Monday, January 27, 2020

NLD ပါတီရုံး အပါအဝင် လူနေအိမ်များ ဥယျာဉ်ခြံမြေအတွင်း ဝင်ရောက်ကျူးနေသည်ကို မဖြေရှင်းပေးပါက နေပြည်တော်အထိ တက်ရောက်ဆန္ဒထုတ်ဖော်မည်

Image may contain: outdoor

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် ယနေ့၊ နံနက်ပိုင်းက မုန်ဒိန်ရပ်ကွက်နေ ဦးအားဖူ(ခ)ဦးငွားတားသည် ၎င်းပိုင် ဥယျာဉ်ခြံမြေအတွင်း မြို့နယ် NLD ရုံး​ အပါအဝင် လူနေအိမ်များ ဝင်ရောက်ကျူးနေသည်ဟုဆိုကာ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့သည်။

တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခြင်းကို ဇန်နဝါရီ ၂၇ရက် နံနက်၁၀နာရီ အချိန်က တနိုင်း တံတားထိပ်မှ စတင်လမ်းလျှောက်ခဲ့ပြီး ဟူးကောင်းခန်းမရှေ့၊ ထို့နောက် NLD ရုံးရှေ့အထိ ဗီနိုင်းကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်။
တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးအားဖူ (ခ)ဦးငွားတားက ၎င်းပိုင်မြေဧက(၉ ဒဿမ၂၀)အကျယ်တွင် လူနေအိမ် ၇၀ကျော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက မြို့နယ်ပါတီရုံတည်ဆောက်နေပြီး မြေယာကျူးကျော်ခံနေမှုကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ဟု ဆိုသည်။
ကျူးကျော်ခံရသည့် မြေယာနှင့်ပတ်သက်၍ အစိုးရမှ စနစ်တကျဖြေရှင်းပေးရန်နှင့် ၎င်း၏မြေယာအပေါ် ရင်းနှီးမြုပ်နှံဆုံးရှုံးထားသည့်အပေါ် နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့ ပြန်လည်ဆောင်ရွက်ပေးမည်ကိုသိရှိစေရန်အတွက် ထုတ်ဖော်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
ဦးငွားတား၏ မြေယာပေါ်တွင် တနိုင်းမြို့နယ် NLDပါတီရုံးတည်ဆောက်ထားမှုနှင့် ပတ်သက်၍ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလင်းလင်းဦးထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက လွှတ်တော်သို့ရောက်ရှိနေသည်ဟုသာ ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တနိုင်းမြို့နယ် မြေစာရင်းဦးစီးမှူး ဦးသန်းတင့်ကိုထံဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက ယခုကဲ့သို့​ ဆိုသည်။
“သူအမှုက ကျွန်တော်တို့ စစ်ဆေးထားတယ်လေ။ အရင်တုန်းကလည်းစစ်ဆေးထားတယ်။” ဟုသာ ၎င်းက ပြန်လည်​ဖြေခဲ့သည်။
ဦးအားဖူ(ခ)ဦးငွားတာက ယင်းကိစ္စနှင့်ပတ်သက်၍ အစိုးရမှပြန်လည်ဖြေရှင်းပေးခြင်းမရှိပါက နေပြည်တော်အထိသွားရောက်ကာ သတင်းစာရှင်းလင်းပွဲဆက်လုပ်သွားမည်ဟု ဆိုသည်။
တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးအားဖူ (ခ)ဦးငွားတား ဆန္ဒထုတ်ဖော်ရာတွင် ကိုင်ဆောင်ခဲ့သည့် ဗီနိုင်းပေါ်တွင် "ကျွန်ုပ်ဥယျာဉ်ခြံမြေ၊ မြေစာရင်းပုံစံ(၁၀၅)(၁၀၆)ရှိတယ်၊ မြေခွန်ပြေစာရှိတယ်၊ ဒါပေမယ့်ကျူးကျော်မှုဖြစ်နေတယ်၊ ဥပဒေကပြောတယ်၊ ကျူးကျော်မှုဖြစ်တယ် ဖယ်ရှားပေးလိုက်။ ကျွန်ုပ်မပြောဘူး ပါးစပ်ပိတ်ထားတယ်၊ ဥပဒေကပြောလိမ့်မယ်၊ ဥပဒေကပြောနေဆဲ ကျူးကျော်မှုဖြစ်နေတယ် ဖယ်ရှားပေးရမယ်၊ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိရဘူး။" ဟု ရေးသားထားသည်။
No photo description available.
Image may contain: outdoor
Image may contain: one or more people, people standing and outdoor
Source - EPN
<zawgyi>
NLD ပါတီရုံး အပါအဝင် လူနေအိမ်များ ဥယျာဉ်ခြံမြေအတွင်း ဝင်ရောက်ကျူးနေသည်ကို မဖြေရှင်းပေးပါက နေပြည်တော်အထိ တက်ရောက်ဆန္ဒထုတ်ဖော်မည်
Monday, January 27, 2020

