Thursday, January 9, 2020

တရုတ်နိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ စစ်သင်္ဘောအသစ် ၂ စီး ဘင်္ဂလားဒေ့ရှ်ရေတပ်ကိုရောက်ရှိ

Image may contain: ocean, water and outdoor

တရုတ်နိုင်ငံမှာ တည်ဆောက်ပြီးစီးခဲ့တဲ့ စစ်သင်္ဘော ၂ စီးကို ဘင်္ဂလားဒေ့ရှ်ရေတပ်သို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ခွာလာရာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘဂါဟက် မှာရှိတဲ့ မောင်ဂလာရေတပ်စခန်းဌာနချုပ်ကို ရောက်ရှိခဲ့ပါတယ်။ Omar Faruk နဲ့ Abu Ubaidah တို့ပဲဖြစ်ပါတယ်။

စစ်သင်္ဘော ၂ စီး မောင်ဂလာရေတပ်စခန်းဌာနချုပ်ကို ရောက်ရှိတဲ့အခါ ကြိုဆိုပွဲအခမ်းအနားကို ခူလ်နာရေတပ်စခန်းဌာနချုပ်အကြီးအကဲ Khulna Naval Zone Commander Rear Admiral Mohammad Musa နဲ့အတူ ရေတပ်အကြီးအကဲတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ ရေတပ်သားတွေ တက်ရောက်ခဲ့ပါတယ်။
စစ်သင်္ဘောတစ်စီးချင်းစီအလိုက် အလျား ၁၁၂ မီတာ၊ အကျယ် ၁၂.၄ မီတာရှိပြီး အမြန်နှုန်း တစ်နာရီကို ရေမိုင် ၂၄ မိုင်နှုန်းနဲ့ ခုတ်မောင်းနိုင်မှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ရေတပ်ကို လွှဲပြောင်းပေးအပ်တဲ့အခမ်းအနားကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာရှိတဲ့ သင်္ဘောကျင်းမှာ ပြုလုပ်ခဲ့ပါတယ်။ သတင်းအကျဉ်းကို ယခင်ရက်တွေမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
Source - dhakatribune.com
<zawgyi>
တရုတ်နိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ စစ်သင်္ဘောအသစ် ၂ စီး ဘင်္ဂလားဒေ့ရှ်ရေတပ်ကိုရောက်ရှိ
Friday , January 10 , 2020

တရုတ်နိုင်ငံမှာ တည်ဆောက်ပြီးစီးခဲ့တဲ့ စစ်သင်္ဘော ၂ စီးကို ဘင်္ဂလားဒေ့ရှ်ရေတပ်သို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ခွာလာရာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘဂါဟက် မှာရှိတဲ့ မောင်ဂလာရေတပ်စခန်းဌာနချုပ်ကို ရောက်ရှိခဲ့ပါတယ်။ Omar Faruk နဲ့ Abu Ubaidah တို့ပဲဖြစ်ပါတယ်။
စစ်သင်္ဘော ၂ စီး မောင်ဂလာရေတပ်စခန်းဌာနချုပ်ကို ရောက်ရှိတဲ့အခါ ကြိုဆိုပွဲအခမ်းအနားကို ခူလ်နာရေတပ်စခန်းဌာနချုပ်အကြီးအကဲ Khulna Naval Zone Commander Rear Admiral Mohammad Musa နဲ့အတူ ရေတပ်အကြီးအကဲတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ ရေတပ်သားတွေ တက်ရောက်ခဲ့ပါတယ်။
စစ်သင်္ဘောတစ်စီးချင်းစီအလိုက် အလျား ၁၁၂ မီတာ၊ အကျယ် ၁၂.၄ မီတာရှိပြီး အမြန်နှုန်း တစ်နာရီကို ရေမိုင် ၂၄ မိုင်နှုန်းနဲ့ ခုတ်မောင်းနိုင်မှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ရေတပ်ကို လွှဲပြောင်းပေးအပ်တဲ့အခမ်းအနားကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာရှိတဲ့ သင်္ဘောကျင်းမှာ ပြုလုပ်ခဲ့ပါတယ်။ သတင်းအကျဉ်းကို ယခင်ရက်တွေမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
Source - dhakatribune.com

0 comments:

Post a Comment