Monday, January 27, 2020

iflix ကို ဖွေးဖွေး တရားစွဲမည်

Image may contain: 1 personImage may contain: 1 person

iflix ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုထားသည့် အနုပညာကြေးများမရရှိကြောင်း သရုပ်ဆောင် ဖွေးဖွေးက ၎င်း၏ဖေ့စ်ဘွတ်ခ် တွင် ဇန်နဝါရီ ၁၈ ရက်က ရေးသားထားသည်။

‘‘ဘယ်တော့မှ ကိုယ့်ကြောင့် လူတွေကို စဒုက္ခမပေးချင်ဘူး။ မထင်ထားတဲ့လူတွေက အဲဒီလို လုပ်တတ်တာလား။ ဒါပေမဲ့ကိုယ်မှန်ရင်တော့ ခေါင်းငုံ့ခံနေလို့လည်း မရပြန်ဘူး။ မြန်မာပြည်က လူတွေကို အဲဒီလိုလာလုပ်လို့ရတာလားဟင်’’ ဟု ဖွေးဖွေး၏ Fan Page စာမျက်နှာ၌ ရေးသားထားခြင်းဖြစ်သည်။ 
ယင်းကိစ္စနှင့်ပတ်သတ်၍ တရားစွဲဆိုဖို့ကိစ္စတွေကိုလည်း ရှေ့နေနဲ့တိုင်ပင်ပြီးမှ လုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

iflix ကုမ္ပဏီက ၎င်းအပါအဝင် မြန်မာနိုင်ငံမှအနုပညာရှင်အများစုကို စာချုပ်ချုပ်ဆိုထားသည့်အတိုင်း အနုပညာကြေး ပေးချေခြင်းမရှိကြောင်း ယင်းပို့စ် အောက်တွင် မှတ်ချက်ရေးသားထားသည်။

‘‘ဖွေးဘာမှ မဖြစ်ပါဘူး။ စိတ်ထားတတ်ပြီးသားပါ။ သူ့ တန်ဖိုးသူသတ်မှတ်တာပါ။ ကိုယ်လည်း ကိုယ့်တန်ဖိုးနဲ့ကိုယ်ပါပဲ။ အေးဆေး၊ တခြားမှန်ကန်ရိုးသားသူတွေနဲ့ အလုပ်တဝကြီးဆက်လုပ်ရဦးမှာမို့။ မြန်မာပြည်မှာ နောက်ထပ် အဲဒီလိုနိုင်ငံခြား company တွေ လူလည်လာမကျနိုင်ဖို့ မြန်မာအချင်းချင်းတော့ စည်းလုံးဖို့လိုပါမယ်’’ ဟု ဖွေးဖွေး က ရေးသားထားသည်။
ဖွေးဖွေးသည် iflix ကုမ္ပဏီ၏ မြန်မာနိုင်ငံသံတမန်အနေဖြင့် ၂၀၁၇ ကတည်းက လက်တွဲလုပ် ဆောင်ခဲ့သည်။
ဇန်နဝါရီ ၄ ရက်ကလည်း ဖွေးဖွေး၏ ကိုယ်ပိုင်အကောင့်တွင် iflix ကို မယုံကြည်ရကြောင်း ရေးသား၍ ဖော်ပြရာ ယင်းပို့စ် အောက်၌ အချို့အနုပညာရှင်များက မေးမြန်းထားသည်။
‘‘ပိုက်ဆံလည်း မပေးဘူး။ ပြန်လည်းမဖြုတ်ဘဲ တင်ထားတယ်။ တစ်နှစ်ခွဲလောက်ရှိပြီထင်တယ်။ ပေးမယ်၊ ပေးမယ်နဲ့မရ တာ။ နောက်ပိုင်းဆက်သွယ်လို့ မရတော့ဘူး’’ဟု iflix က ငွေမပေးဘဲ ဇာတ်ကားများတင်သည့်အကြောင်းကို ထုတ်လုပ်သူတစ်ဦးကပြောသည်။
iflix ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရုံးခန်းမရှိတော့ကြောင်း ယင်းကုမ္ပဏီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။
Source - Phway Phway@ Sunday
>>Zawgyi<<
iflix ကို ဖွေးဖွေး တရားစွဲမည်
Monday, January 27, 2020

