Tuesday, January 28, 2020

မီးရထားလက်မှတ်များကို လာမည့် ၂၀၂၃-၂၄ ခုနှစ်အတွင်း Online မှ ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း ဒုဝန်ကြီးပြော

Image may contain: 1 person, standingImage may contain: 1 person, outdoor

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း၏ အဆင့်(၂) လုပ်ငန်းများ ပြီးဆုံးမည့် ၂၀၂၃-၂၄ ခုနှစ်အတွင်း ရထားလက်မှတ် များကို ပြည်သူများသို့ Online မှ ရောင်းချပေးနိုင်မည်ဖြစ်ပြီး ရထားလက်မှတ်ဝယ်ယူမည့် ခရီးသည်များအတွက် အချိန်နှင့် တစ်ပြေးညီ မျက်မြင်သိရှိနိုင်မည့် Real-time Information System အသုံးပြုပြီး လွယ်ကူလျှင်မြန်စွာ ဝယ်ယူနိုင်မည့် လက်မှတ်ရောင်းချမှု စနစ်ကို ပြောင်းလဲနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဇန်နဝါရီ ၂၇ ရက်တွင်ပြောသည်။.

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာ ဦးသန်းအောင်စိုးက မီးရထားလက်မှတ်များကို ကားလက်မှတ်များ ရောင်းချသကဲ့သို့ ပြည်သူများ လွယ်ကူစွာ ဝယ်ယူနိုင်ရန်အတွက် Online မှ ရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့မှုအား ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့မီးရထားအနေဖြင့် လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်မည့် Network Server မရှိသည့်အတွက် Online မှ လက်မှတ်ရောင်းချမှုစနစ်ကို မဆောင်ရွက်နိုင်သေးသော်လည်း (၁-၁၀-၂၀၁၉) ခုနှစ်မှ စတင်၍ ဂျပန်နိုင်ငံ ODA ချေးငွေအကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်- မန္တလေး ရထားလမ်း အဆင့်မြှင့် တင်ရေး စီမံကိန်း၏ အဆင့် (၂) လုပ်ငန်းများတွင် ခရီးသည် ဝန်ဆောင်မှုကို မြှင့်တင်နိုင်ရန် ကြိုတင်လက်မှတ်မှာသည့် (Ticket Reservation) စနစ်နှင့် ခရီးသည်ပြန်ကြားရေး (Passenger Infor- mation) စနစ်များ တပ်ဆင်ခြင်းလုပ်ငန်းပါရှိပြီး လုပ်ငန်း အကောင် အထည်ဖော်ရန်အတွက် တင်ဒါစာရွက်စာတမ်းများ ပြုစုပြင်ဆင်လျက် ရှိပြီး ၂၀၂၀-၂၁ ခုနှစ်တွင် တင်ဒါခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
Image may contain: one or more people
Ref : TheLadies #Myanmar_Online-News
>>Zawgyi<<
မီးရထားလက်မှတ်များကို လာမည့် ၂၀၂၃-၂၄ ခုနှစ်အတွင်း Online မှ ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း ဒုဝန်ကြီးပြောကြား
Tuesday, January 28 , 2020

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း၏ အဆင့်(၂) လုပ်ငန်းများ ပြီးဆုံးမည့် ၂၀၂၃-၂၄ ခုနှစ်အတွင်း ရထားလက်မှတ် များကို ပြည်သူများသို့ Online မှ ရောင်းချပေးနိုင်မည်ဖြစ်ပြီး ရထားလက်မှတ်ဝယ်ယူမည့် ခရီးသည်များအတွက် အချိန်နှင့် တစ်ပြေးညီ မျက်မြင်သိရှိနိုင်မည့် Real-time Information System အသုံးပြုပြီး လွယ်ကူလျှင်မြန်စွာ ဝယ်ယူနိုင်မည့် လက်မှတ်ရောင်းချမှု စနစ်ကို ပြောင်းလဲနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဇန်နဝါရီ ၂၇ ရက်တွင်ပြောသည်။.
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာ ဦးသန်းအောင်စိုးက မီးရထားလက်မှတ်များကို ကားလက်မှတ်များ ရောင်းချသကဲ့သို့ ပြည်သူများ လွယ်ကူစွာ ဝယ်ယူနိုင်ရန်အတွက် Online မှ ရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့မှုအား ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့မီးရထားအနေဖြင့် လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်မည့် Network Server မရှိသည့်အတွက် Online မှ လက်မှတ်ရောင်းချမှုစနစ်ကို မဆောင်ရွက်နိုင်သေးသော်လည်း (၁-၁၀-၂၀၁၉) ခုနှစ်မှ စတင်၍ ဂျပန်နိုင်ငံ ODA ချေးငွေအကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်- မန္တလေး ရထားလမ်း အဆင့်မြှင့် တင်ရေး စီမံကိန်း၏ အဆင့် (၂) လုပ်ငန်းများတွင် ခရီးသည် ဝန်ဆောင်မှုကို မြှင့်တင်နိုင်ရန် ကြိုတင်လက်မှတ်မှာသည့် (Ticket Reservation) စနစ်နှင့် ခရီးသည်ပြန်ကြားရေး (Passenger Infor- mation) စနစ်များ တပ်ဆင်ခြင်းလုပ်ငန်းပါရှိပြီး လုပ်ငန်း အကောင် အထည်ဖော်ရန်အတွက် တင်ဒါစာရွက်စာတမ်းများ ပြုစုပြင်ဆင်လျက် ရှိပြီး ၂၀၂၀-၂၁ ခုနှစ်တွင် တင်ဒါခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
Ref : TheLadies #Myanmar_Online-News

0 comments:

Post a Comment