Saturday, January 11, 2020

လေယာဉ်မှားပစ်မိခြင်းသည် အမေရိကန်၏ ခြိမ်းခြောက်တဲ့ လုပ်ရပ်များကြောင့်ဟု အီရန် ဆို

Image may contain: one or more people, people standing, sky and outdoor

အီရန်အစိုးရပိုင် သတင်းဌာနက ဖော်ပြခဲ့တဲ့ အီရန်သမ္မတ ဟာဆန် ရိုဟာနီရဲ့ ထုတ်ပြန်ချက်မှာတော့ အမေရိကန်ပြည်ထောင်စုက ခြိမ်းခြောက်တဲ့လုပ်ရပ်တွေ လုပ်နေတာကြောင့် အီရန် တော်လှန်ရေးပြည်စောင့်တပ်က ခုလို အမှားအယွင်း လုပ်မိသွားတာပါဆိုပြီး ပြစ်တင်ပြောဆိုထားပါတယ်။

ယူကရိန်း ခရီးသည်တင်လေယာဉ်ကို တီဟီရန်မြို့ အပြင်ဘက်မှာ အီရန်စစ်တပ်က မှားယွင်းပစ်ချခဲ့တာဖြစ်ကြောင်း အီရန်က ဝန်ခံလိုက်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လေယာဉ်ပေါ်ပါ လူ ၁၇၆ ယောက်စလုံး သေဆုံးခဲ့တာပါ။
အီရန်တပ်မှူး Qassem Soleimani ကို သုတ်သင်သတ်ဖြတ်ပြီး အီရန်ရဲ့ အချုပ်အခြာအာဏာကိုပါ အမေရိကန်က ခြိမ်းခြောက်ရန်စနေတဲ့ အချိန်မှာ ကိုယ့်တိုင်းပြည်ကို အပြည့်အဝ ကာကွယ်ဖို့ ပြင်ဆင်ထားတဲ့ အီရန်တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ ကြီးမားတဲ့ မှားယွင်းလုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရပါတယ်လို့ သမ္မတ ရိုဟာနီရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီလို အီရန်က ယူကရိန်း ခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့တဲ့အတွက် လေယာဉ်ပေါ်ပါ လူ ၁၇၆ ယောက်စလုံး သေဆုံးခဲ့ရတဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အီရန်ဘက်က အပြည့်အဝ ဝန်ခံဖို့ မျှော်လင့်ပါတယ်လို့ ယူကရိန်းသမ္မတက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
အီရန်ကိုရောက်နေတဲ့ ယူကရိန်းဆိုင်ရာ ကျွမ်းကျင်သူတွေကိုတော့ အီရန်က အပြည့်အဝ ပူးပေါင်းကူညီနေပြီး အခင်းဖြစ်တဲ့နေရာကို သွားခွွင့်ရသလို လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကိုပါ ရထားတာပါ။
လေယာဉ်မှူးနဲ့ လေဆိပ်ထိန်းချုပ်ရေးစခန်းက တာဝန်ရှိသူတွေ အပြန်အလှန် ပြောဆိုထားတဲ့ မှတ်တမ်းတွေကို အီရန်ရောက်နေတဲ့ သူ့အဖွဲ့တွေ ရထားပါပြီလို့လည်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Vadym Prystaiko က ပြောပါတယ်။
လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့သူတွေထဲမှာ ကနေဒါနိုင်ငံသား အများအပြား ပါဝင်ပြီး ကနေဒါဝန်ကြီးချုပ် Justin Trudeau ကတော့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေအတွက် ပွင့်လင်းမြင်သာပြီး တရားသဖြင့်ဖြစ်အောင် လုပ်ကိုင်ပေးဖို့ တောင်းဆိုထားတာပါ။
ယူကရိန်း ခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချမိကြောင်း ဒီကနေ့ပဲ ဝန်ခံလိုက်တဲ့ တော်လှန်ရေး ပြည်စောင့်တပ် လေကြောင်းဆိုင်ရာ တပ်မှူးကြီးကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လုံးဝ တာဝန်ခံကြောင်းနဲ့ ဘယ်လိုအပြစ်မျိုးကိုမဆို ခံယူဖို့ အဆင်သင့်ရှိပါတယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံကနေ ပြောဆိုခဲ့ပါတယ်။

<zawgyi>
လေယာဉ်မှားပစ်မိခြင်းသည် အမေရိကန်၏ ခြိမ်းခြောက်တဲ့ လုပ်ရပ်များကြောင့်ဟု အီရန် ဆို
Saturday,January 11 ,2019

0 comments:

Post a Comment