Sunday, January 12, 2020

FIFA Football for Schools Program မြန်မာနိုင်ငံတွင် အမြန်ဆုံးစတင်နိုင်ရေး အတွက် ဝန်ကြီးဌာနများနှင့် MFF ဒုတိယအကြိမ် ဆွေးနွေး

Image may contain: 1 person, sitting, table and indoorImage may contain: 3 people, people sitting and indoor

FIFA Football for Schools Program ယခုလတွင် စတင်နိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)တို့ ဒုတိယအကြိမ် ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက်၊ နေ့လယ် (၁)နာရီက Novotel Max Yangon၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ MFF ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး) ဒေါ်ခင်မာဆွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်မိုးနှင့် ဦးစီးအရာရှိ ဒေါက်တာ ပြည့်ဖြိုးအောင်၊ MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ MNL အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် MNL စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အစီအစဉ်အရ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းတွင် FIFA Football For Schools အစီအစဉ်အား မြန်မာပြည်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအား တင်ပြရှင်းလင်းခဲ့ပြီး နေရာဒေသ ကျားမ လူငယ်မရွေး ဘောလုံး ကစားခွင့် ပိုမိုရရှိရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် MFF တို့ပူးပေါင်းဆောင်ရွက်မည့် စီမံချက်များအား ဆွေးနွေးတင်ပြခဲ့သည်။ MFF အနေဖြင့် ကျောင်းသူ/သား များ၊ ဆရာ ဆရာမများ၊ ကာယနည်းပြနှင့် ဒိုင်လူကြီးများ၊ ပြိုင်ပွဲစီစဉ်ကြီးကြပ်သူများ စသည်တို့အတွက် နည်းစနစ်ပိုင်း ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပြီး လိုအပ်သည့် ကစားကွင်း Stadium နှင့် Facilities အားနည်းချက်ကို တဖြည်းဖြည်း ကူညီ ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ ကျောင်းများ၏ ကာယအချိန်ကို အသုံးချ၍ ဖီဖာ၏ ပရိုဂရမ်များအတိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊မိဘဆရာနှင့် မြို့မိမြို့ဖများ၊ ‌ဒေသအုပ်ချုပ်ရေးပိုင်းနှင့် တာဝန်ရှိသူများ ၊ TFAs အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် FIFA Football For Schools Program နှင့် လူငယ်များဘောလုံး အားကစား ပိုမိုကစားခွင့်ရရှိရေး တို့အတွက် လိုအပ်သည်များကို မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ရာနှုန်းပြည့်ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ MFF မှတင်ပြသည့် Workshop များတွင်လည်း ဌာနတာဝန်ရှိသူများ ပူးပေါင်းပါဝင်ကြမည် ဖြစ်ပြီး MoHS, MoE, MFF အတူတကွ ပူးပေါင်း၍ ရေရှည်အတွက် ရည်မှန်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လမ်းညွှန်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကလည်း ပညာရေး ဝန်ကြီးဌာန အနေဖြင့် လူငယ်ပြိုင်ပွဲများအား MFF နှင့် လက်တွဲဆောင်ရွက်ကျင်းပ လျက်ရှိပါကြောင်း၊ အားကစားအချိန်များ ရေးဆွဲဆောင်ရွက်နေသကဲ့သို့ ပြိုင်ပွဲများ အတွက်အသုံးပြုရမည့် ဘက်ဂျက်ကို လည်း ထည့်သွင်းရေးဆွဲသွားမည် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါဝင်နိုင်ရန် လိုအပ်ပြီး Capacity Building ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း စသဖြင့် ဆွေးနွေးအကြံပြုခဲ့သည်။
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)မှ မြန်မာနိုင်ငံအတွက် ချမှတ်ရေးဆွဲပေးထားသည့် FIFA Football For Schools အခမ်းအနား မြန်မာပြည်တွင် စတင်ခြင်းကို လာမည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းတွင် မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီ မြက်ခင်းတုကွင်းတွင် ကျင်းပသွားမည် ဖြစ်ပြီး အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆက်လက်သတင်း ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။
Image may contain: 2 people, people sitting, people eating, table and indoor
Image may contain: 3 people, people sitting, table, child and indoor
Image may contain: 1 person, sitting and indoor
Image may contain: 3 people, people sitting, table and indoor

