Saturday, January 11, 2020

ဘင်္ဂါလီဒုက္ခသည်များ ၂၀၂၀ တွင် ပြန်လာစရာအကြောင်းမရှိဟု လဝကဝန်ကြီးဟောင်း ဦးခင်ရီ ဆို

Image may contain: 1 person, sitting and indoor

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ သွားရောက်ခိုလှုံနေသည့် ဘင်္ဂါလီဒုက္ခသည်များ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ပြန်လာစရာအကြောင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဂန္ဓာမာကုန်တိုက်တွင် ယနေ့ ဇန်နဝါရီ ၁၁ ရက်ကပြုလုပ်သည့် Past Present 2020 ဆွေးနွေးပွဲတွင် လဝကဝန်ကြီးဟောင်း ဦးခင်ရီကပြောသည်။

“ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အခုနောက်ဆုံးဖြစ်နေတဲ့ဟာက နေရပ်စွန်ခွာတဲ့သူတွေ ဘင်္ဂလားဒေရှ့်ဘက်မှာ ၇ သိန်းခွဲလောက်ရှိတယ်။ ဒါတွေပြန်လည်လက်ခံရေးကိစ္စတွေကို နှစ်နိုင်ငံစကားပြောနေတယ်။ ဝန်ကြီးအဆင့် MOU ထိုးတယ်။ အတွင်းဝန်အဆင့် သဘောတူညီချက် ဒါတွေနဲ့ ပြန်လည်လက်ခံဖို့လုပ်နေတယ်။ အဲဒီကိစ္စ ၂၀၂၀ မှာ ဘာမှမဖြစ်သေးဘူး။ ပြန်လာစရာအကြောင်းမရှိဘူးလို့ ကျွန်တော်ကသုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တောင်းဆိုချက်တွေဟာ အချုပ်ခြာအာဏာပိုင်တဲ့နိုင်ငံတခု မလိုက်လျောနိုင်စရာတွေပဲ။” ဟု ဦးခင်ရီကပြောသည်။
ယင်းအပြင် ၂၀၂၀ တွင် နိုင်ငံတကာဖိအားများ လျော့နည်းသွားနိုင်ချေမရှိဘဲ ပိုမိုများပြားလာနိုင်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ AA လက်နက်ကိုင်တပ်ဖွဲ့သည်လည်း ၎င်းတို့၏လုပ်ငန်းကို ၂၀၂၀တွင် စတင်မည်ဟုကြေညာထားသည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ အစိုးရအနေဖြင့် သေချာကိုင်တွယ်ရမည်ဖြစ်ကြောင်း၊ မိမိတို့ကာလတုန်းက နယ်စပ်ဒေသစီမံချက်တခုရေးဆွဲပြီး ခိုးဝင်သည့်သူများ နိုင်ငံအတွင်းသို့ခိုးမဝင်လာအောင် ခြံစည်းရိုးကို ယခင်အစိုးရလက်ထက်က ကာခဲ့ပြီး ယင်းခြံစည်းရိုးသည် အမှန်တကယ်ခိုင်ခံမှုရှိသည်ဟု မိမိလဝကဝန်ကြီးလုပ်သည့်အချိန်က သမ္မတကြီးထံတင်ပြခဲ့ကြောင်း၊ ယခုအချိန်ထိ နယ်စပ်ခြံစည်းရိုးကိုကျော်ပါက ပစ်ရန်အမိန့်မရှိသေးကြောင်း အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် ဝန်ကြီးဟောင်းကထည့်သွင်းဖြေကြားခဲ့သည်။
Source- newswatch #Myanmar_Online_News

<zawgyi>
ဘင်္ဂါလီဒုက္ခသည်များ ၂၀၂၀ တွင် ပြန်လာစရာအကြောင်းမရှိဟု လဝကဝန်ကြီးဟောင်း ဦးခင်ရီ ဆို
Saturday,January 11 ,2019

0 comments:

Post a Comment