Tuesday, January 21, 2020

ဖမ်းဆီးခံထားရသော NLD လွှတ်တော်အမတ် ဦးဝှေ့တင်းကို ယနေ့ လွတ်ပေးမည်ဟုAA အဖွဲ့ပြောကြား

Image may contain: 2 people

ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေးတင့်ကို (AA) လက်နက်ကိုင်အဖွဲ့မှ ပြန်လွှတ်ပေးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။

(AA) လက်နက်ကိုင်အဖွဲ့မှ ပြောခွင့်ရှိသူ ခိုင်သုခသို့ ဆက်သွယ်ရာ ယနေ့ လွတ်ပေးရန် အစီအစဉ်ရှိကြောင်းကို အတည်ပြု ပြောကြားသည်။
“ ဟုတ်တယ်။ ဒီကနေ့ လွတ်ပေးဖို့ ရှိသလို ကြေညာချက်လည်း ထုတ်ဖို့ အစီအစဉ်ရှိတယ်။ ကြေညာချက် ထုတ်ပြီးမှဘဲ အသေးစိတ် ပြောနိုင်မယ်။ အခု လောလောဆယ်တော့ မပြောနိုင်သေးဘူး” ဟု ခိုင်သုခမှ မွန်းလွဲ ၂ နာရီခန့်က ပြောကြားသည်။
ဦးဝှေ့တင်းနှင့် အတူ ကျောင်းဆရာတစ်ဦးကို လွတ်ပေးမည်ဟု သိရသည်။
Source : Narinjara
>>Zawgyi<<
ဖမ်းဆီးခံထားရသော NLD လွှတ်တော်အမတ် ဦးဝှေ့တင်းကို ယနေ့ လွတ်ပေးမည်ဟုAA အဖွဲ့ပြောကြား
Tuesday , January 21 , 2020

ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေးတင့်ကို (AA) လက်နက်ကိုင်အဖွဲ့မှ ပြန်လွှတ်ပေးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။
(AA) လက်နက်ကိုင်အဖွဲ့မှ ပြောခွင့်ရှိသူ ခိုင်သုခသို့ ဆက်သွယ်ရာ ယနေ့ လွတ်ပေးရန် အစီအစဉ်ရှိကြောင်းကို အတည်ပြု ပြောကြားသည်။
“ ဟုတ်တယ်။ ဒီကနေ့ လွတ်ပေးဖို့ ရှိသလို ကြေညာချက်လည်း ထုတ်ဖို့ အစီအစဉ်ရှိတယ်။ ကြေညာချက် ထုတ်ပြီးမှဘဲ အသေးစိတ် ပြောနိုင်မယ်။ အခု လောလောဆယ်တော့ မပြောနိုင်သေးဘူး” ဟု ခိုင်သုခမှ မွန်းလွဲ ၂ နာရီခန့်က ပြောကြားသည်။
ဦးဝှေ့တင်းနှင့် အတူ ကျောင်းဆရာတစ်ဦးကို လွတ်ပေးမည်ဟု သိရသည်။
Source : Narinjara

0 comments:

Post a Comment