Source : Myanmar Football Federation #Myanmar_Online_News
<<Zawgyi>>
FIFA Football for Schools Program မြန်မာနိုင်ငံတွင် အမြန်ဆုံးစတင်နိုင်ရေး အတွက် ဝန်ကြီးဌာနများနှင့် MFF ဒုတိယအကြိမ် ဆွေးနွေး
Sunday , January 12 , 2020

FIFA Football for Schools Program ယခုလတွင် စတင်နိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)တို့ ဒုတိယအကြိမ် ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက်၊ နေ့လယ် (၁)နာရီက Novotel Max Yangon၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ MFF ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး) ဒေါ်ခင်မာဆွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်မိုးနှင့် ဦးစီးအရာရှိ ဒေါက်တာ ပြည့်ဖြိုးအောင်၊ MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ MNL အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် MNL စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အစီအစဉ်အရ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းတွင် FIFA Football For Schools အစီအစဉ်အား မြန်မာပြည်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအား တင်ပြရှင်းလင်းခဲ့ပြီး နေရာဒေသ ကျားမ လူငယ်မရွေး ဘောလုံး ကစားခွင့် ပိုမိုရရှိရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် MFF တို့ပူးပေါင်းဆောင်ရွက်မည့် စီမံချက်များအား ဆွေးနွေးတင်ပြခဲ့သည်။ MFF အနေဖြင့် ကျောင်းသူ/သား များ၊ ဆရာ ဆရာမများ၊ ကာယနည်းပြနှင့် ဒိုင်လူကြီးများ၊ ပြိုင်ပွဲစီစဉ်ကြီးကြပ်သူများ စသည်တို့အတွက် နည်းစနစ်ပိုင်း ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပြီး လိုအပ်သည့် ကစားကွင်း Stadium နှင့် Facilities အားနည်းချက်ကို တဖြည်းဖြည်း ကူညီ ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ ကျောင်းများ၏ ကာယအချိန်ကို အသုံးချ၍ ဖီဖာ၏ ပရိုဂရမ်များအတိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊မိဘဆရာနှင့် မြို့မိမြို့ဖများ၊ ‌ဒေသအုပ်ချုပ်ရေးပိုင်းနှင့် တာဝန်ရှိသူများ ၊ TFAs အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် FIFA Football For Schools Program နှင့် လူငယ်များဘောလုံး အားကစား ပိုမိုကစားခွင့်ရရှိရေး တို့အတွက် လိုအပ်သည်များကို မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ရာနှုန်းပြည့်ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ MFF မှတင်ပြသည့် Workshop များတွင်လည်း ဌာနတာဝန်ရှိသူများ ပူးပေါင်းပါဝင်ကြမည် ဖြစ်ပြီး MoHS, MoE, MFF အတူတကွ ပူးပေါင်း၍ ရေရှည်အတွက် ရည်မှန်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လမ်းညွှန်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကလည်း ပညာရေး ဝန်ကြီးဌာန အနေဖြင့် လူငယ်ပြိုင်ပွဲများအား MFF နှင့် လက်တွဲဆောင်ရွက်ကျင်းပ လျက်ရှိပါကြောင်း၊ အားကစားအချိန်များ ရေးဆွဲဆောင်ရွက်နေသကဲ့သို့ ပြိုင်ပွဲများ အတွက်အသုံးပြုရမည့် ဘက်ဂျက်ကို လည်း ထည့်သွင်းရေးဆွဲသွားမည် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါဝင်နိုင်ရန် လိုအပ်ပြီး Capacity Building ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း စသဖြင့် ဆွေးနွေးအကြံပြုခဲ့သည်။
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)မှ မြန်မာနိုင်ငံအတွက် ချမှတ်ရေးဆွဲပေးထားသည့် FIFA Football For Schools အခမ်းအနား မြန်မာပြည်တွင် စတင်ခြင်းကို လာမည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းတွင် မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီ မြက်ခင်းတုကွင်းတွင် ကျင်းပသွားမည် ဖြစ်ပြီး အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆက်လက်သတင်း ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။
Source : Myanmar Football Federation #Myanmar_Online_News

0 comments:

Post a Comment