iflix ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုထားသည့် အနုပညာကြေး များမရရှိကြောင်း သရုပ်ဆောင် ဖွေးဖွေးက ၎င်း၏ဖေ့စ်ဘွတ်ခ် တွင် ဇန်နဝါရီ ၁၈ ရက်က ရေး သားထားသည်။
‘‘ဘယ်တော့မှ ကိုယ့်ကြောင့် လူတွေကို စဒုက္ခမပေးချင်ဘူး။ မထင်ထားတဲ့လူတွေက အဲဒီလို လုပ်တတ်တာလား။ ဒါပေမဲ့ကိုယ် မှန်ရင်တော့ ခေါင်းငုံ့ခံနေလို့ လည်း မရပြန်ဘူး။ မြန်မာပြည်က လူတွေကို အဲဒီလိုလာလုပ်လို့ရ တာလားဟင်’’ ဟု ဖွေးဖွေး၏ Fan Page စာမျက်နှာ၌ ရေးသား ထားခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သတ်၍ တရားစွဲဆိုဖို့ကိစ္စတွေကိုလည်း ရှေ့နေနဲ့တိုင်ပင်ပြီးမှ လုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
iflix ကုမ္ပဏီက ၎င်းအပါ အဝင် မြန်မာနိုင်ငံမှ အနုပညာရှင် အများစုကို စာချုပ်ချုပ်ဆိုထား သည့်အတိုင်း အနုပညာကြေး ပေးချေခြင်းမရှိကြောင်း ယင်းပို့စ် အောက်တွင် မှတ်ချက်ရေးသား ထားသည်။

‘‘ဖွေးဘာမှ မဖြစ်ပါဘူး။ စိတ်ထားတတ်ပြီးသားပါ။ သူ့ တန်ဖိုးသူသတ်မှတ်တာပါ။ ကိုယ် လည်း ကိုယ့်တန်ဖိုးနဲ့ကိုယ်ပါပဲ။ အေးဆေး၊ တခြားမှန်ကန်ရိုးသား သူတွေနဲ့ အလုပ်တဝကြီးဆက် လုပ်ရဦးမှာမို့။ မြန်မာပြည်မှာ နောက်ထပ် အဲဒီလိုနိုင်ငံခြား company တွေ လူလည်လာ မကျနိုင်ဖို့ မြန်မာအချင်းချင်းတော့ စည်းလုံးဖို့လိုပါမယ်’’ ဟု ဖွေးဖွေး က ရေးသားထားသည်။
ဖွေးဖွေးသည် iflix ကုမ္ပဏီ ၏ မြန်မာနိုင်ငံသံတမန်အနေဖြင့် ၂၀၁၇ ကတည်းက လက်တွဲလုပ် ဆောင်ခဲ့သည်။
ဇန်နဝါရီ ၄ ရက်ကလည်း ဖွေးဖွေး၏ ကိုယ်ပိုင်အကောင့် တွင် iflix ကို မယုံကြည်ရကြောင်း ရေးသား၍ ဖော်ပြရာ ယင်းပို့စ် အောက်၌ အချို့အနုပညာရှင် များက မေးမြန်းထားသည်။
‘‘ပိုက်ဆံလည်း မပေးဘူး။ ပြန်လည်းမဖြုတ်ဘဲ တင်ထား တယ်။ တစ်နှစ်ခွဲလောက်ရှိပြီထင် တယ်။ ပေးမယ်၊ ပေးမယ်နဲ့မရ တာ။ နောက်ပိုင်းဆက်သွယ်လို့ မရတော့ဘူး’’ဟု iflix က ငွေမပေး ဘဲ ဇာတ်ကားများတင်သည့်အ ကြောင်းကို ထုတ်လုပ်သူတစ်ဦး ကပြောသည်။
iflix ကုမ္ပဏီသည် မြန်မာ နိုင်ငံတွင် ရုံးခန်းမရှိတော့ကြောင်း ယင်းကုမ္ပဏီနှင့် နီးစပ်သည့် အ သိုင်းအဝိုင်းမှ စုံစမ်းသိရသည်။
Source - Phway Phway@ Sunday

0 comments:

Post a Comment