Tuesday, January 21, 2020

ရန်ကုန်မှ ကိုကိုးကျွန်းသို့ သင်္ဘော ပြေးဆွဲမှု စတင်

Image may contain: sky, ocean, outdoor and waterImage may contain: one or more people

ယနေ့ ဇန်နဝါရီလ ၂၁ ရက်နံနက်ပိုင်းတွင် ရန်ကုန်မှ ကိုကိုးကျွန်းသို့ သင်္ဘောပြေးဆွဲမှုကိုစတင်သည့်အခမ်းအနားကိုသာကေတမြို့နယ်၊ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း၊ သာကေတဆိပ်ခံတံတားတွင် ပြုလုပ်ခဲ့သည်။

အဆိုပါခရီးစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြေးဆွဲခြင်းဖြစ်ပြီး ကိုကိုးကျွန်း မြို့နယ်‌နေ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ‌ဒေသဖွံ့ဖြိုးရေး ပိုမို‌ဆောင်ရွက်ပေးနိုင်ရန်နှင့် ကိုကိုးကျွန်းသို့ အလည်အပတ်သွားရောက်နိုင်ရန်အတွက်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မှ ကိုကိုးကျွန်းသို့ သင်္ဘောပြေးဆွဲခြင်းကို တစ်လလျှင်တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ပြီး ခရီးစဉ်အသွားအပြန် ( ၆) ရက် ခရီးဖြစ်ကာ ခရီးစဉ်အတွက် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ က ပြေးဆွဲမည့်သင်္ဘော ဝယ်ယူခြင်းမဟုတ်ဘဲ ငှားရမ်းပြေးဆွဲခြင်းသာဖြစ်ကြောင်းသိရသည်။
Image may contain: outdoor
Image may contain: sky, ocean, outdoor and water
Crd : ကောင်းမြတ်ရာ (သတင်း/ဓာတ်ပုံ) #Myanmar_Online_News
>>Zawgyi<<
ရန်ကုန်မှ ကိုကိုးကျွန်းသို့ သင်္ဘော ပြေးဆွဲမှု စတင်
Tuesday , January 21 , 2020

ယနေ့ ဇန်နဝါရီလ ၂၁ ရက်နံနက်ပိုင်းတွင် ရန်ကုန်မှ ကိုကိုးကျွန်းသို့ သင်္ဘောပြေးဆွဲမှုကိုစတင်သည့်အခမ်းအနားကိုသာကေတမြို့နယ်၊ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း၊ သာကေတဆိပ်ခံတံတားတွင် ပြုလုပ်ခဲ့သည်။
အဆိုပါခရီးစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြေးဆွဲခြင်းဖြစ်ပြီး ကိုကိုးကျွန်း မြို့နယ်‌နေ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ‌ဒေသဖွံ့ဖြိုးရေး ပိုမို‌ဆောင်ရွက်ပေးနိုင်ရန်နှင့် ကိုကိုးကျွန်းသို့ အလည်အပတ်သွားရောက်နိုင်ရန်အတွက်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မှ ကိုကိုးကျွန်းသို့ သင်္ဘောပြေးဆွဲခြင်းကို တစ်လလျှင်တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ပြီး ခရီးစဉ်အသွားအပြန် ( ၆) ရက် ခရီးဖြစ်ကာ ခရီးစဉ်အတွက် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ က ပြေးဆွဲမည့်သင်္ဘော ဝယ်ယူခြင်းမဟုတ်ဘဲ ငှားရမ်းပြေးဆွဲခြင်းသာဖြစ်ကြောင်းသိရသည်။
Crd : ကောင်းမြတ်ရာ (သတင်း/ဓာတ်ပုံ) #Myanmar_Online_News

0 comments:

Post a Comment