Tuesday, January 28, 2020

ရန်ကုန် - ကိုကိုးကျွန်းခရီးစဉ်ကို ပထမဆုံးအကြိမ် သွားရောက်ခဲ့သော သဟာပတိရေယာဉ် သာကေတဆိပ်ခံတံတားသို့ ပြန်လည်ဆိုက်ကပ်

Image may contain: sky and outdoorImage may contain: ocean, outdoor and water

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ စီစဉ်မှုဖြင့် ပထမဆုံးအကြိမ် ရန်ကုန် - ကိုကိုးကျွန်း ရေလမ်းခရီးစဉ်ကို သွားရောက်ခဲ့သော သဟာပတိရေယာဉ်သည် ယနေ့ နံနက် ၆ နာရီတွင် ရန်ကုန်မြို့ သာကေတမြို့နယ် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတားသို့ ပြန်လည် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်-ကိုကိုးကျွန်း ရေလမ်းခရီးစဉ် အဆင်ပြေစွာ သွားရောက်နိုင်ခဲ့မှုနှင့်ပတ်သက်၍ YRTA တွဲဖက်အတွင်းရေးမှူး ဉီးလှအောင်က “ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ကျွန်းမှာနေတဲ့ ပြည်သူလူထုအတွက် အထောက်အကူပြုဖို့ ဝန်ထမ်းတွေ အထောက်အကူပြုဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းမှုတစ်ခုပါ။ အသွားတုန်းကလည်း ဟိုမှာ ဆောက်လုပ်မယ့် ပစ္စည်းတွေ ပို့နိုင်သလို အခုအပြန်မှာလည်း ဒေသထွက်ကုန်တွေကို သယ်ဆောင်ပေးနိုင်ခဲ့တယ်။ ဒီအတွက် ကျွန်တော်တို့အနေနဲ့ မိမိဆောင်ရွက်ချင်တဲ့ လုပ်ငန်းကိုအောင်မြင်အောင် ဆောင်ရွက်နိုင်တာတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ပထမအခေါက်ဖြစ်တော့ စိတ်ပူပန်မှုတော့ ရှိခဲ့ပါတယ်” ဟု ပြောကြားသည်။
သဟာပတိရေယာဉ်သည် ကိုကိုးကျွန်းမှ ရန်ကုန်သို့ အပြန်ခရီးစဉ်အတွင်း ခရီးသည် ၃၆ ဉီးနှင့် ဒေသထွက် ကုန် ၅ တန်ခန့် ပြန်လည်သယ်ဆောင်ခဲ့ကြောင်း သိရသည်။ ရေယာဉ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ထွက်ခွာရန် မူလကသတ်မှတ်ထားသော်လည်း ကုန်အတင်အချ ပြုလုပ်ရာတွင် အခက်အခဲအနည်းငယ် ရှိခဲ့သောကြောင့် ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။
သဟာပတိရေယာဉ်မှူး ဉီးအေးဝင်းက ခရီးစဉ်နှင့်ပတ်သက်၍ “သွားရလာရတာ အဆင်ပြေပါတယ်။ ဘာမှ ပြဿနာ ထူးထူးထွေထွေ မရှိပါဘူး။ လှိုင်းကတော့ နည်းနည်းရှိတာပေါ့။ သိပ်ဆိုးဆိုးဝါးဝါးကြီး မဟုတ်ပါဘူး။ ရတနာရေနံစင်နား ရောက်ရင် ကိုကိုးကျွန်းဘက်ချိုးတဲ့အချိန်မှာတော့ နည်းနည်းလှိုင်းရှိပါတယ်။ မိုးရာသီဆို ရင်တော့ ဒီအတိုင်းထွက်လို့ မရဘူး။ မိုးလေဝသကြည့်ပြီး သွားရမှာပေါ့” ဟု ပြောကြားသည်။
သဟာပတိ ရေယာဉ်သည် ရေဆန်တွင် တစ်နာရီလျှင်ရေမိုင် ၆ မိုင်နှုန်းခန့်အထိ မောင်းနှင်နိုင်ပြီး ရေစုန်တွင် ရေမိုင် ၉ မိုင်ခန့် မောင်းနှင်နိုင်ကြောင်း သိရသည်။ ကိုကိုးကျွန်း- ရန်ကုန်ခရီးစဉ်မှာ ရေမိုင် ၂၆၀ ခန့်ရှိကြောင်း သိရသည်။
Image may contain: outdoor
>>Zawgyi<<
ရန်ကုန် - ကိုကိုးကျွန်းခရီးစဉ်ကို ပထမဆုံးအကြိမ် သွားရောက်ခဲ့သော သဟာပတိရေယာဉ် သာကေတဆိပ်ခံတံတားသို့ ပြန်လည်ဆိုက်ကပ်
Tuesday, January 28 , 2020

Ref : MDN #Myanmar_Online_News

0 comments:

Post a Comment