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် ယနေ့၊ နံနက်ပိုင်းက မုန်ဒိန်ရပ်ကွက်နေ ဦးအားဖူ(ခ)ဦးငွားတားသည် ၎င်းပိုင် ဥယျာဉ်ခြံမြေအတွင်း မြို့နယ် NLD ရုံး အပါအဝင် လူနေအိမ်များ ဝင်ရောက်ကျူးနေသည်ဟုဆိုကာ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့သည်။
တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခြင်းကို ဇန်နဝါရီ ၂၇ရက် နံနက်၁၀နာရီ အချိန်က တနိုင်း တံတားထိပ်မှ စတင်လမ်းလျှောက်ခဲ့ပြီး ဟူးကောင်းခန်းမရှေ့၊ ထို့နောက် NLD ရုံးရှေ့အထိ ဗီနိုင်းကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်။
တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးအားဖူ (ခ)ဦးငွားတားက ၎င်းပိုင်မြေဧက(၉ ဒဿမ၂၀)အကျယ်တွင် လူနေအိမ် ၇၀ကျော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက မြို့နယ်ပါတီရုံတည်ဆောက်နေပြီး မြေယာကျူးကျော်ခံနေမှုကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ဟု ဆိုသည်။
ကျူးကျော်ခံရသည့် မြေယာနှင့်ပတ်သက်၍ အစိုးရမှ စနစ်တကျဖြေရှင်းပေးရန်နှင့် ၎င်း၏မြေယာအပေါ် ရင်းနှီးမြုပ်နှံဆုံးရှုံးထားသည့်အပေါ် နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့ ပြန်လည်ဆောင်ရွက်ပေးမည်ကိုသိရှိစေရန်အတွက် ထုတ်ဖော်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
ဦးငွားတား၏ မြေယာပေါ်တွင် တနိုင်းမြို့နယ် NLDပါတီရုံးတည်ဆောက်ထားမှုနှင့် ပတ်သက်၍ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလင်းလင်းဦးထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက လွှတ်တော်သို့ရောက်ရှိနေသည်ဟုသာ ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တနိုင်းမြို့နယ် မြေစာရင်းဦးစီးမှူး ဦးသန်းတင့်ကိုထံဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက ယခုကဲ့သို့ ဆိုသည်။
“သူအမှုက ကျွန်တော်တို့ စစ်ဆေးထားတယ်လေ။ အရင်တုန်းကလည်းစစ်ဆေးထားတယ်။” ဟုသာ ၎င်းက ပြန်လည်ဖြေခဲ့သည်။
ဦးအားဖူ(ခ)ဦးငွားတာက ယင်းကိစ္စနှင့်ပတ်သက်၍ အစိုးရမှပြန်လည်ဖြေရှင်းပေးခြင်းမရှိပါက နေပြည်တော်အထိသွားရောက်ကာ သတင်းစာရှင်းလင်းပွဲဆက်လုပ်သွားမည်ဟု ဆိုသည်။
တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးအားဖူ (ခ)ဦးငွားတား ဆန္ဒထုတ်ဖော်ရာတွင် ကိုင်ဆောင်ခဲ့သည့် ဗီနိုင်းပေါ်တွင် "ကျွန်ုပ်ဥယျာဉ်ခြံမြေ၊ မြေစာရင်းပုံစံ(၁၀၅)(၁၀၆)ရှိတယ်၊ မြေခွန်ပြေစာရှိတယ်၊ ဒါပေမယ့်ကျူးကျော်မှုဖြစ်နေတယ်၊ ဥပဒေကပြောတယ်၊ ကျူးကျော်မှုဖြစ်တယ် ဖယ်ရှားပေးလိုက်။ ကျွန်ုပ်မပြောဘူး ပါးစပ်ပိတ်ထားတယ်၊ ဥပဒေကပြောလိမ့်မယ်၊ ဥပဒေကပြောနေဆဲ ကျူးကျော်မှုဖြစ်နေတယ် ဖယ်ရှားပေးရမယ်၊ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိရဘူး။" ဟု ရေးသားထားသည်။
Source - EPN

0 comments:

Post a Comment