Tuesday, January 28, 2020

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသားအလုပ်သမား ၃၀၀ ဦးကို ကန်ပိုင်တည်ဂိတ်မှ ယနေ့ပြန်လည်ပို့မည်

Image may contain: one or more peopleImage may contain: bridge and outdoor

ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံ ထိန်ချုံးခရိုင်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၃၀၀ ဦးကို ကချင်ပြည်နယ် ကန်ပိုင်တည်ဂိတ်မှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ယနေ့ပြောသည်။

အဆိုပါ မြန်မာနိုင်ငံသား ၃၀၀ ကို ပို့ဆောင်ရာမှာ ကန်ပိုင်တည်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး သံသယရှိသူများ တွေ့ရှိသူများရှိပါက ယင်းကန်ပိုင်တည်ဂိတ်တွင် ထားရှိ၍ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း လဝက ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။
“ ဂိတ်မှာကျန်းမာရေးစစ်ဆေးမှုတွေလုပ်မယ်။ သံသယရှိတဲ့လူတွေ့ရင် ဂိတ်မှာပဲထားမယ်။ တကယ် လို့အခြေအနေပိုဆိုးတဲ့ လူနာတွေ့ရင်တော့ လူနာတင်ကားနဲ့မြစ်ကြီးနားဆေးရုံကို ပို့ပေးမယ်။ မြစ်ကြီး နားဆေးရုံရောက်ရင်လည်း တခြားလူနာတွေနဲ့မထားဘဲ သီးခြားထားပြီး ကုသပေးသွားမယ်” ဟု ဝန်ကြီးက ပြောသည်။
အဆိုပါ ပြန်ရောက်လာသူများထဲမှ ကျန်းမာရေးကောင်းမွန်ပါက မိမိနေရပ်သို့ ပြန်လည်လွတ်ပေးသွား မည်ဖြစ်ပြီး ၎င်းတို့ နေရပ်လိပ်စာအပြည့်အစုံနှင့် ဖုန်းနံပတ်များကို ယူထား၍ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ နှစ်ပတ်သိသိစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဝန်ကြီး က ဆက်လက်ပြောကြားသည်။
ယခုလို တရုတ်ပြည်ရောက် မြန်မာနိုင်ငံသားများကို မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်းသည် တရုတ် နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ခေါ် အဆုတ်ရောင်ရောဂါဖြစ်ပွားနေခြင်းကြောင့်ဖြစ်သည် ဟု သိရသည်။
ကချင်ပြည်နယ်နှင့် အနီးစပ်ဆုံးဖြစ်သည့် တရုတ်နိုင်ငံ ထိန်ချုံးခရိုင် ထိန်ချုံးမြို့တွင်လည်း လွန်ခဲ့သည့် နှစ်ရက်ခန့်က ယင်းရောဂါကူးစက်သူဟု သံသယရှိသူ တရုတ်နိုင်ငံသားနှစ်ဦးကို စောင့်ကြည့် စစ်ဆေး နေပြီး ယင်းရောဂါကြောင့် ထိန်ချုံးတွင် သေဆုံးသူ တစ်ဦးရှိပြီလို့လည်း သိရသည်။
Image may contain: one or more people, sky, outdoor and nature
Ref : Myitphyar-Irra #Myanmar_Online_News
>>Zawgyi<<
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသားအလုပ်သမား ၃၀၀ ဦးကို ကန်ပိုင်တည်ဂိတ်မှ ယနေ့ပြန်လည်ပို့မည်
Tuesday, January 28 , 2020

ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံ ထိန်ချုံးခရိုင်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၃၀၀ ဦးကို ကချင်ပြည်နယ် ကန်ပိုင်တည်ဂိတ်မှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ယနေ့ပြောသည်။
အဆိုပါ မြန်မာနိုင်ငံသား ၃၀၀ ကို ပို့ဆောင်ရာမှာ ကန်ပိုင်တည်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး သံသယရှိသူများ တွေ့ရှိသူများရှိပါက ယင်းကန်ပိုင်တည်ဂိတ်တွင် ထားရှိ၍ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း လဝက ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။
“ ဂိတ်မှာကျန်းမာရေးစစ်ဆေးမှုတွေလုပ်မယ်။ သံသယရှိတဲ့လူတွေ့ရင် ဂိတ်မှာပဲထားမယ်။ တကယ် လို့အခြေအနေပိုဆိုးတဲ့ လူနာတွေ့ရင်တော့ လူနာတင်ကားနဲ့မြစ်ကြီးနားဆေးရုံကို ပို့ပေးမယ်။ မြစ်ကြီး နားဆေးရုံရောက်ရင်လည်း တခြားလူနာတွေနဲ့မထားဘဲ သီးခြားထားပြီး ကုသပေးသွားမယ်” ဟု ဝန်ကြီးက ပြောသည်။
အဆိုပါ ပြန်ရောက်လာသူများထဲမှ ကျန်းမာရေးကောင်းမွန်ပါက မိမိနေရပ်သို့ ပြန်လည်လွတ်ပေးသွား မည်ဖြစ်ပြီး ၎င်းတို့ နေရပ်လိပ်စာအပြည့်အစုံနှင့် ဖုန်းနံပတ်များကို ယူထား၍ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ နှစ်ပတ်သိသိစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဝန်ကြီး က ဆက်လက်ပြောကြားသည်။
ယခုလို တရုတ်ပြည်ရောက် မြန်မာနိုင်ငံသားများကို မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်းသည် တရုတ် နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ခေါ် အဆုတ်ရောင်ရောဂါဖြစ်ပွားနေခြင်းကြောင့်ဖြစ်သည် ဟု သိရသည်။
ကချင်ပြည်နယ်နှင့် အနီးစပ်ဆုံးဖြစ်သည့် တရုတ်နိုင်ငံ ထိန်ချုံးခရိုင် ထိန်ချုံးမြို့တွင်လည်း လွန်ခဲ့သည့် နှစ်ရက်ခန့်က ယင်းရောဂါကူးစက်သူဟု သံသယရှိသူ တရုတ်နိုင်ငံသားနှစ်ဦးကို စောင့်ကြည့် စစ်ဆေး နေပြီး ယင်းရောဂါကြောင့် ထိန်ချုံးတွင် သေဆုံးသူ တစ်ဦးရှိပြီလို့လည်း သိရသည်။
Ref : Myitphyar-Irra #Myanmar_Online_News

0 comments:

Post a Comment