Sunday, January 12, 2020

အပေါ်ယံ မှာပျော်ချင်ယောင်‌ဆောင်နေပေမဲ့ ရင်ထဲမှာ ပင်ပန်းနေပြီဖြစ်ကြောင်း ပြောလာတဲ့ ဆုအိမ့်စံ

Image may contain: 1 person
အနုပညာရှင်စုံတွဲတွေရဲ့ အချစ်ဆိုတာက လက်ထပ်ပြီးခါမှသာ ဖူးစာဖက် အစစ်လို့ သတ်မှတ်ရ မလိုပါ။ လက်ထပ်ပြီး နောက်ပိုင်းမှာလည်း အခန့်မသင့်ရင် ကွဲသွားကြတဲ့ နာမည်ကြီး အနုပညာရှင်တွေ ရှေ့ပြေးသာဓက ရှိတာမို့ ဒါလည်းပဲ ခန့်မှန်းရ ခက်ပါတယ်။

မြန်မာနိုင်ငံမှာ ပရိသတ်တွေ အားကျရလောက်အောင် အကြီးကြီး ချစ်ခဲ့ပြီးမှ လမ်းခွဲလိုက်တဲ့ စုံတွဲကတော့ သူရိယနဲ့ ဆုအိမ့်စံ ၊ နန်းဆုနဲ့ G-Fatt တို့ က လတ်တလော လူပြောအများဆုံး ဖြစ်နေပါတယ်။
ဆုအိမ့်စံနဲ့ သူရိယတို့ ချစ်သူနှစ်ဦးက တစ်ယောက်မရှိရင် တစ်ယောက် မနေနိုင်လောက်တဲ့ အနေအထားနဲ့ လူသိရှင်ကြား ချစ်ခဲ့ပြီးကာမှ စေ့စပ်ကြောင်းလမ်းမှုကို ယောကျ်ားလေးဘက်က ဖျက်သိမ်းလိုက်တာ ဖြစ်ပါ တယ်။
မိန်းကလေးရှင်အနေနဲ့ ထိခိုက်နစ်နာမှုတွေ ရှိသလို အနုပညာလောကသားမို့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ရလောက်တဲ့ထိ အကြောင်းအရင်းက နှစ်ဦးကြား ရှိထားမယ် ဆိုပေမဲ့ ပရိသတ်ကြီးကတော့ အားမလို အားမရ ဖြစ်ခဲ့ရပါ တယ်။
ဝမ်းနည်းမှုတွေကို ဖြေဖျောက်ဖို့ ဆုအိမ့်စံ တစ်ယောက် အချိန်အတော်လေး ယူခဲ့ရသလို လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေ ပြန်စတင်ပြီး Dancing with the Stars မှာ အကောင်းဆုံး ပါဝင်ထားတာ ဖြစ်ပါတယ်။ အပေါ်ယံမှာ ပျော်ချင်ယောင် ဆောင်ပေမဲ့ ရင်ထဲမှာ ပင်ပန်းနေပြီ ဖြစ်ကြောင်းကိုတော့ ဆုအိမ့်စံက ခုလို ရေးသားထားပါတယ်။“စိတ်ရောလူရောပင်ပန်းနေပြီ…စိတ်ညစ်စရာတွေ အများကြီး ရှိခဲ့ပေမယ့်လည်း..အတတ်နိုင်ဆုံး ပျော်အောင်နေပြီး အရာအားလုံး တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း… ကိုယ့်ဘက်ငှဲ့ကြည့်သူ တယောက်မှ မရှိ ခဲ့ဖူး။
နောက်ဆုံးတော့ သိလိုက်ပါပြီ… ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကိုယ့်အတွက်ကြည့်ပေး ဌဲ့ညာပေးတာဆိုလို့ မေမေနဲ့ဖေဖေပဲရှိတယ်… ကိုယ်ချစ်တဲ့မိဘအတွက် အားတင်းထားပါတယ်. ဆိုပြီး ခံစားချက်အမှန်ကို ပရိသတ်ဆီ ချပြခဲ့တာပါ။အရင်ကထက် ပိုပြီး လှပချောမောနေတဲ့ ဆုအိမ့်စံကို မြင်ရချိန်မှာ ခံစားရသမျှ ဝေဒနာတွေ ပျောက်ကင်းသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်း နာကျင်နေတာကိုတော့ ပရိသတ်တွေက မြင်နိုင်စွမ်း မရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဆုအိမ့်စံတစ်ယောက် အရင်လို ပျော်ရွှင်မှုတွေနဲ့ ပရိသတ်ရှေ့မှောက်မှာ ပြန်လည် ရပ်တည်နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။
Image may contain: 1 person
Image may contain: 1 person
