Sajjan က ပြောကြားခဲ့ပါတယ်။
လက်နက်ကိုင်တပ်ဟာ ၎င်းဒေသတွေအတွက် သယ်ယူပို့ဆောင်ရေး လေယာဉ် ၂ စီးနဲ့ ရဟတ်ယာဉ် အနည်းဆုံး ၂ စီးထောက်ပံ့ပေးမယ်လို့လည်း ဆိုပါတယ်။ Newfoundland ပြည်နယ်ရဲ့ မြို့တော်စိန့်ဂျွန်းမှာ နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နှင်းထုဟာ ၇၆.၂ စင်တီမီတာထိ ကျရောက်ခဲ့ပြီး လေတိုက်နှုန်းဟာလည်း တစ်နာရီ ၁၃၀ ကီလိုမီတာထိ ရှိနေခဲ့ပါတယ်။
ပြင်းထန်တဲ့ နှင်းမုန်တိုင်းကြောင့် အဓိကလမ်းမများ အများစုဟာ လုံးဝဖြတ်သန်းသွားနိုင်ခြင်း မရှိ တော့ကြောင်း သိရပါတယ်။ ပြည်နယ်ရဲ့ မြို့တော်မှာ အရေးပေါ်အခြေအနေတွေ ကျန်ရှိနေသေးပေမယ့် ဓာတ်ဆီဆိုင်များနဲ့ ဆေးဆိုင်များကို ပြန်လည်ဖွင့်လှစ်ဖို့ အာဏာပိုင်များက ခွင့်ပြုခဲ့ပါတယ်။
“ဒီနေ့ တစ်နေကုန်တော့ စစ်သား ၁၅၀ ကနေ ၂၀၀ အကြားလောက်ဟာ မြေပြင်မှာ ကူညီထောက်ပံ့ဖို့ အဆင်သင့် ဖြစ်နေပါတယ်၊ မနက်ဖြန်နဲ့ လာမယ့်နေ့တွေမှာတော့ စစ်သား၂၅၀ ကနေ ၃၀၀ ထိ ထပ်မံ ရောက်ရှိ လာနိုင်ပါတယ်”လို့ ကာကွယ်ရေးဝန်ကြီး Sajjanက ပြောပါတယ်။
တနင်္ဂနွေနေ့ညက ကနေဒါနိုင်ငံမှာ ဆီးနှင်းများ ၁၀ စင်တီမီတာလောက် စတင်မြင့်တက်လာတာနဲ့အမျှ နောက်ဆက်တွဲ အခြေအနေကို ဆက်လက်ခန့်မှန်းဖို့ ခက်ခဲနေခဲ့ပါတယ်။ “လမ်းတွေကို ပွင့်သွားစေဖို့နဲ့ ဆေးရုံသို့ သွားရောက်လမ်းတွေ သေချာပေါက် ကောင်းနေဖို့ လိုအပ်ပါတယ်”လို့ စိန့်ဂျွန်း မြို့တော်ဝန် Danny Breen က ကနေဒါနိုင်ငံ အသံလွှင့် ကော်ပိုရေးရှင်းကို တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။
Ref : channelnewsasia

0 comments:
Post a Comment