Saturday, January 11, 2020

တရုတ်နဲ့ ပါကစ္စတန်ရေတပ်တို့ ရေကြောင်းပူးပေါင်းလေ့ကျင့်ခန်းပြုလုပ်သည့်အတွက် အိန္ဒိယလေယာဉ်တင်သင်္ဘော အာရေဘီယံပင်လယ်မှာ တပ်ဖြန့်

Image may contain: sky, outdoor and waterImage may contain: ocean, water and outdoor

အိန္ဒိယနိုင်ငံက တစ်စီးတည်းသော လေယာဉ်တင်သင်္ဘောကြီး Vikramaditya ဟာ အာရေဘီယံပင်လယ် မြောက်ပိုင်းရေပြင်မှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း တပ်ဖြန့်နေရာယူမှု ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလေယာဉ်တင်သင်္ဘောကြီးနဲ့အတူ အခြားသော အစောင့်လိုက် စစ်ရေယာဉ်များ၊ ရေငုပ်သင်္ဘောများနဲ့ တင်ဆောင်ထားတဲ့ ဝေဟင်အင်အားစုတွေလည်း ပါဝင်ပါတယ်။ အကြောင်းအရာကတော့ တရုတ်နဲ့ ပါကစ္စတန်ရေတပ်တို့ဟာ အာရေဘီယံပင်လယ်ထဲမှာ နှစ်နိုင်ငံရေကြောင်းပူးပေါင်းလေ့ကျင့်ခန်း ဆောင်ရွက်ခဲ့ကြတဲ့အတွက်ဖြစ်ပါတယ်။ အိန္ဒိယလေယာဉ်တင်သင်္ဘောအုပ် နေရာယူထားတဲ့နေရာဟာ ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ဆိပ်ကမ်းနဲ့လည်း နီးကပ်ပါတယ်။ ပါကစ္စတန်ရေတပ်ငုပ်သင်္ဘောလှုပ်ရှားမှုကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း အိန္ဒိယတို့အနေနဲ့ အဲ့ဒီရေပြင်အနီးတစ်ဝိုက်မှာပဲ ထောက်လှမ်းရရှိခဲ့ပါတယ်။
ပါကစ္စတန်နဲ့ တရုတ်တို့ရဲ့ရေတပ်တွေဟာ နှစ်နိုင်ငံရေကြောင်းပူးပေါင်းလေ့ကျင့်ခန်းဖြစ်တဲ့ Sea Guardian 2020 လေ့ကျင့်ခန်းကို အာရေဘီယံပင်လယ်ထဲမှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ပထမပတ်ထဲမှာ ၉ ရက်ကြာ ပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလေ့ကျင့်ခန်းမှာ နှစ်နိုင်ငံရေတပ်တွေဟာ ပူးပေါင်းကင်းလှည့်ခြင်း၊ လေကြောင်းရန်ကာကွယ်ရေး၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး၊ လက်နက်များ လက်တွေ့လေ့ကျင့်ပစ်ခတ်ခြင်းနဲ့ အခြားသော ရေကြောင်းပူးပေါင်းလေ့ကျင့်ခန်းတွေကို ဆောင်ရွက်ကြမှာဖြစ်ပါတယ်။
ရည်ရွယ်ချက်အနေနဲ့ကတော့ ဒေသတွင်း ရေကြောင်းသွားလာမှု လုံခြုံစိတ်ချရမှုရှိစေရေးနဲ့ ရေတပ်ချင်း အတူပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ နားလည်မှုရှိရှိနဲ့ အပြန်အလှန် ဆက်လက်ဆောင်ရွက်သွားနိုင်စေရေးတို့အတွက် ရည်ရွယ်ပြီး မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်မှုမရှိဘူးလို့ ထုတ်ပြန်ကြေငြာထားပါတယ်။ ဒါပေမဲ့လည်း အိန္ဒိယတို့အနေနဲ့ ရေကြောင်းစောင့်ကြည့်ထောက်လှမ်းမှုနဲ့ တပ်အသင့်နေရာယူမှုတို့ကို အသင့်ရှိနေစေရေးအတွက် အခုလိုမျိုး လေ့ကျင့်ခန်းပြုလုပ်တဲ့နေရာနားမှာ တပ်ဖြန့်နေရာချထားခြင်းပဲဖြစ်ပါတယ်။ အိန္ဒိယရဲ့ အခုလေယာဉ်တင်သင်္ဘောကြီးဟာ ဆိုဗီယက်ခေတ်တုန်းက တည်ဆောက်ခဲ့တဲ့ ရုရှားလုပ် လေယာဉ်တင်သင်္ဘောကြီးဖြစ်ပါတယ်။

<zawgyi>
တရုတ်နဲ့ ပါကစ္စတန်ရေတပ်တို့ ရေကြောင်းပူးပေါင်းလေ့ကျင့်ခန်းပြုလုပ်သည့်အတွက် အိန္ဒိယလေယာဉ်တင်သင်္ဘော အာရေဘီယံပင်လယ်မှာ တပ်ဖြန့်
Saturday,January 11 ,2019

Source-nation.com.pk #Myanmar_Online_News #ပင်လယ်ရေကြောင်း

0 comments:

Post a Comment