Thursday, January 9, 2020

ယူကရိန်းလေယာဉ်ပျက်ကျမှု ဒုံးကျည်ဖြင့် အပစ်ခံရဟု ကနေဒါအစိုးရ ပြော

Image may contain: 1 person, suit

အီရန်နိုင်ငံမှာ ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းက လေယာဉ်တစ်စီး ပျက်ကျခဲ့မှုဟာ ဒုံးကျည်နဲ့ အပစ်ခံရတာကြောင့်လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက အခုလ (၉) ရက်နေ့မှာ ပြောပါတယ်။ ဩစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင်ကလည်း အဲ့ဒီလို ပြောခဲ့ပါတယ်။ ပျက်ကျသွားတဲ့ လေယာဉ်မှာ ကနေဒါ နိုင်ငံသား (၆၃) ဦး အပါအဝင် လူ (၁၇၆) ဦး လိုက်ပါသွားပြီး အားလုံး သေဆုံး ခဲ့တာပါ။

လေယာဉ်ကို ဒုံးကျည်နဲ့ ပစ်ချခဲ့ဖွယ်ရှိတယ်ဆိုတာကို စုံစမ်း စစ်ဆေးဖို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီးကို တောင်းဆိုခဲ့ပါတယ်။
source - Reuters
<zawgyi>
ယူကရိန်းလေယာဉ်ပျက်ကျမှု ဒုံးကျည်ဖြင့် အပစ်ခံရဟု ကနေဒါအစိုးရ ပြော
Friday , January 10 , 2020

အီရန်နိုင်ငံမှာ ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းက လေယာဉ်တစ်စီး ပျက်ကျခဲ့မှုဟာ ဒုံးကျည်နဲ့ အပစ်ခံရတာကြောင့်လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက အခုလ (၉) ရက်နေ့မှာ ပြောပါတယ်။ ဩစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင်ကလည်း အဲ့ဒီလို ပြောခဲ့ပါတယ်။ ပျက်ကျသွားတဲ့ လေယာဉ်မှာ ကနေဒါ နိုင်ငံသား (၆၃) ဦး အပါအဝင် လူ (၁၇၆) ဦး လိုက်ပါသွားပြီး အားလုံး သေဆုံး ခဲ့တာပါ။
လေယာဉ်ကို ဒုံးကျည်နဲ့ ပစ်ချခဲ့ဖွယ်ရှိတယ်ဆိုတာကို စုံစမ်း စစ်ဆေးဖို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီးကို တောင်းဆိုခဲ့ပါတယ်။
source - Reuters

0 comments:

Post a Comment