Monday, January 27, 2020

မူဆယ်မြို့ တရားဝင်နယ်စပ်ဖြတ်သန်းရေးဂိတ်နှစ်ခုမှာ အပူချိန်လွန်ကဲတဲ့ လူနာ(၂)ဦးတွေ့ရှိ


Image may contain: one or more people and outdoor
တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မူဆယ်မြို့ နှစ်နိုင်ငံလူဝင်လူထွက်စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ ဆင်ဖြူဂိတ်နဲ့ မန့်ဝင်ဂိတ် နှစ်ဂိတ်တို့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က အပူချိန်လွန်ကဲ လူနာနှစ်ဦးတွေ့ရှိခဲ့ပြီး မူဆယ်ဆေးရုံမှာတစ်ဦးကို အတွင်းလူနာအဖြစ် စောင့်ကြည့်ကြပ်မက်ကုသနေတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ကျန်းမာ‌ရေးဝန်ထမ်းတွေ နေ့ညမပျက် တရားဝင်နယ်စပ်ဖြတ်သန်းတဲ့ဂိတ်တွေမှာ ဇန်နဝါရီ ၁၅ ရက်နေ့ထဲက စောင့်ကြပ်ကြည့်ရှုနေတာ မနေ့ကထိ အဖျားလွန်လူနာတွေမတွေ့ရှိရပါဘူး၊ ဒီကနေ့မှာတော့ မန့်ဝန်းပေါက်နှင့် ဆင်ဖြူပေါက်က အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ထက်ပိုတဲ့ လူနာနှစ်ဦးတွေ့ရှိရတဲ့အတွက် ဆေးရုံကားနှင့်ခေါ်ဆောင်လာပြီး မူဆယ်ပြည်သူ့ဆေးရုံကြီးမှာ စစ်ဆေးကုသပေးပါတယ်၊ အမျိုးသားတစ်ဦးကိုတော့ ပြင်ပလူနာအနေဖြင့်ကုသပေးခဲ့ပြီး၊ တုတ်ကွေးဆန်တဲ့ လက္ခဏာရှိပြီး ၊ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်နေတဲ့ အမျိုးသမီးကိုတော့ အတွင်းလူနာအဖြစ် မူဆယ်ဆေးရုံမှာ စောင့်ကြည့်ကြပ်မက်ကုသလျက်ရှိပါတယ်”လို့ မူဆယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးဇော်ကပြောပါတယ်

မူဆယ်မြို့နယ်အတွင်းရှိ တရားဝင်လူဝင်လူထွက်စစ်ဆေးရေးဂိတ်များဖြစ်ကြတဲ့ နန်းတော်ဂိတ်မှာ (Thermal Scan)စက်၊ (Non Contact Termomiter) တို့နဲ့ ကူးဆက်ရောဂါပိုးကို စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပြီး မန့်ဝန်းဂိတ်၊ ဆင်ဖြူဂိတ်၊ ကျင့်ဆန်းကျော့ဂိတ်၊ ကြူကုတ်(ပန်ဆိုင်း)ဂိတ် ၊ မန့်ဟီးရိုးမြို့နယ်နဲ့ မုံးကိုးမြို့နယ်တို့မှာ ကူးစက်ရောဂါတွေကို စောင့်ကြပ်ကြည့်ရှုနေတဲ့အချိန်မှာ(Non Contact Termomiter)နဲ့ပဲ ကူးဆက်ရောဂါပိုးကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ရှိနေတဲ့ လူ့စွမ်းအားအရင်းအမြစ်နှင့် စက်ကရိယာများဖြင့် ကူးဆက်ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် တုန့်ပြန်ဆောင်ရွက်မှုအတွက်ပါ ဆောင်ရွက်နေပါတယ်”လို့ မူဆယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးဇော်က ပြောပါတယ်။

အခုလိုတွေ့ရှိခဲ့တဲ့ အဖျားလွန်လူနာတွေဟာ ရွှေလီမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ သူတွေဖြစ်ပြီး တရုတ်နှစ်သစ်ကူးကာလ မြန်မာနိုင်ငံကို ပြန်လာကြတဲ့သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာစတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်(အဆုတ်ရောင်ရောဂါ)ကြောင့် တရုတ်နိုင်ငံက ပြည်နယ် ပေါင်း(၂၉)ခုမှာ သေဆုံးသူတွေနဲ့ ရောဂါပိုးကူးစက်ခံရသူတွေမြင့်တက်‌နေပြီး မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးပြည်နယ်ဖြစ်တဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၁)ယောက်ရှိလာ‌နေပြီလို့ တက်ဟုန်ပြည်ပရေးရာဌာနက ဇန်နဝါရီ(၂၅)ရက်မှာ တရားဝင် သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ထုတ်ပြန်ချက်အရ အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ဖြစ်ပွားသူ တရုတ်နိုင်ငံမှာ ၁၂၉၇ ဦး၊ ဂျပန်မှာ သုံးဦး၊ တောင်ကိုရီးယား မှာ နှစ်ဦး၊ ဗီယက်နမ်မှာ နှစ်ဦး၊ စင်ကာပူမှာ သုံးဦး၊ ဩစတြေးလျမှာ သုံးဦး၊ ထိုင်းမှာ လေးဦး၊ နီပေါမှာ တစ်ဦး၊ အမေရိကန်မှာ နှစ်ဦး၊ ပြင်သစ်မှာ သုံးဦး စုစုပေါင်း အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ဖြစ်ပွားသူ ၁၃၂၀ ရှိတယ်လို့ သိရပါတယ်။
Ref ; voiceofmyanmar
<zawgyi>
မူဆယ်မြို့ တရားဝင်နယ်စပ်ဖြတ်သန်းရေးဂိတ်နှစ်ခုမှာ အပူချိန်လွန်ကဲတဲ့ လူနာ(၂)ဦးတွေ့ရှိ
Monday, January 27, 2020

