Tuesday, January 28, 2020

ဝူဟန် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကြောင့် မူဆယ်နယ်စပ်တွင် ကုန်စည်စီးဆင်းမှု ၉၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်း

Image may contain: one or more people

တရုတ်နိုင်ငံ ဝူဟန်မြို့၌ လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဆယ်နယ်စပ်တွင် ကုန်သွယ်ရေး စီးဆင်းလည်ပတ်မှု ၉၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်းနေကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရသည်။

အဆိုပါရောဂါနှင့် ပတ်သက်၍ မူဆယ်နယ်စပ်တွင် ကျန်းမာရေး စစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်လျက် ရှိသောကြောင့် ကုန်စည် စီးဆင်းမှုများ ရပ်ဆိုင်းခြင်းဖြစ်ကြောင်း အဆိုပါကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ယနေ့တွင် ပြောသည်။
၎င်းက “တရုတ်နှစ်သစ်ကူးက ပြီးခါစပဲရှိသေးသလို ဒီကြားထဲ ကိုရိုနာဗိုင်းရပ်စ် ကိစ္စကြောင့် အဝင်အထွက်တွေတော့ တရားဝင် မပိတ်သေးဘူး။ ဒါပေမယ့် တော်တော်လေးကို စည်းကြပ်ပြီး လုပ်နေတယ်။ ဒါကြောင့် ကုန်သွယ်ရေး စီးဆင်းလည်ပတ်မှုကလည်း ၉၀ ရာခိုင်နှုန်းလောက်ကို လုံးဝရပ်သွားပြီ။ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်” ဟု ပြောသည်။
မူဆယ်နယ်စပ်တွင် လက်ရှိ၌ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ နှစ်ဖက် ကျန်းမာရေးဝန်ထမ်းများက အဖျားရှိ၊ မရှိ တိုင်းတာခြင်းနှင့် ချောင်းဆိုးလူနာရှိ၊ မရှိကို စစ်ဆေးနေသည့်အတွက် လူသွားလာမှု နည်းသွားသည်ဟု ဆိုသည်။
ယခုလ ၂၇ ရက်အထိ ကုန်ကားများကို သွားလာခွင့် ပေးထားသော်လည်း တရုတ်ပြည်ဘက်မှ ကုန်သည်များက လာရောက် ဝယ်ယူခြင်း မရှိသည့်အတွက် ကုန်ကားအစီး ၂၀၀ ခန့် ပိတ်မိနေကြောင်း သိရသည်။
“ကုန်ကားတွေကိုတော့ ဒီနေ့ သွားခွင့်ပေးတယ်။ အသီးသမားတွေဆိုရင် တရုတ်ပြည်က အသီးသမားတွေ လာမဝယ်တော့ဘူး။ ဒီဘက်ကို လာဝယ်တဲ့သူ မရှိတဲ့အတွက် ဒီနေ့ ကားတွေ အစီး ၂၀၀ လောက် ပိတ်မိနေတယ်။ အရင်က မနက်ခင်း ၈ နာရီလောက်ဆို အရောင်းအဝယ်ဖြစ်ပြီ၊ ဒီမနက် တစ်ယောက်မှ လာမဝယ်ဘူး။ မဝယ်တော့ ဖရဲသီးတွေက ကားပေါ်မှာပဲ ရှိသေးတယ်၊ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ်။ ဖရဲသီးဆိုတာမျိုးက ၂ ရက် ၃ ရက် ကားပေါ်ထားရင် ကားသမားကလဲ လက်ခံမှာမဟုတ်ဘူး။ လျှော့စျေးနဲ့ရောင်းရင်ရောင်း၊ မရောင်းရင်လည်း လွှင့်ပြစ်ရုံပဲဘရှိတော့တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယင်းကဲ့သို့ ပိတ်မိနေသည့် ကားအစီးရေ ၂၀၀ ထဲတွင် ဖရဲသီးများ တင်ဆောင်လာသည့် ကားက ၉၀ ရာခိုင်းနှုန်းခန့်ရှိပြီး သခွားမွှေးကားများလည်း ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံဘက်က ကုန်စည် ဝင်ရောက်မှု လက်ခံလျက်ရှိပြီး ရွှေလီဘက်တွင် ကုန်စည်များကို အကန့်အသတ်ဖြင့် သွားခွင့်ပြုကြောင်း ၎င်းက ပြောသည်။
“တရုတ်ဘက်က အဝင်တော့ခံပေမယ့် လာဝယ်တဲ့ သူတွေက စိုးရိမ်နေတယ်။ ဝယ်ပြီး ရွှေလီ ရောက်ခါနီးမှ ရွှေလီကနေ မထွက်ရဘူး။ မသွားရဘူးဆိုရင် တော်တော်လေး ပြဿနာတက်မယ်ဆိုပြီး သူတို့က မဝယ်ရဲတာ။ ရွှေလီဘက်မှာတော့ အဝင်အထွက်တော့ ရှိပါသေးတယ်။ အကန့်အသက်လေးတွနဲ့ သွားလို့ရတာကို စစ်ဆေးပြီး သွားခွင့်ပြုတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ မူဆယ်နယ်စပ်တွင် တရုတ်နှစ်သစ်ကူး ပွဲတော်ကြောင့် လာရောက် ဝယ်ယူသူ မရှိသဖြင့် ဆန်၊ သကြားနှင့် ပြောင်း တင်ပို့မှုကို လုံးဝ ရပ်နားထားပြီး ယခင်နှစ်များက ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပြန်ဖွင့်သော်လည်း ယခုနှစ်တွင် အဆိုပါရောဂါ တားဆီးထားသည့်အတွက် ပြန်လည် ဖွင့်လှစ်မည့်ရက်ကို ပြောကြား၍ မရနိုင်သေးကြောင်း သိရသည်။
Image may contain: outdoor
Source : Myitphyar_Irra #Myanmar_Online_News
>>Zawgyi<<
ဝူဟန် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကြောင့် မူဆယ်နယ်စပ်တွင် ကုန်စည်စီးဆင်းမှု ၉၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်း
Tuesday, January 28 , 2020

0 comments:

Post a Comment