Monday, January 27, 2020

မအူပင်တက္ကသိုလ်မှာ ကျောင်းသူတစ်ဦး နွားလှည်းယာဉ်ဖြင့် ဘွဲ့လာယူ

Image may contain: 1 person, sitting and outdoorImage may contain: 1 person, hat and outdoor

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင်တက္ကသိုလ်ရဲ့ ဇန်နဝါရီ (၂၆) ရက်က ပြုလုပ်ခဲ့တဲ့ (၁၄) ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားမှာ တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ နွားလှည်းယာဉ်နဲ့ ဘွဲ့လာယူခဲ့ပါတယ်။

နွားလှည်းယာဉ်နဲ့ ဘွဲ့လာယူခဲ့သူ ကျောင်းသူဟာ မအူပင်မြို့နယ်၊ တလုတ်လတ်ကျေးရွာကဖြစ်ပြီး သမိုင်းမေဂျာ ဝိဇ္ဇာဘွဲ့ လာယူတာပဲ ဖြစ်ပါတယ်။
တောင်သူလယ်သမား မိသားစုဖြစ်တာကြောင့် အခုလို နွားလှည်းယာဉ်နဲ့ ဘွဲ့လာယူတာလို့ အဲဒီ သမိုင်းမေဂျာ ဝိဇ္ဇာဘွဲ့ ရရှိသူ မမင်းမင်းခိုင်က အခုလိုပြောပါတယ်။

“အဘိုး၊ အဘွားတွေကလည်း တောင်ယာလုပ်တဲ့အတွက် မြန်မာတောင်သူလယ်သမား သား၊ သမီး ပီပီ လှည်းယာဉ်နဲ့ တက်ချင်လို့ လာရောက်တက်ဖြစ်တာပါ။ စိတ်ထဲမှာပျော်ပါတယ်” လို့ မမင်းမင်းခိုင်က ပြောပါတယ်။
အခုလို နွားလှည်းယာဉ်နဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်တာမျိုးဟာ မအူပင်တက္ကသိုလ်အတွက် ပထမဆုံးအကြိမ် ဖြစ်ပြီး တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် တက္ကသိုလ် ဆရာ၊ ဆရာမတွေကလည်း အမှတ်တရ ဓာတ်ပုံတွေ အတူရိုက်ခဲ့ကြပါတယ်။
အခုလို နွားလှည်းယာဉ်နဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်တာနဲ့ ပတ်သက်ပြီး မအူပင်တက္ကသိုလ်ရဲ့ သမိုင်းဌာန ဌာနမှူး ပါမောက္ခဒေါ်တင်တင်လှ အခုလိုပြောပါတယ်။
“အခုလို မြန်မာ့ရိုးရာယာဉ်ကျေးမှုနဲ့အညီ သမိုင်းဘာသာရပ်လည်း ဖြစ်တဲ့အတွက် ဒီဟာမျိုးလုပ်ခြင်းဟာ အရမ်းကို ဂုဏ်ယူပါတယ်။ ပထမဆုံး အကြိမ်လည်း ဖြစ်တယ်။ သမိုင်းဌာနကလည်း ဖြစ်တယ်။ သမိုင်းတွင်ကျန်ရစ်မှာလည်း ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်” လို့ ပါမောက္ခ ဒေါ်တင်တင်လှ က ပြောပါတယ်။
မအူပင်တက္ကသိုလ်ကို (၂၀၀၃) ခုနှစ်မှာ စတင်ဖွင့်လှစ်တာဖြစ်ပြီး အခု (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဘွဲ့ရရှိသူ ကျောင်းသား၊ ကျောင်းသူ (၂၈၂) ဦး ရှိပါတယ်။
Image may contain: one or more people and outdoor
Image may contain: 5 people, people standing, hat and suit
သတင်း - မောင်ချစ်ဦး(ပန်းတနော်)
<zawgyi>
မအူပင်တက္ကသိုလ်မှာ ကျောင်းသူတစ်ဦး နွားလှည်းယာဉ်ဖြင့် ဘွဲ့လာယူ
Monday, January 27, 2020

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မအူပင်တက္ကသိုလ်ရဲ့ ဇန်နဝါရီ (၂၆) ရက်က ပြုလုပ်ခဲ့တဲ့ (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ နွားလှည်းယာဉ်နဲ့ ဘွဲ့လာယူခဲ့ပါတယ်။
နွားလှည်းယာဉ်နဲ့ ဘွဲ့လာယူခဲ့သူ ကျောင်းသူဟာ မအူပင်မြို့နယ်၊ တလုတ်လတ်ကျေးရွာကဖြစ်ပြီး သမိုင်းမေဂျာ ဝိဇ္ဇာဘွဲ့ လာယူတာပဲ ဖြစ်ပါတယ်။
တောင်သူလယ်သမား မိသားစုဖြစ်တာကြောင့် အခုလို နွားလှည်းယာဉ်နဲ့ ဘွဲ့လာယူတာလို့ အဲဒီ သမိုင်းမေဂျာ ဝိဇ္ဇာဘွဲ့ ရရှိသူ မမင်းမင်းခိုင်က အခုလိုပြောပါတယ်။

“အဘိုး၊ အဘွားတွေကလည်း တောင်ယာလုပ်တဲ့အတွက် မြန်မာတောင်သူလယ်သမား သား၊ သမီး ပီပီ လှည်းယာဉ်နဲ့ တက်ချင်လို့ လာရောက်တက်ဖြစ်တာပါ။ စိတ်ထဲမှာပျော်ပါတယ်” လို့ မမင်းမင်းခိုင်က ပြောပါတယ်။
အခုလို နွားလှည်းယာဉ်နဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်တာမျိုးဟာ မအူပင်တက္ကသိုလ်အတွက် ပထမဆုံးအကြိမ် ဖြစ်ပြီး တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် တက္ကသိုလ် ဆရာ၊ ဆရာမတွေကလည်း အမှတ်တရ ဓာတ်ပုံတွေ အတူရိုက်ခဲ့ကြပါတယ်။
အခုလို နွားလှည်းယာဉ်နဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်တာနဲ့ ပတ်သက်ပြီး မအူပင်တက္ကသိုလ်ရဲ့ သမိုင်းဌာန ဌာနမှူး ပါမောက္ခဒေါ်တင်တင်လှ အခုလိုပြောပါတယ်။
“အခုလို မြန်မာ့ရိုးရာယာဉ်ကျေးမှုနဲ့အညီ သမိုင်းဘာသာရပ်လည်း ဖြစ်တဲ့အတွက် ဒီဟာမျိုးလုပ်ခြင်းဟာ အရမ်းကို ဂုဏ်ယူပါတယ်။ ပထမဆုံး အကြိမ်လည်း ဖြစ်တယ်။ သမိုင်းဌာနကလည်း ဖြစ်တယ်။ သမိုင်းတွင်ကျန်ရစ်မှာလည်း ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်” လို့ ပါမောက္ခ ဒေါ်တင်တင်လှ က ပြောပါတယ်။
မအူပင်တက္ကသိုလ်ကို (၂၀၀၃) ခုနှစ်မှာ စတင်ဖွင့်လှစ်တာဖြစ်ပြီး အခု (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဘွဲ့ရရှိသူ ကျောင်းသား၊ ကျောင်းသူ (၂၈၂) ဦး ရှိပါတယ်။
သတင်း - မောင်ချစ်ဦး(ပန်းတနော်)

0 comments:

Post a Comment