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မူဆယ်မြို့ နှစ်နိုင်ငံလူဝင်လူထွက်စစ်ေဆးရေးဂိတ်တွေဖြစ်တဲ့ ဆင်ဖြူဂိတ်နဲ့ မန့်ဝင်ဂိတ် နှစ်ဂိတ်တို့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က အပူချိန်လွန်ကဲ လူနာနှစ်ဦးတွေ့ရှိခဲ့ပြီး မူဆယ်ဆေးရုံမှာတစ်ဦးကို အတွင်းလူနာအဖြစ် စောင့်ကြည့်ကြပ်မက်ကုသနေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ကျန်းမာ‌ရေးဝန်ထမ်းတွေ နေ့ညမပျက် တရားဝင်နယ်စပ်ဖြတ်သန်းတဲ့ဂိတ်တွေမှာ ဇန်နဝါရီ ၁၅ ရက်နေ့ထဲက စောင့်ကြပ်ကြည့်ရှုနေတာ မနေ့ကထိ အဖျားလွန်လူနာတွေမတွေ့ရှိရပါဘူး၊ ဒီကနေ့မှာတော့ မန့်ဝန်းပေါက်နှင့် ဆင်ဖြူပေါက်က အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ထက်ပိုတဲ့ လူနာနှစ်ဦးတွေ့ရှိရတဲ့အတွက် ဆေးရုံကားနှင့်ခေါ်ဆောင်လာပြီး မူဆယ်ပြည်သူ့ဆေးရုံကြီးမှာ စစ်ဆေးကုသပေးပါတယ်၊ အမျိုးသားတစ်ဦးကိုတော့ ပြင်ပလူနာအနေဖြင့်ကုသပေးခဲ့ပြီး၊ တုတ်ကွေးဆန်တဲ့ လက္ခဏာရှိပြီး ၊ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်နေတဲ့ အမျိုးသမီးကိုတော့ အတွင်းလူနာအဖြစ် မူဆယ်ဆေးရုံမှာ စောင့်ကြည့်ကြပ်မက်ကုသလျက်ရှိပါတယ်”လို့ မူဆယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးဇော်ကပြောပါတယ်

မူဆယ်မြို့နယ်အတွင်းရှိ တရားဝင်လူဝင်လူထွက်စစ်ဆေးရေးဂိတ်များဖြစ်ကြတဲ့ နန်းတော်ဂိတ်မှာ (Thermal Scan)စက်၊ (Non Contact Termomiter) တို့နဲ့ ကူးဆက်ရောဂါပိုးကို စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပြီး မန့်ဝန်းဂိတ်၊ ဆင်ဖြူဂိတ်၊ ကျင့်ဆန်းကျော့ဂိတ်၊ ကြူကုတ်(ပန်ဆိုင်း)ဂိတ် ၊ မန့်ဟီးရိုးမြို့နယ်နဲ့ မုံးကိုးမြို့နယ်တို့မှာ ကူးစက်ရောဂါတွေကို စောင့်ကြပ်ကြည့်ရှုနေတဲ့အချိန်မှာ(Non Contact Termomiter)နဲ့ပဲ ကူးဆက်ရောဂါပိုးကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ရှိနေတဲ့ လူ့စွမ်းအားအရင်းအမြစ်နှင့် စက်ကရိယာများဖြင့် ကူးဆက်ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် တုန့်ပြန်ဆောင်ရွက်မှုအတွက်ပါ ဆောင်ရွက်နေပါတယ်”လို့ မူဆယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးဇော်က ပြောပါတယ်။

အခုလိုတွေ့ရှိခဲ့တဲ့ အဖျားလွန်လူနာတွေဟာ ရွှေလီမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ သူတွေဖြစ်ပြီး တရုတ်နှစ်သစ်ကူးကာလ မြန်မာနိုင်ငံကို ပြန်လာကြတဲ့သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာစတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်(အဆုတ်ေရာင်ရောဂါ)ကြောင့် တရုတ်နိုင်ငံက ပြည်နယ် ပေါင်း(၂၉)ခုမှာ သေဆုံးသူတွေနဲ့ ရောဂါပိုးကူးစက်ခံရသူတွေမြင့်တက်‌နေပြီး မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးပြည်နယ်ဖြစ်တဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၁)ယောက်ရှိလာ‌နေပြီလို့ တက်ဟုန်ပြည်ပရေးရာဌာနက ဇန်နဝါရီ(၂၅)ရက်မှာ တရားဝင် သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ္။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ထုတ်ပြန်ချက်အရ အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ဖြစ်ပွားသူ တရုတ်နိုင်ငံမှာ ၁၂၉၇ ဦး၊ ဂျပန်မှာ သုံးဦး၊ တောင်ကိုရီးယား မှာ နှစ်ဦး၊ ဗီယက်နမ်မှာ နှစ်ဦး၊ စင်ကာပူမှာ သုံးဦး၊ ဩစတြေးလျမှာ သုံးဦး၊ ထိုင်းမှာ လေးဦး၊ နီပေါမှာ တစ်ဦး၊ အမေရိကန်မှာ နှစ်ဦး၊ ပြင်သစ်မှာ သုံးဦး စုစုပေါင်း အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ဖြစ်ပွားသူ ၁၃၂၀ ရှိတယ်လို့ သိရပါတယ်။
Ref ; voiceofmyanmar

0 comments:

Post a Comment