Source : Kyar Nyo #Myanmar_Online_News
<<Zawgyi>>
အပေါ်ယံ မှာပျော် ချင်ယောင်‌ဆောင်နေပေမဲ့ ရင်ထဲမှာ ပင်ပန်းနေ ပြီဖြစ်ကြောင်း ပြောလာတဲ့ ဆုအိမ့်စံ
အ နုပညာရှင်စုံတွဲတွေရဲ့ အချစ်ဆိုတာက လက်ထပ်ပြီးခါမှသာ ဖူးစာဖက် အစစ်လို့ သတ်မှတ်ရ မလိုပါ။ လက်ထပ်ပြီး နောက်ပိုင်းမှာလည်း အခန့်မသင့်ရင် ကွဲသွားကြတဲ့ နာမည်ကြီး အနုပညာရှင်တွေ ရှေ့ပြေးသာဓက ရှိတာမို့ ဒါလည်းပဲ ခန့်မှန်းရ ခက် ပါ တယ်။
မြန်မာနိုင်ငံမှာ ပရိသတ်တွေ အားကျရလောက်အောင် အကြီးကြီး ချစ်ခဲ့ပြီးမှ လမ်းခွဲလိုက်တဲ့ စုံတွဲကတော့ သူရိယနဲ့ ဆုအိမ့်စံ ၊ နန်းဆုနဲ့ G-Fatt တို့ က လတ်တလော လူပြောအများဆုံး ဖြစ်နေပါတယ်။
ဆုအိမ့်စံနဲ့ သူရိယတို့ ချစ်သူနှစ်ဦးက တစ်ယောက်မရှိရင် တစ်ယောက် မနေနိုင်လောက်တဲ့ အနေအထားနဲ့ လူသိရှင်ကြား ချစ်ခဲ့ပြီးကာမှ စေ့စပ်ကြောင်းလမ်းမှုကို ယောကျ်ားလေးဘက်က ဖျက်သိမ်းလိုက်တာ ဖြစ်ပါ တယ်။
မိန်းကလေးရှင်အနေနဲ့ ထိခိုက်နစ်နာမှုတွေ ရှိသလို အနုပညာလောကသားမို့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ရလောက်တဲ့ထိ အကြောင်းအရင်းက နှစ်ဦးကြား ရှိထားမယ် ဆိုပေမဲ့ ပရိသတ်ကြီးကတော့ အားမလို အားမရ ဖြစ်ခဲ့ရပါ တယ်။
ဝမ်းနည်းမှုတွေကို ဖြေဖျောက်ဖို့ ဆုအိမ့်စံ တစ်ယောက် အချိန်အတော်လေး ယူခဲ့ရသလို လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေ ပြန်စတင်ပြီး Dancing with the Stars မှာ အကောင်းဆုံး ပါဝင်ထားတာ ဖြစ်ပါတယ်။ အပေါ်ယံမှာ ပျော်ချင်ယောင် ဆောင်ပေမဲ့ ရင်ထဲမှာ ပင်ပန်းနေပြီ ဖြစ်ကြောင်းကိုတော့ ဆုအိမ့်စံက ခုလို ရေးသားထားပါတယ်။“စိတ်ရောလူရောပင်ပန်းနေပြီ…စိတ်ညစ်စရာတွေ အများကြီး ရှိခဲ့ပေမယ့်လည်း..အတတ်နိုင်ဆုံး ပျော်အောင်နေပြီး အရာအားလုံး တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း… ကိုယ့်ဘက်ငှဲ့ကြည့်သူ တယောက်မှ မရှိ ခဲ့ဖူး။
နောက်ဆုံးတော့ သိလိုက်ပါပြီ… ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကိုယ့်အတွက်ကြည့်ပေး ဌဲ့ညာပေးတာဆိုလို့ မေမေနဲ့ဖေဖေပဲရှိတယ်… ကိုယ်ချစ်တဲ့မိဘအတွက် အားတင်းထားပါတယ်. ဆိုပြီး ခံစားချက်အမှန်ကို ပရိသတ်ဆီ ချပြခဲ့တာပါ။အရင်ကထက် ပိုပြီး လှပချောမောနေတဲ့ ဆုအိမ့်စံကို မြင်ရချိန်မှာ ခံစားရသမျှ ဝေဒနာတွေ ပျောက်ကင်းသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်း နာကျင်နေတာကိုတော့ ပရိသတ်တွေက မြင်နိုင်စွမ်း မရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဆုအိမ့်စံတစ်ယောက် အရင်လို ပျော်ရွှင်မှုတွေနဲ့ ပရိသတ်ရှေ့မှောက်မှာ ပြန်လည် ရပ်တည်နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။
Source : Kyar Nyo #Myanmar_Online_News

0 comments:

Post a Comment