မြန်မာနိုင်ငံတွင်း တတိယအကြီးဆုံးဖြစ်လာနိုင်သည့် ခေါင်းလောင်းကို ကြေးပိသာချိန် (၁၆၀၀၀)ကျော်ဖြင့် ဇန်နဝါရီ (၉)ရက် ညပိုင်းက ပုသိမ်ကြီးမြို့နယ်၊ တံတိုင်ရှည်ကျေးရွာ၌ စတင်သွန်းလောင်းသည်။
အဆိုပါ ခေါင်းလောင်းကြီး ကြေးသွန်းနိုင်ရန် ကြေးဖို (၂၁)ဖိုဖြင့် အရည်ကျိုခဲ့ပြီး ကြေးသွန်းပညာရှင် (၂၀၀)ကျော်ဖြင့် သွန်းလောင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကြေးခေါင်းလောင်းကြီးအား စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး သီရိသုမနချောင်တွင် ချိတ်ဆွဲထားရှိရန် စစ်ကိုင်းတောင်ရိုး သီရိသုမန မိုးကုတ်ရိပ်သာ ဆရာတော်ကြီးက လှူဒါန်းခြင်း ဖြစ်ပြီး ယခု သွန်းလောင်းသည့် ခေါင်းလောင်းကြီးအား သင်္ကြန်ကာလမတိုင်မီ စစ်ကိုင်းတောင်ရိုးသို့ ပို့ဆောင်မည် ဖြစ်သည်။
သီရိသုမန ခေါင်းလောင်းကြီးဟု ဘွဲ့အမည်ပေးမည့် အဆိုပါ ကြေးခေါင်းလောင်းကြီးသည် အမြင့် (၁၅)ပေနှင့် ခေါင်းလောင်းအဝ အကျယ် (၉)ပေ ရှိမည်ဖြစ်ပြီး စုစုပေါင်း ကုန်ကျစရိတ် ကျပ်သိန်း(၅၀၀၀)ခန့် ရှိကြောင်း ယင်းခေါင်းလောင်းကြီးအား တာဝန်ယူသွန်းလောင်းခဲ့သည့် မန္တလေးမြို့ ရွှေခေါင်းလောင်း ကြေးသွန်းလုပ်ငန်းမှ ကြေးသွန်းပညာရှင် ဦးအောင်သန်းမော်က ပြောသည်။
“ဆရာတော်ကြီးက တရားဟောရာကနေ ရရှိလာတဲ့ ဝတ္ထုငွေများနဲ့ စုဆောင်းပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီဘက်နှစ်တွေမှာ အကြီးဆုံးဖြစ်လာမယ့် ကြေးခေါင်လောင်းကြီးပါ” ဟု ဦးအောင်သန်းမော်က ပြောသည်။
သီရိသုမန ခေါင်းလောင်းသည် စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသရှိ မင်းကွန်းခေါင်းလောင်း (ကြေးပိသာချိန် ၅၅၅၅၅)နှင့် ရွှေတိဂုံစေတီရှိ သာယာဝတီမင်းခေါင်းလောင်း (ကြေးပိသာချိန် ၂၆၀၀၀)တို့ ပြီးလျှင် မြန်မာနိုင်ငံတွင်း တတိယအကြီးဆုံး ကြေးခေါင်းလောင်း ဖြစ်လာဖွယ်ရှိသည်။

Ref ; Mandalay Indepth News
<zawgyi>
မြန်မာတွင် တတိယအကြီးဆုံး ဖြစ်လာနိုင်သည့် ခေါင်းလောင်း ကြေးပိသာချိန် (၁၆၀၀၀)ကျော်ဖြင့် စတင်သွန်းလောင်း
Friday , January 10 , 2020
မြန်မာနိုင်ငံတွင်း တတိယအကြီးဆုံးဖြစ်လာနိုင်သည့် ခေါင်းလောင်းကို ကြေးပိသာချိန် (၁၆၀၀၀)ကျော်ဖြင့် ဇန်နဝါရီ(၉)ရက် ညပိုင်းက ပုသိမ်ကြီးမြို့နယ်၊ တံတိုင်ရှည်ကျေးရွာ၌ စတင်သွန်းလောင်းသည်။
အဆိုပါ ခေါင်းလောင်းကြီး ကြေးသွန်းနိုင်ရန် ကြေးဖို (၂၁)ဖိုဖြင့် အရည်ကျိုခဲ့ပြီး ကြေးသွန်းပညာရှင် (၂၀၀)ကျော်ဖြင့် သွန်းလောင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကြေးခေါင်းလောင်းကြီးအား စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး သီရိသုမနချောင်တွင် ချိတ်ဆွဲထားရှိရန် စစ်ကိုင်းတောင်ရိုး သီရိသုမန မိုးကုတ်ရိပ်သာ ဆရာတော်ကြီးက လှူဒါန်းခြင်း ဖြစ်ပြီး ယခု သွန်းလောင်းသည့် ခေါင်းလောင်းကြီးအား သင်္ကြန်ကာလမတိုင်မီ စစ်ကိုင်းတောင်ရိုးသို့ ပို့ဆောင်မည် ဖြစ်သည်။
သီရိသုမန ခေါင်းလောင်းကြီးဟု ဘွဲ့အမည်ပေးမည့် အဆိုပါ ကြေးခေါင်းလောင်းကြီးသည် အမြင့် (၁၅)ပေနှင့် ခေါင်းလောင်းအဝ အကျယ် (၉)ပေ ရှိမည်ဖြစ်ပြီး စုစုပေါင်း ကုန်ကျစရိတ် ကျပ်သိန်း(၅၀၀၀)ခန့် ရှိကြောင်း ယင်းခေါင်းလောင်းကြီးအား တာဝန်ယူသွန်းလောင်းခဲ့သည့် မန္တလေးမြို့ ရွှေခေါင်းလောင်း ကြေးသွန်းလုပ်ငန်းမှ ကြေးသွန်းပညာရှင် ဦးအောင်သန်းမော်က ပြောသည်။
“ဆရာတော်ကြီးက တရားဟောရာကနေ ရရှိလာတဲ့ ဝတ္ထုငွေများနဲ့ စုဆောင်းပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီဘက်နှစ်တွေမှာ အကြီးဆုံးဖြစ်လာမယ့် ကြေးခေါင်လောင်းကြီးပါ” ဟု ဦးအောင်သန်းမော်က ပြောသည်။
သီရိသုမန ခေါင်းလောင်းသည် စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသရှိ မင်းကွန်းခေါင်းလောင်း (ကြေးပိသာချိန် ၅၅၅၅၅)နှင့် ရွှေတိဂုံစေတီရှိ သာယာဝတီမင်းခေါင်းလောင်း (ကြေးပိသာချိန် ၂၆၀၀၀)တို့ ပြီးလျှင် မြန်မာနိုင်ငံတွင်း တတိယအကြီးဆုံး ကြေးခေါင်းလောင်း ဖြစ်လာဖွယ်ရှိသည်။
Ref ; Mandalay Indepth News

0 comments:
Post a Comment