ကမ္ဘာ့ကုန်သွယ်ရေကြောင်း စီးပွားကူးသန်းသွားလာမှုအနေအထားအရ လောင်စာဆီဖြတ်သန်းစီးဆင်းမှုရဲ့ သုံးပုံနှစ်ပုံဟာ အီရန်နဲ့ အိုမန်နိုင်ငံကြားမှာရှိတဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားပါတယ်။
ဒီလိုဖြတ်သန်းမှုမှာ နေ့စဉ်လိုလို ရေနံစည် သန်းပေါင်း ၁၈ မီလီယံလောက်ရှိပါတယ်။ ဒါကြောင့်မလို့ အခုလို အချက်အခြာကျတဲ့ရေလမ်းကြောင်းကြီးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့နဲ့ ရေကြောင်းကူးသန်းသွားလာမှု လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အိန္ဒိယနဲ့ အီရန်နိုင်ငံတို့ဟာ အတူပူးပေါင်းဆောင်ရွက်ရေးကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးတဲ့အချိန်ဟာလည်း အမေရိကန်နဲ့ အီရန်တို့ စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်နေတာနဲ့ တိုက်ဆိုင်နေပါတယ်။
ရေနံကူးသန်းရောင်းဝယ်ရေးအတွက် ဟော်မုဇ်ရေလက်ကြားဟာ အဓိကကျတဲ့ လမ်းကြောင်းကြီးတစ်ခုဖြစ်ပါတယ်။ အဲ့ဒီရေလမ်းကြောင်းတစ်လျှောက် အဓိကကျတဲ့နိုင်ငံတွေအနေနဲ့ အိုမန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ပါဝင်လျက်ရှိပြီး အာဖဂန်နစ္စတန်နဲ့ တရုတ်တို့ဘက်ကကြည့်မယ်ဆိုရင်လည်း သူတို့ရဲ့ အကျိုးစီးပွားတွေနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ဒါကြောင့်မလို့ အိန္ဒိယဟာ သူ့ရဲ့ စစ်ရေးအဓိကပြိုင်ဆိုင်မှုဖြစ်တဲ့ တရုတ်ကို ထိန်းချုပ်နိုင်ရေးအတွက်လည်း အခုလိုမျိုးဆွေးနွေးခြင်းဖြစ်တယ်လို့ အချို့ကသုံးသပ်ကြပါတယ်။ ဟော်မုဇ်ရေလက်ကြားဟာ ရေမိုင် ၉၀ မိုင်၊ ကီလိုမီတာအားဖြင့် ၁၆၇ ကီလိုမီတာ ရှည်လျားပါတယ်။ အကျယ်အနေနဲ့ ရေမိုင် ၅၂ မိုင်ကနေ ၂၁ မိုင်ထိ ရှိပါတယ်။

<zawgyi>
နေ့စဉ် ရေနံစည် သန်းပေါင်း ၁၈ မီလီယံခန့် ဖြတ်သန်းနေသည့် ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် အိန္ဒိယနဲ့ အီရန်တို့ တွေ့ဆုံဆွေးနွေး
Saturday,January 11 ,2019
ကမ္ဘာ့ကုန်သွယ်ရေကြောင်း စီးပွားကူးသန်းသွားလာမှုအနေအထားအရ လောင်စာဆီဖြတ်သန်းစီးဆင်းမှုရဲ့ သုံးပုံနှစ်ပုံဟာ အီရန်နဲ့ အိုမန်နိုင်ငံကြားမှာရှိတဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားပါတယ်။
ဒီလိုဖြတ်သန်းမှုမှာ နေ့စဉ်လိုလို ရေနံစည် သန်းပေါင်း ၁၈ မီလီယံလောက်ရှိပါတယ်။ ဒါကြောင့်မလို့ အခုလို အချက်အခြာကျတဲ့ရေလမ်းကြောင်းကြီးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့နဲ့ ရေကြောင်းကူးသန်းသွားလာမှု လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အိန္ဒိယနဲ့ အီရန်နိုင်ငံတို့ဟာ အတူပူးပေါင်းဆောင်ရွက်ရေးကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးတဲ့အချိန်ဟာလည်း အမေရိကန်နဲ့ အီရန်တို့ စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်နေတာနဲ့ တိုက်ဆိုင်နေပါတယ်။
ရေနံကူးသန်းရောင်းဝယ်ရေးအတွက် ဟော်မုဇ်ရေလက်ကြားဟာ အဓိကကျတဲ့ လမ်းကြောင်းကြီးတစ်ခုဖြစ်ပါတယ်။ အဲ့ဒီရေလမ်းကြောင်းတစ်လျှောက် အဓိကကျတဲ့နိုင်ငံတွေအနေနဲ့ အိုမန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ပါဝင်လျက်ရှိပြီး အာဖဂန်နစ္စတန်နဲ့ တရုတ်တို့ဘက်ကကြည့်မယ်ဆိုရင်လည်း သူတို့ရဲ့ အကျိုးစီးပွားတွေနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ဒါကြောင့်မလို့ အိန္ဒိယဟာ သူ့ရဲ့ စစ်ရေးအဓိကပြိုင်ဆိုင်မှုဖြစ်တဲ့ တရုတ်ကို ထိန်းချုပ်နိုင်ရေးအတွက်လည်း အခုလိုမျိုးဆွေးနွေးခြင်းဖြစ်တယ်လို့ အချို့ကသုံးသပ်ကြပါတယ်။ ဟော်မုဇ်ရေလက်ကြားဟာ ရေမိုင် ၉၀ မိုင်၊ ကီလိုမီတာအားဖြင့် ၁၆၇ ကီလိုမီတာ ရှည်လျားပါတယ်။ အကျယ်အနေနဲ့ ရေမိုင် ၅၂ မိုင်ကနေ ၂၁ မိုင်ထိ ရှိပါတယ်။
Source- economictimes.com #Myanmar_Online_News #ပင်လယ်ရေကြောင်း

0 comments:
Post a Comment