တရုတ်ပြည်မကြီးဆန့်ကျင်သော ဆန္ဒပြမှုများ ခြောက်လကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ဟောင်ကောင်ရှိ တရုတ်ကိုယ်စားလှယ်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။
တရုတ်အစိုးရ၏ ဟောင်ကောင်ဒေသဆိုင်ရာ ဆက်ဆံရေးရုံး၏ ဒါရိုက်တာ ဝန်ကျီမင်းကို ရာထူးမှထုတ်လိုက်ပြီး ရှန်ဟိုင်းပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး လျိုဟူနင်းကို ယင်းရာထူး ခန့်အပ်လိုက်ကြောင်း သိရှိရသည်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလင်းမှာမူ တရုတ်ပြည်မကြီးမှ ခေါင်းဆောင်ပိုင်း၏ ထောက်ခံမှုကြောင့် ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း မရှိပေ။
ဟောင်ကောင်ပါလီမန်အမတ် ၄၀ ခန့်နှင့် နိုင်ငံ ၁၈ နိုင်ငံမှ ကိုယ်စားလှယ်များက နှစ်သစ်ကူးကာလ၌ ဟောင်ကောင်အုပ်ချုပ်ရေးမှူးထံသို့ အိတ်ဖွင့်ပေးစားရေးသားခဲ့ရာတွင် လက်ရှိအကျပ်အတည်းမှ ထွက်နိုင်မည့် စစ်မှန်သောနည်းလမ်းများ ကြိုးပမ်းရာဖွေရန်နှင့် ဟောင်ကောင်ပြည်သူများ၏ ဝမ်းနည်းပူဆွေးမှုများကို ကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းထားကြောင်း သိရှိရသည်။
<zawgyi>
ဟောင်ကောင်ဒေသ ဆက်ဆံရေးဒါရိုက်တာ ရာထူးမှဖယ်ရှားခံရ
Saturday,January 11 ,2019
တရုတ်ပြည်မကြီးဆန့်ကျင်သော ဆန္ဒပြမှုများ ခြောက်လကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ဟောင်ကောင်ရှိ တရုတ်ကိုယ်စားလှယ်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။
တရုတ်အစိုးရ၏ ဟောင်ကောင်ဒေသဆိုင်ရာ ဆက်ဆံရေးရုံး၏ ဒါရိုက်တာ ဝန်ကျီမင်းကို ရာထူးမှထုတ်လိုက်ပြီး ရှန်ဟိုင်းပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး လျိုဟူနင်းကို ယင်းရာထူး ခန့်အပ်လိုက်ကြောင်း သိရှိရသည်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလင်းမှာမူ တရုတ်ပြည်မကြီးမှ ခေါင်းဆောင်ပိုင်း၏ ထောက်ခံမှုကြောင့် ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း မရှိပေ။
ဟောင်ကောင်ပါလီမန်အမတ် ၄၀ ခန့်နှင့် နိုင်ငံ ၁၈ နိုင်ငံမှ ကိုယ်စားလှယ်များက နှစ်သစ်ကူးကာလ၌ ဟောင်ကောင်အုပ်ချုပ်ရေးမှူးထံသို့ အိတ်ဖွင့်ပေးစားရေးသားခဲ့ရာတွင် လက်ရှိအကျပ်အတည်းမှ ထွက်နိုင်မည့် စစ်မှန်သောနည်းလမ်းများ ကြိုးပမ်းရာဖွေရန်နှင့် ဟောင်ကောင်ပြည်သူများ၏ ဝမ်းနည်းပူဆွေးမှုများကို ကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းထားကြောင်း သိရှိရသည်။
Source-thevoicejournal #Myanmar_Online_News

0 comments:
Post a Comment